Thursday, 21 August 2014

ဓမ္မစေတီခေါင်းလောင်းဟု ယူဆရသောအရာကိုတွေ့ရှိသဖြင့် တူးဖော်မှုများစတင်သော်လည်း ယနေ့လုပ်ငန်းစတင်နိုင်ခြင်းမရှိ

 ဓမ္မစေတီ ခေါင်းလောင်းဟုယူဆ ရသော အရာကို ရေအောက်၌တွေ့ သည်ဟု ရေငုပ်သမားများ၏ပြော ပြချက်အရ လက်ရှိတွင်တွေ့ရှိထား သောနေရာမှ သဲ၊ နုန်းများ စုပ် ထုတ်နေပြီ ဖြစ်သော်လည်း ယနေ့ နံနက် ၉ နာရီတွင် ခေါင်းလောင်း ရှာဖွေတူးဖော်နေသော သောင်တူး စက်များ စက်ချွတ်ယွင်းသွားသော ကြောင့် ဆက်လက်လုပ်ကိုင် နိုင်ခြင်း မရှိကြောင်း သမ္ဗန်သမားများထံမှ စုံစမ်းသိရှိရသည်။

ခေါင်းလောင်းဟုယူဆရသော အရာကို ယခုလ ၁၅ရက် နံနက် ပိုင်းတွင် စတင်စမ်းမိခဲ့ခြင်းဖြစ်ပြီး ယခင်ခေါင်းလောင်း ရှိသည်ဟု ယူဆထားသည့် သင်္ဘောပျက်နှင့် ပေ ၂ဝ ခန့်ဝေးသည့်နေရာဖြစ် ကြောင်း ရေငုပ်သမားများ၏ ပြော ကြားချက်ကို ကိုးကား၍ ၄င်းက ပြောသည်။

''အရင်ကသင်္ဘောအောက်မှာ ရှိတယ်လို့ တွက်ထားပေမယ့် ဒီလ ၁၄ ရက်မှာ နတ်စင်တစ်ရာဆရာ တော်ကြီးက သင်္ဘောပျက်အောက် မှာမဟုတ်ဘူး။ အပြင်ဘက်မှာရှိ တယ်လို့ မိန့်ကြားတော့နေရာ ပြောင်းပြီးရှာတာ။ နောက်နေ့မှ ခေါင်းလောင်းနဲ့ တူတဲ့အရာကို စမ်းမိတာပါ''ဟု ခေါင်းလောင်း ဆယ်ယူရေးအထောက်အကူပြု ဆပ်ကော်မတီမှ ဥက္ကဋ္ဌ (၁) ဦးနိုင် မင်းအောင်က ပြောသည်။

ခေါင်းလောင်းရှိသည်ဟုယူဆ ရသောနေရာကို သောင်တူး သင်္ဘောဖြင့် သဲနုန်းများစုပ်ထုတ်မှု ကို ယမန်နေ့မှစတင် ပြုလုပ်လျက် ရှိပြီး လက်ရှိတွင် ထူးခြားမှုအခြေ အနေမရှိသေးကြောင်း၊ ဓမ္မစေတီ ခေါင်းလောင်းကြီး ဖြစ်သည်ဟု အတည်မပြုနိုင်သေးကြောင်း ၄င်း ကပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဦးစံလင်းနှင့်ဦးဝင်းမြင့်တို့ဦးဆောင် ၍ ယခုလ ၉ရက်မှစတင်ရှာဖွေ တူးဖော် နေခြင်းဖြစ်ပြီး တူးဖော် ကာလ ရက်သတ္တနှစ်ပတ် သတ် မှတ်ထားကြောင်း၊ တူးဖော်ရေးတွင် သောင်တူး သင်္ဘောတစ်စင်း၊ ဗညားလတ်အမည်ရှိ သုံးထပ် သင်္ဘောတစ်စင်းတို့ဖြင့် ဆောင် ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းမှာ လွန်ခဲ့သောနှစ်ပေါင်း ၄ဝဝခန့်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့်ပုဇွန်တောင် ချောင်းတို့ဆုံသည့် နေရာတွင် နစ် မြုပ်ခဲ့ခြင်းဖြစ်ကာ ကြေးပိဿာချိန် ၁၈ဝဝဝဝ အလေးချိန်ရှိကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။

ညွန့်ဝင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

No comments:

Post a Comment