Monday, 21 July 2014

လမ်းဖြတ်ကူးသူ ကလေးငယ် ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ုကုန်၊ ဇူလိုင် ၂၁

 ၂၀.၇.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း တိုက်ကြီးဘက်မှ မှော်ဘီဘက်သို့ မင်္ဂလာဒုံမြို့နယ်နေ ယာဉ်မောင်း စိုးသီဟ၊ (၂၆)နှစ် မောင်းနှင်လာသော 7E---- တိုယိုတာ လင့်ခရူဇာ ကိုယ်ပိုင်ယာဉ်သည် မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာ၊ ကြက်ခြံကွေ့ အရောက် လမ်းဖြတ်ကူးသူ ကုလားကုန်းကျေးရွာနေ မောင်မျိုးဇော်၊ (၇)နှစ်အား တိုက်မိခဲ့
ပါသည်။

ယာဉ်တိုက်မှုကြောင့် မောင်မျိုးဇော်တွင် နှာခေါင်းရိုးကျိုး၊ ယာချိုစောင်းကွဲ၊ ၀ဲနားထင်နှင့် မေးစေ့တို့၌ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် မှော်ဘီဆေးရုံသို့ပို့အပ်စဉ် သေဆုံး သွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးသီဟအား မှော်ဘီမြို့မ ရဲစခန်း ယာဉ် (ပ)၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


No comments:

Post a Comment