Friday, 5 September 2014

သမီးရည်းစား ရေချိုးခန်းအတွင်း စကားများ ရန်ဖြစ်စဉ် အမျိုးသားမှ ဓါးဖြင့်ထိုး၍ အမျိုးသမီးသေဆုံး

သမီးရည်းစား စကားများ ရန်ဖြစ်စဉ် အမျိုးသားမှ ဓါးဖြင့်ထိုး၍ အမျိုးသမီးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၅

၅.၉.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် လှိုင်မြို့နယ်၊ အင်းစိန်လမ်းမတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတွင်ဝန်ထမ်းဖြစ်သူ မင်္ဂလာဒုံမြို့နယ်နေ မသဲသက်စုထွေး(၂၃)နှစ်နှင့် ရည်းစားဖြစ်သူ ၎င်းကုမ္ပဏီ၏ ဝန်ထမ်းဟောင်း ဖြစ်သော စမ်းချောင်းမြို့နယ်နေ ဖြိုးသီဟ(၂၃)နှစ်တို့မှာ ကုမ္ပဏီရှိ ရေချိုးခန်းအတွင်း စကားများ ရန်ဖြစ်နေကြောင်း၊ တံခါးမှာလည်း အတွင်းမှ ဂျက်ထိုးပိတ်ထားပြီး မသဲသက်စုထွေး၏ အော်သံကိုလည်း ကြားရကြောင်းတို့ကို ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ လှိုင်မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြား သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးရာ ရေချိုးခန်းမှာ အတွင်းမှ ဂျက်ထိုးထားပြီး အသံများ မကြားရဘဲ တံခါးဖွင့်မပေးသဖြင့် တံခါးဂျက်အား ဖျက်ဆီးဝင်ရောက်ခဲ့ရာ ကြမ်းပြင်ပေါ်တွင် သွေးများပေနေသော အရိုးအသွား(၁၁)လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအားတွေ့ရှိရပြီး မသဲသက်စုထွေးမှာ ဝဲဘက်နံစောင်းနှင့် ဝဲဘက်ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများ၊ ယာဘက်လက်မ၊ ယာဘက်လက်ခလယ်နှင့် လက်ညှိုးတို့ကြား၊ ဝဲဘက်လက်သန်းနှင့် လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည့်အပြင် ဖြိုးသီဟမှာလည်း ၎င်း၏ဝဲဘက်လက်ဖျံရှိ သွေးပြန်ကြောအား မိမိကိုယ်ကို ဓါးဖြင့်လှီးဖြတ်ကာ လဲကျနေသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ပါသည်။

ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဖြိုးသီဟအား လှိုင်မြို့မရဲစခန်း(ပ)၄၇၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment