ရန်ကုန်၊ ဇူလိုင် ၁၀
၉.၇.၂၀၁၄ ရက်နေ့ ၁၃၁၅ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့တွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ တောင်ဥက္ကလာပ မြို့နယ်နေ စည်ပင် နေ့စား ၀န်ထမ်း(လမ်းတံတားအဖွဲ့)ဖြစ်သူ ကိုကျော်မင်းအေး (၂၁)နှစ်သည် အဆိုပါဈေးရှေ့၌ ရေမြောင်းမှဆယ်ယူ ထားသောမြေများအား မြေတူးစက်ဖြင့်သယ်ယူစဉ် မြေတူးစက်မှာ လျှပ်စစ်ဓါတ်ကြိုးနှင့် မလွတ်သဖြင့် ကိုကျော်မင်းအေးမှ မြေတူးစက်ပေါ်တက်၍ ဓါတ်ကြိုးအားဖယ်ရှားရာမှ ဓါတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

No comments:
Post a Comment