Wednesday, 6 August 2014

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျပိမိ၍ သေဆုံး

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး တောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရသေ့တောင်ခြေမှ ကျိုက်ထီးရိုးသွား လမ်းသစ်၌ မြေပြိုကျသဖြင့် ၎င်းအနီးရှိ တဲတွင်နေထိုင်သော သိန်းစိုး(၃၀)နှစ်နှင့် ဇနီးဖြစ်သူ မကြူကြူသင်း(၂၂)နှစ်တို့(၂)ဦးမှာ မြေကြီးနှင့်အတူ ပါသွားခဲ့သည်။

 အဆိုပါနေရာသို့ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျိုက်ထီးရိုးရင်ပြင် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရင်ပြင်မီးသတ်တပ်ဖွဲ့ ၀င်များက ပူးပေါင်းရှာဖွေခဲ့ရာ ၁၁၄၅ အချိန် တဲပြိုကျသည့်နေရာနှင့် (၅)ပေအနက်ခန့်အကွာတွင် ဦးခေါင်းနှင့် ၀ဲ/ယာနားထင် ချိုင့်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မကြူကြူသင်းကို တွေ့ရှိရပြီး သိန်းစိုးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

No comments:

Post a Comment