Sunday, 21 September 2014

ပျောက်ဆုံးတောင်တက်သမား ၂ ဦး တောင်ထိပ်ပေါ်ကနေခြေချော် ကျတာဖြစ်နိုင်

ခါကာဘိုရာဇီ ရေခဲ တောင်ထိပ်ကို ရောက်ရှိ ခဲ့ပြီး ပျောက်ဆုံး နေတဲ့ တောင်တက်သမား နှစ်ဦးဟာ တောင်  ထိပ် ပေါ် ကနေ ခြေချော်ကျ သွားတာ ဖြစ်နိုင်သလို ရေခဲတောင် ချောက်ကမ်းပါး တွေကြား ကျသွား တာ လည်း ဖြစ်နိုင်တယ်လို “ခါကာဘိုရာဇီ” အောင်နိုင်ရေး အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ ခါကာဘိုရာဇီခရီးစဉ် သတင်းစာရှင်းလင်းပွဲမှာ တက္ကသိုလ်များ ခြေလျင်နဲ့တောင်တက်အသင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်း ဥက္ကဋ္ဌ ခါကာဘိုရာဇီ အောင်နိုင်ရေးခရီးစဉ် ညွှန်ကြားရေးမှူး ဦးမျိုးသန့် က သတင်းထောက်တွေကို အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄နာရီ ၂၅ မိနစ်က ခါကာဘိုရာဇီတောင်ထိပ်ပေါ်ကို ရောက်ရှိခဲ့ပြီး တောင်ခြေစခန်းမှာရှိနေတဲ့ ထောက်ပံရေး အဖွဲ့ဝင်တွေနဲ့အတူ ဆက်သွယ်ရေးကရိယာကနေတဆင့် နိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုခဲ့ ကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်ပျက်တောက်ခဲ့ တာ ဒီကနေ့ဆိုရင် ရက်ပေါင်း၂၂ ရက်ရှိပြီဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Photo: Myo Zaw Ko / RFA

No comments:

Post a Comment