Monday, 6 January 2014

အချစ်ဆိုတာ..။


အချစ်ဆိုတာ
=======
အချစ်ဆိုတာ
လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့
အလား သဏ္ဍာန်တူပါတယ်။

အချစ်ကို တမင် ခိုင်မြဲချင်လွန်းလို့
ဖိနှိပ်ဆုပ်ကိုင်ထားလေလေ
ဆုံးရှူံးလွယ်လေလေ ဖြစ်ရပါလိမ့်မယ်။

မတင်းမကျပ်လွန်းဘဲ
ဟန်ချက်ညီညီနဲ့
သဘောထားကြီးကြီးနဲ့
သေသေခြာခြာ

ယုယုယယ ဆုပ်ကိုင်ထားပါမှ

လက်ခုပ်ထဲက သဲတွေလို
သဏန်မပျက်ဘဲ
ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာပါ။

မဟုတ်ရင်တော့
လက်ကြားထဲက ယိုစီးကျသွားတဲ့ သဲပွင့်လေး
တွေလိုဘဲ ပြန်လည်မရရှိ နိုင်တော့ဘဲ
အချစ်ကို တသက်စာ
လက်လွှတ် ဆုံးရှုံးရပါလိမ့်မယ်

အချစ်ကိုနားလည်မိခြင်း

ချစ်ခင်လေးစားသော

ရွှေအိမ်စည်https://www.facebook.com/shweeaimsi1

No comments:

Post a Comment