Monday, 14 July 2014

လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၄

၁၄.၇.၂၀၁၄ရက်နေ့ ၀၈၃၀အချိန် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းအတိုင်း မြောက်မှတောင်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း တင်ထွန်းအောင် (၄၀)နှစ် မောင်းနှင်လာသော 5E---RG ယာဉ်လိုင်းအမှတ် (၂၂၆)ခရီးသည် တင်ယာဉ်သည် ပိတောက်လမ်းမှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ အင်းစိန်မြို့နယ်နေ ကိုအောင်မြတ် (၃၄)နှစ်ကို တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ကိုအောင်မြတ်မှာ ဦးခေါင်းနောက်စေ့ဖူးရောင်၊ ဝဲမျက်စိ ဖူးရောင်ဒဏ်ရာ များရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွား ခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း တင်ထွန်းအောင်အား အင်းစိန်မြို့မရဲစခန်းယာဉ်(ပ) ၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice?fref=nf

No comments:

Post a Comment