ခြံဝင်းသံပန်းတံခါးအား ယာဉ်တိုက်မိ၍ အုတ်တံတိုင်းပြိုကျကာ ထိခိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၂)ဦး ဒဏ်ရာရ
ရန်ကုန်၊ သြဂုတ် ၁၀
၉.၈.၂၀၁၄ ရက်နေ့ ၁၂၁၀ အချိန် မြောက်ဥက္ကလာပ မြို့နယ်နေ ယာဉ်မောင်း ကိုဌေးနိုင်စိုး (၂၈)နှစ်သည် 6D ----- နီဆန်း မီးခိုးရောင်ယာဉ်အား ရန်ကင်းမြို့နယ်၊ ဘောက်ထော် ဘူတာရုံလမ်းရှိ နေအိမ်ခြံအတွင်းသို့ ၀င်ရောက်ရန် နောက်ဆုတ် မောင်းနှင်ရာ မလွတ်၍ရှေ့ဘက်သို့ပြန်လည်မောင်းထွက်စဉ် ခြံဝင်းသံပန်းတံခါးအား တိုက်မိကာ အုတ်တံတိုင်း ပြိုကျသဖြင့် အုတ်တံတိုင်းရှေ့ရှိ ထမင်းဆိုင်တွင် ထမင်းစားနေကြသော ရန်ကင်းမြို့နယ်နေ မနှင်းဝတ်ဖြူစင်(၂၂)နှစ်၊ ကိုရာဇာမော်ဦး (၂၁)နှစ်နှင့် တောင်ဥက္ကလာပမြို့နယ်နေ ကိုဒေးဗစ်ဖုန်း(၂၄)နှစ်တို့အား ထိခိုက်မိခဲ့ပါသည်။
ထိုသို့ထိခိုက်မိသဖြင့် မနှင်းဝတ်ဖြူစင်မှာ ၀ဲရင်အုံညိုမဲ၊ ၀ဲနံဘေးဖူးရောင်နှင့် ၀ဲပခုံးပွန်းဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် သေဆုံးသွားခဲ့ပြီး ကိုရာဇာမော်ဦး နှင့် ကိုဒေးဗစ်ဖုန်းတို့တွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ပြင်ပလူနာများအဖြစ်ကုသခဲ့ရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုဌေးနိုင်စိုးအား ရန်ကင်းမြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
No comments:
Post a Comment