Friday, 10 January 2014

ရေဆန်စီးခွင့်ပြုပါ

ရေဆန်စီးခွင့်ပြုပါ

အမိအဖမေတ္တာ
တုနှိုင်းမမှီတောင်ကျရေပမာစီး
အစုန်ခရီးနှင်

မမောမပန်းတသွင်သွင်ထွေးဖက်
ကောင်းရာညွှန်လတ်

အနွေးဓါတ်နှင့်မွန်းမံ
သောကတွေရင်စည်းခံလို့
သားဖို့၊သမီးအတွက်
နေ့စဉ်လဆက်
နှစ်အထပ်တည်တိုင်အောင်
ပင်ပန်းလှပြီနော်
  ဒါကြောင့်အမေ နဲ့ အဖေရေ
ထည်ကြည်စွာဘာဝနာနဲ့ 
အေးချမ်းစွာတရားရိပ်နားပါတော့  

 သားတို့ တကြော့ပြန်
လောကဒဏ်ရေဆန်ခရီး
အမိအဖကျေးဇူးတခါခွင့်ရယ်ကြုံ
တဖန်ပြန်စီးခွင့်ပြုပါ။ ။

ရွှေအိမ်စည် https://www.facebook.com/shweaeimsi

No comments:

Post a Comment