Monday, 21 July 2014

ပျားသလက်စားပြီး အော့အန်ကာ ခန္ဓာကိုယ် ပြာနှမ်းသေဆုံး

 မန္တလေး ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်ဆည်တော်ကြီး ဓာတ်အားပေး စက်ရုံမှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ချိုထွေး (၄၈)နှစ်သည် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီက လျှပ်စစ်ဝင်းအတွင်းရှိ 11 KV ဝန်ထမ်း အိမ်ရာ လိုင်းသန့်ရှင်းရေး ပြုလုပ်နေ သော ဝန်ထမ်းများအား သွားရောက် ကြီးကြပ်စဉ် ပျားအုံတစ်အုံတွေ့ရှိ သဖြင့် ဖွတ်ယူ၍ ပျားသလက်စားပြီး နံနက် ၁ဝ နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လာခဲ့ရာ အိမ်သို့ရောက်ရှိစဉ် ရုတ်တရက် အော့အန်ကာ ပါးစပ်မှ အမြှုပ်များထွက်ပြီး ခန္ဓာကိုယ် ပြာနှမ်းလာ၍ ဌာနပိုင်ယာဉ်ဖြင့် မတ္တရာဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။ နယ်မြေ ဆည်တော်ကြီးရဲစခန်းမှ ရဲအုပ် ဝင်းနိုင်နှင့်အဖွဲ့က လာရောက် စစ်ဆေးကာ သေမှုသေခင်းအမှတ်စဉ် (၃/၂ဝ၁၄)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မောင်ပြည်သူ (မန္တလေး)

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment