Friday, 18 July 2014

စစ်တွေမြို့နယ်မှ ကျေးတောပိုက်ဆိပ်ကျေးရွာ ရေဘေးဒုက္ခကြောင့်ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့

ရန်ကုန် ဇူလိုင် ၁၇

 ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်အတွင်းရှိ ကျေးတောပိုက်ဆိပ် ကျေးရွာသည် ပင်လယ်ဒီရေတက် ခြင်းကြောင့် ကုန်းတွင်းပိုင်းသို့ ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ခဲ့ရ ကြောင်း စစ်တွေပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်မြ ကျော်က ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
''ကုန်းတွင်းကျတဲ့ဘက်က ဆွေမျိုးတွေဆီမှာ နေရတာရှိတယ်။ ဆွေမျိုးမရှိတဲ့သူတွေက ဘုန်းကြီး ကျောင်းတွေမှာ တက်နေရတယ်'' ဟုဦးအောင်မြကျော်က ပြောသည်။

ရေဘေးသင့်ပြီးပြောင်းရွှေ့ ရသူများ၏ အခြေအနေကို အသေး စိတ်သိရှိနိုင်ရန် ယနေ့လိုက်လံလေ့ လာလျက်ရှိကြောင်း ၄င်းကဆို သည်။
စစ်တွေမြို့နယ် အတွင်း၌ နှစ်စဉ်ဒီရေတက်မှုကြောင့် အခက် အခဲဒုက္ခများကြုံတွေ့ရပြီး ယင်း နှင့် ပတ်သက်၍ လွှတ်တော် တွင်း၌ ဆွေးနွေးတင်ပြခဲ့သော် လည်း ထူးခြားမှုမရှိကြောင်း၊ ရေကာ၊ လှိုင်းကာများ တည် ဆောက်ပေးလျှင် အခက်အခဲ လျော့နည်းမည်ဟု ယူဆကြောင်း ဦးအောင်မြကျော်က ပြောသည်။

ရေဘေးသင့်ပြောင်းရွှေ့ရသူ များ၏ စားဝတ်နေရေးအခြေအနေ များကို လိုက်လံလေ့လာပြီးဆောင် ရွက်ရန်ရှိသည်များကို ဆောင်ရွက် မည်ဟု ဦးအောင်မြကျော်ကဆက် လက်ပြောကြားခဲ့ကာ ကျေးတော ပိုက်ဆိပ်ကျေးရွာသည် အိမ်ခြေ ၃ဝဝကျော်၊ လူဦးရေ ၂ဝဝဝကျော် ရှိကြောင်းသိရသည်။

ယခုလ ၁၅ရက်ကလည်း စစ်တွေမြို့တွင် လေဆင်နှာမောင်း တိုက်သဖြင့် လူ ၁ဝဝဝကျော်လေ ဘေးသင့် ဒုက္ခရောက်ခဲ့ကြောင်း သိရသည်။

အောရမ်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?ref=br_tf

No comments:

Post a Comment