Monday, 13 November 2017

Gandhi

Gandhi ပြောတယ် " ကိုယ့်ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့ တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့် ညစ်ပေသွားတတ်တယ်။ သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသမထွက်လိုက်ပါနဲ့  သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို သိမ်ငယ်ညှိုးနွမ်းမဖြစ်ပါနဲ့ သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို လိုက်ပြီးမနိမ့်ကျပါနဲ့ သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်မသွားပါနဲ့ ယုတ်စွအဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့် သင့်ရဲ့ဖြူစင်တဲ့စိတ်နှလုံးသားတွေ ညစ်ပေခွင့်...မပေးလိုက်နဲ့  ။ ရွှေအိမ်စည် Shwe Aeim Si

No comments:

Post a Comment