Thursday, 24 July 2014

ဆွဲကြိုးဖြတ်ယူပြေးသူကို ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးရမိ

ရန်ကုန်၊ ဇူလိုင် ၂၄

၂၄.၇.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မတင်တင်ရီသည် နေအိမ်မှအလုပ်သို့သွားရန်အတွက် ဗိုလ်အောင်ကျော်လမ်းရှိ ကားမှတ်တိုင် သို့ထွက်လာပြီး အမှတ်(၁၈) ရပ်ကွက်ဘက်ခြမ်းရှိ ဆေးဆိုင်၌ဆေးဝယ်ကာ ပိုက်ဆံရှင်းနေစဉ် ၎င်းဝတ်ဆင်ထားသော လော့ကက် သီးပါ ရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုးငွေကျပ်(၅၈၀၀၀၀)ကို အမျိုးသားတစ်ဦးက နောက်ဘက်မှ ဆွဲဖြတ်ယူ ကာထွက်ပြေးသဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိပြည်သူများ
မှ အဆိုပါ အမျိုးသားအား ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် ဆွဲကြိုးဖြတ်ယူပြေးသူမှာ လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်နေ အောင်ကျော်မြင့်၊ (၄၈)နှစ်၊ (ဘ)ဦးအောင်စိန်ဖြစ်ကြောင်းသိရှိရပြီး ၎င်းကို လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်း(ပ)၅၀၅/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၈၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment