Monday, 6 January 2014

ဒီနေ့ ဘဲလိုတယ်....ကလေးရယ်


ဒီနေ့ ဘဲလိုတယ်....ကလေးရယ်
 ▬▬▬▬▬▬▬▬▬▬▬▬▬
အသက်သာပုံမှန်ရှူပါ ကလေးရယ်
တိုးဖျော့တဲ့ ၀င်သက်ထွက်သက်တိုင်းမှာ
စိုးရွံ့တဲ့ မျှော်လင့်ခြင်းတွေ ရှိတယ်


မနက်ဖြန်ကို တွေးမကြောက်နဲ့
နိုးထတဲ့ မနက်ခင်းတိုင်းမှာ
မင်းကိုချစ်တဲ့ သူတွေနဲ့ အတူရှိနိုင်ဖို့
နေ့ရက်သစ် တွေရှိနေမယ်


အဆုံးသတ်ကိုမထိတ်လန့်နဲ့
သတိနဲ့ ရှင်သန်နေထိုင်မှုတိုင်းမှာ
အနားသတ်ကို ကြိုမြင်ရခြင်းက
ခါးသီးမှုတစ်ခု မဟုတ်ဘူး


စိုးရွံ့ တဲ့ မျှော်လင့်ခြင်းတွေ တောက်ပလာဖို့
မနက်ခင်းတိုင်းမှာ အတူနိုးထရဖို့
အဆုံးသတ်ကို တည်ငြိမ်စွာရင်ဆိုင်ရဖို့

------------------

မသေချာ တဲ့ မနက်ဖြန်တွေမလို
အတူရှိနေမယ့် ဒီနေ့တွေပဲ ငါလိုတယ်....

ကလေးတို့ ရဲ့ ...
ရွှေအိမ်စည်https://www.facebook.com/shweaeimsi

No comments:

Post a Comment