Monday, 28 July 2014

လင်မယားချင်း စကားများရာမှ ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်နှက်ခဲ့၍ ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၇.၇.၂၀၁၄ရက်နေ့ ၁၀၁၅အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကွမ်းခြံကုန်းမြို့နယ်၊ သပြုစမ်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သပြုစမ်း ကျေးရွာနေ ဦးမောင်းဌေး(ခ)ဦးမောင်တင်ဌေး (၄၇)နှစ်အား ဦးခေါင်းနောက်စေ့နှင့် ၀ဲချိုစောင်းတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ယင်းနေ့ ၀၉၃၀ အချိန်ခန့်တွင် သေဆုံးသူ ဦးမောင်ဌေး(ခ) ဦးမောင်တင်ဌေးသည် ဇနီးဖြစ်သူ မအိပုံ(ခ)မလှလှသန်း (၃၀)နှစ်နှင့် မိသားစုကိစ္စ္စ ပြောဆိုဆွေးနွေးစဉ် အဆင်မပြေဖြစ်ကာ စကားများရန်ဖြစ်ရာမှ လင်မယားချင်း ကွဲမည်ဟုပြောဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့သွား ရောက်ခဲ့ကြ ကြောင်း၊ ထိုသို့ သွားရောက်ခဲ့ရာ ရွာလယ်လမ်းမ၌ ထပ်မံစကားများကြပြီး သေဆုံးသူမှ အသင့်ပါလာသော ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်မည်ပြုစဉ် ဇနီးဖြစ်သူ မအိပုံ(ခ)မလှလှသန်းမှ တုတ်ကိုလုယူ၍ ၎င်းကိုရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။ ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် ကွမ်းခြံကုန်းမြို့မရဲစခန်း (ပ)၁၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ မအိပုံ(ခ)မလှလှသန်းအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police https://www.facebook.com/yangonpolice

No comments:

Post a Comment