Monday, 6 January 2014

နှင်းဆီနီ ဥဒါန်း


နှင်းဆီနီ ဥဒါန်း
▬▬▬▬▬▬
တစ်လောကလုံး
အမှောင်ဖုံးတဲ့ည
အသက်ရှူမရအောင်မွန်းလှရဲ့

လူတစ်ယောက်ဘဝကို
ငွေစက္ကူတစ်ချပ်လို
ဖျက်သိမ်းဖို့များ ကြိုးစားကြသလား
မှားမယ်

ထွေးပြီးသားကို ပြန်မမြို
ကံကိုလည်း ယိုးမယ်မဖွဲ့
တိုက်ပွဲရဲ့ဆုလာဘ်အဖြစ်
စနစ်ရဲ့အကျဉ်းသားဘဝ
ငါ ခံယူပါ့မယ်
ကျေနပ်တယ်

ဟေ့… နင်းချေမည့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတစ်လက္မ
ပိုင်ဆိုင်ခွင့်ရသရွေ့
နေ့သစ်ရဲ့အရုဏ်ဦးမှာ
ယုံကြည်ချက်ဆူးတွေဖွင့်
ခေါင်းထောင်လို့ ဝင့်လိုက်မယ်
ငါဟာ…
နီရဲတဲ့ နှင်းဆီပွင့်…။

(မင်းကိုနိုင်)

No comments:

Post a Comment