Friday, 14 July 2017
မတ်မတ်ထိုင်သူများ ရနိုင်မယ့် အကျိုးကျေးဇူးတွေ …
မတ်မတ်ထိုင်သူများ ရနိုင်မယ့် အကျိုးကျေးဇူးတွေ …
ထိုင်တဲ့ နည်းစနစ်မမှန်ခြင်း ကြောင့် ခါးနာခြင်းနဲ့ ကျောရိုးဆိုင်ရာ ဝေဒနာခံစားနေရသူတွေ များ ပြားလာတာမို့ ဒီပြဿနာကို ငွေမကုန်၊ အချိန်မကုန်ဘဲ မတ်မတ် ထိုင်ခြင်းဖြင့် ရိုးရှင်းလွယ်ကူစွာ ဖြေရှင်းလို့ ရပါတယ်။
ကိုယ်နေဟန်ထားမှန်မှန် ကန်ကန်နဲ့ ထိုင်မယ်ဆိုရင် အရွတ်နဲ့ကြွက်သားဒဏ်ဖြစ်တာတွေ အနည်းဆုံးဖြစ်စေပါတယ်။ ဘယ်လိုထိုင်ခုံမျိုးမှာပဲ ထိုင်ထိုင် ခုံနဲ့တစ်သားတည်းကျအောင် တင်ပါးနဲ့ကျောကို ခုံနဲ့နောက်ဘက်မှာ ထိကပ်၊ ဒူးအနေအထားလည်း မှန်၊ ခြေထောက်ကလည်း ကြမ်းပြင်နဲ့ တစ်သားတည်းကျ အနေအထားနဲ့ မတ်မတ်ထိုင်ခဲ့ မယ်ဆိုရင်
– လည်ပင်း၊ ခါးနဲ့ နောက်ကျော နာကျင်မှုတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
-အဆစ်အမြစ်ရောင်ရောဂါနဲ့ ကျောရိုးအဆစ်တွေ၊ ကျောရိုး အ ရွတ်တွေ ထိခိုက်ဒဏ်ရာရမှုတွေ ကို ကာကွယ်ပေးပြီး ခန္ဓာကိုယ် တစ်ခုလုံးအတွက်လည်း ကောင်း ကျိုးပေးပါတယ်။
-အသက်၀၀ရှူနိုင်ဖို့အတွက် ထောက်ကူပေးပြီး အဆုတ်နဲ့နှလုံးဆီကို အောက်ဆီဂျင်ကောင်းမွန်စွာ ရောက်ရှိစေကာ အာရုံကြော စနစ်တွေ၊ တစ်သျှူးနဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ အကုန်လုံးရဲ့ လုပ်ငန်းစဉ်တွေ အကောင်း ဆုံးအလုပ်လုပ်ဖို့ ထိရောက်စွာ ထောက်ကူပေးပါတယ်။
– ဒါတင်မက မတ်မတ်ထိုင်တဲ့ အကျင့်လုပ်ထားခြင်းအားဖြင့် လက်ပြင်ကုန်းတာတို့၊ ခါးကုန်းတာတို့ စတဲ့ ကြည့်မကောင်းတဲ့ ကိုယ်နေ ဟန်ထားတွေ ဖြစ်မလာအောင် ပါ တားဆီးပြီးသားဖြစ်စေပါတယ်။
Ref: wellnessbin
Credit: 7Day Daily
No comments:
Post a Comment