Sunday, 21 September 2014

ပါဒရလင်္ကာ

ပါဒရလင်္ကာ
ပါဒရလင်္ကာဆိုတာ ကဗျာရေးစပ်ရာမှာ အသံအနေအထားတိုတောင်း ဖတ်လို့မကောင်းမဖြစ်ရလေအောင်၊ ဝိဘတ်များကို ပေါ်လွင်စေရန်၎င်း ထည့်ရတဲ့ပုဒ်အဆင်တဆာဖြစ်ပါတယ်။ စာကားလုံးရေတွက်ခြင်းမှာ ထည့်မရေရပါဘူး။ ပဒါရလင်္ကာဟာ သူတခုထဲဆိုရင် ဘာအဓိပ္ပာယ်မှမရှိပါဘူး။ ရှေ့ကဆက်တဲ့စာနဲ့ ဆက်စပ်ဖို့လိုပါတယ်။ ပဒါရလင်္ကာ မရှိတဲ့ကဗျာဟာ လင်မရှိသောမိန်းမကဲ့သို့ မတင့်တယ်ပါဘူး။
ကဗျာတပုဒ်ကို ပဒါလင်္ကာရ အလှဆုံးတွေနဲ့ဆင်ရင် ကာရန်မလှတောင်မှ ဖတ်လို့အတော်ကောင်းပါတယ်။
ဥပမာအနေနဲ့ကတော့ ရယ်ဖြင့်၊ ရင်တော့၊ ကိုလ၊ ပေမို့၊ ပေစွ၊ ပေါ့ကွယ်၊မတော့၊ ကိုလေ နဲ့အစရှိတာတွေပါ

No comments:

Post a Comment