Tuesday, 20 January 2015

ကိုယ်ကျင့်တရားဆိုတာဘာလဲ...? သင်ကောဘယ်လိုကိုယ်ကျင့်တရားရှိလဲ..??

ကိုယ်ကျင့်တရားဆိုတာဘာလဲ...?
သင်ကောဘယ်လိုကိုယ်ကျင့်တရားရှိလဲ..??
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရွှေ ဆိုတာ မြေကြီးအောက်မှာရှိနေလည်း ရွှေ ပါပဲ ။
ရေထဲမှာရှိနေလည်း ရွှေ ဆိုတာက ရွှေ ပါပဲ ။သူ့ တန်ဖိုးကလျော့မသွားဘူး ။

မိတ်ဆွေတို့ ဘဝတွေမှာသံသရာကံ အကျိုးဆက်ကြောင့် လောကဓံတရား
ရိုက်ခတ်လို့ နိမ့်ကျနွမ်းပါးနေရသော်လည်း
အကောင်းမြင်စိတ်ကိုထားပြီးပစ္စုပ္ပန် အဆိုးတရားတွေကိုကျော်ဖြတ်ရပါမယ် ။

ဒီနေရာမှာကိုယ်ကျင့်တရားက" မဏိ " လို့ ခေါ်တဲ့ ရွှေစင် နဲ့ တန်ဖိုးတူပါတယ် ။

လူတိုင်းမှာ ပမာဏကွဲပြားတဲ့သူတပါးမြင်နိုင်သောရွှေရှိသလို သူတပါးမမြင်နိုင်
သော ရွှေဆိုတာရှိကြပါတယ်။

ကိုယ်ပိုင်တဲ့ရွှေက လူတိုင်းမှာမရှိနိုင်ဘူး ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း
ဘဝသံသရာအတွက်အလုပ်လုပ်ကြရပါမယ် ။

တန်ဖိုးမသိတဲ့သူကတန်ဖိုးရှိတဲ့သူ မဖြစ်နိုင်လို့ ပတ်ဝန်းကျင် ရဲ့ အမြင်တွေ
ကြားမှာ ရှိသင့်ထားအပ်တဲ့ကို်ယ်ကျင့်တရားတွေ မပျောက်ပျက်သွားဖို့  လိုအပ်ပါတယ် ။

လက်ဝတ်ရတနာရွှေ ထက်
ကိုယ်ကျင့်တရားဆိုတဲ့ မဏိရွှေစင်ကို ပိုမို၍စုဆောင်းနိုင်မှသာဘဝ ချမ်းသာအစစ်ကို မိတ်ဆွေပိုင်ဆိုင်နိုင်ပါလိမ့်မယ် ။

Photo: ကိုယ်ကျင့်တရားဆိုတာဘာလဲ...? 

No comments:

Post a Comment