၁၈.၁၀.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောင်ဇေယျ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ လှိုင်သာယာမြို့နယ်နေ ဦးမောင်မောင်လွင်၊ (၆၀)နှစ်မှာ တံတားအောက်ရှိ ဆိပ်ကမ်းသာလမ်းဘေး မြက်ခင်းပြင်တွင် မှောက်လျက်အနေအထားဖြင့် ၀ဲနံစောင်းနှင့် ၀ဲပေါင်ရင်းတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အစာအိမ်ရောဂါနှင့် လိပ်ခေါင်းရောဂါများ ခံစားနေရသူဖြစ် ကြောင်း၊ တူမတော်စပ်သူမိသားစုမှ အင်းစိန်မြို့နယ်၊ ပေါက်တောဝရှိ ဆေးခန်းသို့ပြသပေးရန်အတွက် မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်လာစဉ် တံတား၏ ကမ္ဗည်းကျောက်စာတိုင်အနီးအရောက် အပေါ့သွားမည်ဟု ပြောသဖြင့် ယာဉ်အားရပ်ပေးခဲ့ကြောင်း၊ ၎င်းမှာ ယာဉ်ပေါ်မှဆင်းသွားပြီး အမြင့်(၃)ပေခန့်ရှိ တံတားလက်ရမ်းတန်းနှင့် လူသွားစင်္ကြန်လက်ရမ်းတို့အား ကျော်တက်၍ တံတားအောက်သို့ ခုန်ချခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၇၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
No comments:
Post a Comment