Sunday, 19 October 2014
ဆက်ကပ်ပြပွဲ၌ ရှားပါးခြင်္သေ့ဖြူလးကောင်ပေါက်ဖွား
ဘာလင် သြဂုတ် ၂၃
ဂျာမနီနိုင်ငံအရှေ့ပိုင်း ဆပ်ကပ်ပြပွဲတစ်ခု၌ ခြင်္သေ့မကြီးတစ်ကောင်က ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ခြင်္သေ့ဖြူ လေးကောင်ပေါက်ဖွားခဲ့ကြောင်း၊ ယင်းတို့တွင် အထီးသုံးကောင်နှင့် အမတစ်ကောင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ ခြင်္သေ့ဖြူလေးများသည် ယခုအခါ မက်ဒီဘက်မြို့သို့ရောက်ရှိလာပြီး အများပြည်သူများအား လှည့်လည်ပြသလျက်ရှိကြောင်း၊ ¤င်းတို့သည် မြူးနစ် အခြေစိုက်ခရုန်းဆပ်ကပ်ရုံ၌ ကျန်းမာစွာဆော့ကစား လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
တောင်အာဖရိကတောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်သူများက အဆိုပါခြင်္သေ့ဖြူများကို ကမ္ဘာ ပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် တိရစ္ဆာန် များအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ ရှားပါးခြင်္သေ့ များသည် တောင်အာဖရိကနိုင်ငံများ တင်ဘာဗတီဒေသ ၌သာလျှင်ရှိတော့ကြောင်း၊ သဘာဝအလျောက် တွေ့ရမှု အလွန်နည်းသွားပြီဖြစ်ကြောင်း ၄င်းတိရစ္ဆာန် ထိန်းသိမ်းသူများက ပြောသည်။
ရှားပါးခြင်္သေ့ဖြူအရေအတွက်မှာ ကမ္ဘာတစ်ဝန်း တိရစ္ဆာန်ရုံများနှင့် ဆပ်ကပ်ပြပွဲရုံများ၌ ရာဂဏန်း ခန့်သာရှိတော့သည်ဟု ဆိုသည်။ အဆိုပါ ရှားပါးခြင်္သေ့များ ကို ဗုဒ္ဓဟူးနေ့ညက ပေါက်ဖွားခဲ့ခြင်းဖြစ်သည်။
¤င်းတို့ကို ခုနစ်နှစ်အရွယ် မင်းသမီးဟု အမည် ပေးထားသော ခြင်္သေ့မကြီးနှင့် ဘုရင်တွန်ဂါဟု အမည်ပေး ထားသော ခြင်္သေ့ကြီးတို့မှပေါက်ဖွားခဲ့ခြင်းဖြစ်သည်။ ¤င်းတို့သည် ၂ဝ၁၂ ခုနှစ်က ခြောက်ကောင်ပေါက်ဖွားခဲ့ သည်ဟု ဆိုသည်။
(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf
No comments:
Post a Comment