မြီးကောက်ပေါက် ၁၅ နှစ် အရွယ် ကျောင်းသူလေးတယောက်ကို လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့အတွက် ရဲကဖမ်းစီးလိုက်ပါတယ်။ ဂျပန်နိုင်ငံ တောင်ပိုင်း ဆာစီဘိုမြို့မှာ အဖမ်းခံရတဲ့ ဂျပန်ကျောင်းသူလေးက သက်တူရွယ်တူ အတန်းဖော်ကျောင်းသူကို လည်မျိုညစ်၊ ရိုက်နှက်သတ်ဖြတ်လိုက်ပြီး၊ ဦးခေါင်းနဲ့ လက်တဖက်ကိုဖြတ်တောက်လှီး ဖြတ်ပစ်လိုက်ပါတယ်။
အသတ်ခံရတဲ့ ကျောင်းသူရဲ့ အလောင်းကိုသူနေတဲ့တိုက်ခန်းမှာ တွေ့ရှိပါတယ်။ သူဟာမိဘနဲ့ ခွဲခြားနေထိုင်သူပါ၊
အဖမ်းခံရတဲ့ ကျောင်းသူက ဒါတွေကို သူတယောက်ထဲ လုပ်ခဲ့တာလို့ ထုတ်ဖော်ပြောကြားတယ်လို့ ကျိုဒို သတင်းအေဂျင်စီက ကိုးကားဖော်ပြထားပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese?fref=nf
No comments:
Post a Comment