Friday, 10 January 2014

မိသားစု ထမင်းဝိုင်း


ထမင်းစားပွဲ အုပ်ဆောင်းအောက်မှာ

ငါးရံ့ဆီပြန်၊ တို့စရာနဲ့

ခူးခပ်ပြီး အဆင်သင့်

အငွေ့က တထောင်းထောင်း

စားကောင်းအောင် အမေစီမံထားတယ်။

 
လင်အပြန်မျှော်ငေး

သားအတွက်လည်း ချန်ထားချင်သေးတယ်

သမီးကြီးက ကျှူရှင်သွား

သားထွေးလေးက စာကျက်နေရဲ့

ယပ်တောင် တဖျတ်ဖျတ်နဲ့ အမေရယ်ပါ။

 
အဖေကအ၀င်၊ သားကအထွက်

အေးစက်စက်ထမင်းပွဲ

တမင်များ လမ်းကြောင်းလွှဲရော့သလား

ကျူရှင်ဆင်းချိန် အိမ်ပြန်ရောက်မလာတဲ့ သမီးကြီး

အမေ ခေါင်းမီးတောက်နေပြီ။

 
မိသားစု အစုံအလင်နဲ့

လွေးလိုက်မဟဲ့လို့

တင်းထားတဲ့ စိတ်

ဟင်းခနဲ သက်ပြင်းချ

ထမင်းပျက်ရသူက အမေရယ်လေ….။


မောင်ရင်စစ

No comments:

Post a Comment