Monday, 18 May 2015

စာပေဆိုတာဘာလဲ? စာပေဘယ်နှစ်မျိုးရှိသလဲ ?

စာပေဆိုတာဘာလဲ? စာပေဘယ်နှစ်မျိုးရှိသလဲ ?
စာပေ
စာပေဟူသည်မှာ လူသားမျိုးနွယ်စုတစ်ခုခုအတွင်း ချင်းချင်းကိုယ်နှုတ်အမူအယာများဖြင့်ပြောဆိုဆက်သွယ်ခဲ့ကြသည်တို့ကိုလည်းကောင်း၊ စိတ်ကူးစိတ်သန်းအတွေးအခေါ်ခံစားချက်စသည်တို့ကိုလည်းကောင်း၊ လွယ်ကူစွာပျောက်ကွယ်မသွားစေခြင်းအလို့ငှာ တိကျစွာသတ်မှတ်ထားသော သင်္ကေတစာလုံးများအဖြစ် ရေးခြစ်မှတ်တမ်းပြုထားခြင်းပင်ဖြစ်သည်။
အဆိုပါစနစ်တကျရေးခြစ်ထားသောသင်္ကေတများကို နည်းမှန်လမ်းမှန်ပြန်လည်ဖတ်ရှုတတ်သူတိုင်းအတွက် ရေးသားခဲ့သူ၏ အနက်ရင်းကို မြင်သိနိုင်မည်ဖြစ်ပြီး မြန်မာတို့အတွက် ရှေးယခင်က ထိုသို့ရေးသားမှတ်တမ်းပြုစုခြင်း ရေးစပ်ဖွဲ့သီခြင်းတို့ကို ပေရွက်ပေါ်တွင် ကညစ်တန်ဖြင့်ရေးခြစ်သုံးစွဲခဲ့ကြရခြင်းဖြစ်လေရာ မှတ်တမ်းအစုအဝေးများကို ပေစာထုပ်များ၊ ပုရပိုဒ်များစသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြပြီး စာပေရေးသားပြုစုခြင်း ဟူသောအတတ်ပညာဆိုင်ရာ လုပ်ငန်းဆောင်တာအမျိုးအစားတစ်ခုအဖြစ်ပေါ်ထွန်းလာခဲ့သည်။ (မှတ်တမ်းအဖြစ်မှသည် အသုံးဝင်အသုံးတည့်မှုရှိသောကြောင့် နောင်ပြုလုပ်ရန် အစီအစဉ်ညွှန်ကြားချက်များ၊ အမိန့်ကြေညာချက်များ အသွင်ဖြင့်လည်းသုံးစွဲလာကြသည်)
စာပေနှစ်မျိုးသာရှိသည် ။သုတစာပေ၊ ရသစာပေတို့ဖြစ်သည်။
လက်ရှိတွင်
ခေတ်အဆက်ဆက် စာပေများကို ပုဂံခေတ် ၊ ပင်းယခေတ် ၊ အင်းဝခေတ် ၊ တောင်ငူခေတ် ၊ ညောင်ရမ်းခေတ် ၊ ကုန်းဘောင်ခေတ် ဟူ၍ ပိုင်းပြီး ပြုစုခဲ့သော စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်းများတွင်အတော်အတန် ပြည့်ပြည့်စုံစုံ ပါရှိပြီးဖြစ်သည်။
Ref: မြန်မာစာပေသမိုင်း
ရွှေအိမ်စည်

No comments:

Post a Comment