Saturday, 27 June 2015

တန်ဖိုးရှိတဲ့ဘဝတည်ဆောက်ကြစို့

တန်ဖိုးရှိတဲ့ဘဝတည်ဆောက်ကြစို့
==============
လူတွေဟာ ကိုယ်တစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ရဲ့  လှပမှုကို မခံစားနိုင်တော့ဘူး။ မခံစားနိုင်တဲ့အပြင် တစ်ခါတစ်လေကျ ပတ်ဝန်းကျင်ကိုပါ ကိုယ့်ဒုက္ခ အပူတွေကို ဆီးမီးလိုကူးစေမိကြ ပါတယ်။
ကံကြမ္မာဆိုး တံခါးဝရောက်နေချိန် နောက်တစ်ယောက် ဝင်မရအောင် တံခါးမှာ ပိတ်ထားပေးဖို့ထက် ကိုယ်နဲ့ အတူ ဝင်စေဖို့ လက်ကမ်းခေါ်တတ်တဲ့ စိတ်ဓာတ်အားက အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ယောက်မှာ ဘယ်လိုအခက်တွေရှိနေရှိနေ၊
ဒုက္ခတွေ ရှိနေရှိနေ၊
ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ သူတစ်ပါး အပေါ်မှာ မကူးမိပါစေနဲ့ ။မိမိပြသာနာမိမိဖြေရှင်းပါ ။
မိမိစိတ်ဒေါ်သခံစားမှူကိုလည်း တပါးသူကိုမထိပါးအောင်နေထိုင်ရင်း ကိုယ့်ရဲ့စိတ်ရင်း အကြင်နာ၊ မေတ္တာတရားတို့နဲ့ စာနာ၊ ကူညီ၊ ပျော်ရွှင်စေတတ်မှုကို တည်မြဲအောင် ကြိုးစားနေထိုင်ခြင်းက တန်ဖိုးရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
စိတ်ကိုအဖြူထည်ထားပြီး တန်ဖိုးရှိတဲ့ဘဝတည်ဆောက်ကြပါစို့လား
ရွှေအိမ်စည်
— with Shwe Arlu and 2 others.

No comments:

Post a Comment