Saturday, 6 June 2015

ဒီနေ့ကစ သူငယ်ချင်းနော်

ဒီနေ့ကစ သူငယ်ချင်းနော်
▬▬▬▬▬▬▬▬▬
တနေ့ နေ့ တော့...တို့ တွေ ဒီလိုတွေ့ကြမယ်နော်...
တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့
ရေတစ်စက်နဲ့တစ်စက် ပေါင်းကြည့်တော့ ရေနှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။

အဲ့ဒီလိုပဲ အယူအဆတစ်ခုဟာရှေ့နောက်ဆီလျော်ညီ
ညွတ်နေပေမဲ့ လက်တွေ့ဘ၀မှာမမှန်နိုင် မဖြစ်နိုင်တာမျိုးရှိတတ်ပါတယ်။
သူငယ်ချင်းတို့ တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။
တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့ကျွန်တော်တို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ..
အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျနော် ကလက်ခံနားလည်ပေးနိုင်ပါတယ်။
အပြင်ဘမ်းပဲကြည့်တာမဟုတ်ဘဲ လူတစ်ယောက်ကိုကျနော်တို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင်
သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။
အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့
သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။
ကျနော်စ လက်ကမ်းပါတယ် ဒီနေ့ကစ သူငယ်ချင်းဖြစ်ရအောင်
ရွှေအိမ်စည်

No comments:

Post a Comment