နာမည်ကြီး နဲ့ ချစ်သူဖြစ်သည်ဟု ထင်သော ကြောက်စရာ ရောဂါ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Erotomania လို့ခေါ်တဲ့ ရောဂါ ဖြစ်ပါတယ်။ စိတ်ရောဂါ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးထက် မနည်းက သူနဲ့ ချစ်သူဖြစ်နေတယ်လို့ စွဲလမ်းနေတဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Erotomania လို့ခေါ်တဲ့ ရောဂါ ဖြစ်ပါတယ်။ စိတ်ရောဂါ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးထက် မနည်းက သူနဲ့ ချစ်သူဖြစ်နေတယ်လို့ စွဲလမ်းနေတဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။
စိတ်ကစဥ့်ကလျား ရောဂါ ရှိသူများ၊ တစ်ဦးတစ်ရောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသူများ အဖြစ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ အများစုကတော့ နာမည်ကြီး သရုပ်ဆောင် သို့မဟုတ်၊ အဆိုတော် အစရှိသဖြင့် အနုပညာရှင်များ၊ လူသိများသူများကို ယခုလို စွဲလမ်းတတ်ပါတယ်။ သူနဲ့ ရည်းစားဖြစ်နေတယ် လို့လည်း ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ဘယ်လိုတွေ့ကြောင်း၊ ဘယ်လို စကားပြောဆိုကြောင်း တွေက အစ ကိုယ်တိုင် ဇာတ်လမ်းဆင်ပြီး ပြောတဲ့ အထိ အခြေအနေ ဆိုးတဲ့ သူတောင် ရှိပါတယ်။
အချို့ ကျတော့ ကိုယ့်ကို သူက သို့မဟုတ် သူစိမ်းတစ်ယောက်က တစ်ဖက် သက် ကြိုက်နေပါတယ်လို့ စွဲလမ်းမှတ်ယူနေတတ်ပါတယ်။ ယင်းကဲ့ သို့ ရောဂါဝေဒနာကို Erotomania လို့အမည်ပေးပြီး စိတ်ရောဂါ တစ်မျိုး အဖြစ် သတ်မှတ်ပါတယ်။ ပြန်လည်ကုသမှုများများ ပြုလုပ်ရပါတယ်။ ဒီရောဂါဟာ ကြောက်စရာလည်း ကောင်းပါတယ်။
ယဉ်ယဉ်လေးရူးလို့ ဆိုရလောက်တဲ့ ရောဂါလိုမျိုးလည်း ဖြစ်ပြီး သူချစ်နေသူ သို့မဟုတ် သူနဲ့ ရည်းစားဖြစ်နေသူတို့ ယူဆတဲ့ သူနောက်ကို တစ်ကောက်ကောက် လိုက်တတ်ပါတယ်။ တစ်ခါတစ်ရံ စကားသွားပြော ဆိုတာမျိုး၊ ဖုန်းလှမ်းဆက်တာမျိုး၊ ပစ္စည်းပို့တာမျိုး၊ စာပို့တာမျိုးတို့ လုပ်တတ်ပြီး တစ်ခါတစ်လေကျရင် လိုက်နှောက်ယှက် တာတွေ အထိတောင် ဖြစ်တတ်ပါတယ်။
အဆိုးရွားဆုံး ဖြစ်ရပ်ကတော့ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က အမေရိကန် မော်ဒယ် မင်းသမီး Rebecca Schaeffer အသတ်ခံ ရမှု ဖြစ် ပါတယ်။ သတ်သူ တရားခံကတော့ Robert John Bardo ဖြစ်ပြီး Erotomania အမည်ရ စိတ်ရောဂါ ဝေဒနာ ခံစားနေရ သူ ဖြစ်ပါတယ်။ ယင်းကဲ့သို့ လူသိများ Erotomania ရောဂါဆက်စပ် ရာဇဝတ်မှုပေါင်းများစွာ ကမ္ဘာအနှံ့အပြားမှာ ဖြစ်ခဲ့ဖူးကြောင်း၊ ဖြစ်လျက်ရှိကြောင်း သိရပါတယ်။
(အပြစ်မရှိပဲ အသတ်ခံလို့ ကွယ်လွန်သွားရတဲ့ အသက် ၂၁ နှစ်အရွယ် မင်းသမီး Rebecca Schaeffer ရဲ့ ဝဘ်ဆိုဒ်ကို အောက်ပါလခ့်မှာ ဝင်လေ့လာနိုင်ပါတယ်။http://www.rebeccaschaeffer.com/ )
--
Ref: wiki
--
Ref: wiki
No comments:
Post a Comment