Sunday, 3 May 2015

မာရသွန် နှင့် ဘဝအဓိပ္ပါယ်ဖော်သူ ကင်ဆာရောဂါသည် Terry Fox

မာရသွန် နှင့် ဘဝအဓိပ္ပါယ်ဖော်သူ ကင်ဆာရောဂါသည် Terry Fox
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁၉၅၈၊ ဇူလိုင် ၂၈ ဖွား ကနေဒါ နိုင်ငံသား အားကစားသမား တစ်ဦး ဖြစ်ပါ တယ်။
အထက်တန်းကျောင်းသားဘဝ တစ်လျှောက်လုံး အကောင်းဆုံး ဘတ်စကတ်ဘော အားကစားသမား၊ မာရသွန် အပြေးသမား ဖြစ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ရောက်တော့ ကုံဆိုးလှစွာပဲ ကင်ဆာ ရောဂါ ကြောင့် ခြေ တစ်ချောင်း ဖြတ်ဖို့ ကံကြုံပါတယ်။ ညာဘက်ဒူး မှာ ကားအက်ဆီး ဒန့်ကြောင့် အောင့်နေတာကို အမှတ်မဲ့ထားပြီး ဘတ်စကတ်ဘော ဆော့ပေမယ့် ၁၉၇၇ ခုနှစ်မှာ ဖြတ်လိုက် ရပါတယ်။
ကင်ဆာဆိုတာ ဒီတိုင်းရှိနေတာ မဟုတ်ပဲ ခန္ဓာကိုယ် တစ်ခုလုံး ဆီ ရောက်အောင် ပြန့်နှံ့ပါတယ်။ သို့သည့်တောင် ဘီးတပ်ကုလားထိုင်စီး ဘက်စကတ်ဘော ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်အောင်ကြိုးစားပါတယ်။ ယင်းအချိန်မှာ သူ့ရောဂါအခြေအနေ တော်တော်လေး ဆိုးနေပါပြီ။ သို့ပေမယ့် အားကစးသမား ဖြစ်တဲ့အတွက် ဇွဲကတော့ အတော်လေး ကောင်းပါတယ်။
၁၉၈၀ ခုနှစ်မှာ နိုင်ငံဖြတ်သန်း မာရသွန်ပြေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကင်ဆာရောဂါကြောင့် သေနေရတဲ့သူတွေ၊ နာနေရတဲ့သူတွေအတွက် ကိုယ်ချင်းစာ ခံစားမိပြီး ဆေးသုတေသန ရန်ပုံငွေ လှူရန် ဆန္ဒရှိလာ ပါတယ်။ သူ့မှာ ငွေအမြောက်အများမရှိ ပါဘူး။ ဒါကြောင့် မာရသွန် ပြေးပွဲ နဲ့ ငွေစုဖို့ အကြံရပြီး နိုင်ငံဖြတ်သန်း ပြေးပါတယ်။ ၃၃၃၉ မိုင် (၁၄၃ ရက်) ပဲ ပြေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းတော့ လို့ ဖြစ်ပါ တယ်။ ယင်းနောက် ကိုးလကြာ ဆေးကုသမှု ခံယူပြီး သေဆုံးခဲ့ပါတယ်။ Terry Fox ပြေးခဲ့တဲ့ Marathon of Hope မှ အမေရိကန်ဒေါ်လာ ၂၄ သန်းမက ရရှိခဲ့ပါတယ်။
သူပြေးစဉ် ကာလကလည်း ကမ္ဘာတစ်လွှားမှ နိုင်ငံခေါင်းဆောင်များ၊ စီပွားရေး လုပ်ငန်းရှင်များရဲ့  အာရုံစူးစိုက်မှု ခံရပြီး ရန်ပုံငွေဆက်တိုက်တိုးခဲ့ ပါတယ်။ ကနေဒါနိုင်ငံမှ နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပါတယ်။ သူကွယ်လွန်ပြီးချိန်မှာလည်း ယနေ့တိုင် Terry Fox Run အမည်ရ မာရသွန် ပြေးပွဲကို ကနေဒါနိုင်ငံမှာ ကျင်းပပြီး နိုင်ငံပေါင်း ၆၀ ကျော်က လာပြိုင်ပါတယ်။ ကင်ဆာရောဂါ ဖောင်ဒေးရှင်းအတွက် ဖြစ်ပြီး Terry Fox အမည်နဲ့ အလှူငွေပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ မက ရရှိထားပြီ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: wiki

No comments:

Post a Comment