ပုသိမ် ဇူလိုင် ၁၂
(၁-၇-၂ဝ၁၄)ရက်နေ့ (၁၈းဝဝ)နာရီ အချိန်တွင် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းတောင်ရပ်နေ မ----(၄ဝ)နှစ် (ဘ) ဦး----၊ ဗမာ/ဗုဒ္ဓ၊ မှီခိုသည် တစ်ခြံ တည်းနေ ခင်ပွန်းဖြစ်သူ၏ တူတော်သူ မောင်---- (၂၉)နှစ် (ဘ) ဦး----၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်မောင်း (အို)နှင့်အတူ ရွေမြင်တင်အုပ်စု၊ စံပြကျေးရွာနေ ကို-----၏ နေအိမ်၌ ခြုံစောင်ယူရန် ဆိုင်ကယ်ဖြင့်လိုက်သွားရာ ခြုံစောင်အား မီးဖွားသူမှ အသုံးပြုထားသဖြင့် မယူဘဲ မောင်----နှင့် အတူပြန်လာရာ ရွှေမြင်တင် လေ့ကျင့်ရေး (၆)တပ်အနီးသို့အရောက် မောင်---မှ အသိတစ်ဦးထံ ခဏသွား မည်ဟု ပြော၍ ဆိုင်ကယ်အား မောင်းနှင်သွားပြီး လူပြတ်သော တောအုပ်အနီး အရောက်၌ ဆိုင်ကယ်အားရပ်ကာ မြက်ခင်းပေါ်တွန်းလှဲ၍ သားမယားအဖြစ် ပြုကျင့်ပါသည်။
အမှုဖွင့်ရန် သင့်/မသင့် မိသားစုနှင့်တိုင်ပင်ပြီး (၁၂-၇-၂ဝ၁၄) ရက်နေ့ (၁၈းဝ၅)အချိန်၌ မ----၏ တိုင်တန်းချက်အရ ပုသိမ်အမှတ်(၂)နယ်မြေရဲစခန်း(ပ) ၁၂၂/၂ဝ၁၄) ပြစ်မှုပုဒ်မ၃၇၆ ဖြင့် အမှုဖွင့်ပြီး တရားခံ မောင်---- အား ဖမ်းဆီး စစ်ဆေးလျှက်ရှိပါကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
No comments:
Post a Comment