Thursday, 31 July 2014

လမ်းဘေးတွင် လမ်းလျှောက်နေသူ အမျိုးသားကို ယာဉ်တိုက်မိသဖြင့် သေဆုံး

 ရန်ကုန်၊ ဇူလိုင် ၃၁

၃၀.၇.၂၀၁၄ ရက်နေ့ ၁၈၂၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော ထ/----ဘီအမ်(စက်ရုံဝန်ထမ်း ကြို/ပို့) ယာဉ်သည် မီးခွက်ဈေးအောက် ထိပ်အလွန်အရောက် အရှိန်လွန်ကာ လမ်းဘေး၌ လမ်းလျှောက်နေသော အမည်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)၊ အသက်(၄၀)နှစ်ခန့် အမျိုးသားတစ်ဦး(ပုဆိုးခရမ်းရောင်၊ suturb စာတမ်းပါ စပို့ရှပ်အင်္ကျီ လက်တိုအကြပ်ဝတ်ဆင်ထားပြီး ၀ဲလက်မောင်းတွင် စက်ဝိုင်းအတွင်း ကျားရုပ်
ဆေးမင်ထိုးထားသူ)အား ၀င်ရောက်တိုက်မိပြီးမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်တိုက်ခံရသူတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နှခါင်းပါးစပ်သွေးထွက်၊ ၀ဲပါးရိုးဖူးရောင်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာ ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်၌ သေဆုံး သွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူအား လှိုင်သာယာ မြို့မရဲစခန်း ယာဉ်(ပ) ၁၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment