Monday, 14 July 2014

လှိုင်မြစ်အတွင်း ရေချိုးဆင်းရာမှ ရေနစ် ပျောက်ဆုံးနေသူ လူငယ်အား သေဆုံးလျက်တွေ့ရှိ

 ရန်ကုန်၊ ဇူလိုင် ၁၄

၁၃.၇.၂၀၁၄ရက်နေ့ ၁၂၃၀အချိန် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ကမ်းနား အနောက်ရပ်ကွက်၊ လှိုင်မြစ်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အင်းစိန်မြို့နယ်နေ မောင်အောင်ကျော်ဌေး၊ (၁၅)နှစ် ဖြစ်ကြောင်းသိရှိ ရပါသည်။

ဖြစ်စဉ်အား စုံစမ်းခဲ့ရာ သေဆုံးသူမှာ ၁၂.၇.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ သစ်ဆိပ်လမ်း၊ လှိုင်မြစ်အတွင်းရှိ သင်္ဘောပျက်ပေါ်မှနေ၍ မြစ်အတွင်းသို့ ဒိုင်ဗင်ထိုးဆင်းကာရေချိုးရာမှ နစ်မြုပ် ပျောက်ဆုံး နေခဲ့သူဖြစ်ကြောင်း၊ ၁၃.၇.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်ခန့် မြစ်ရေ အကျတွင် ၎င်းသေင်္ဘောပျက်အနီး၌ပင် ပြင်ပ ထိခိုက်ဒဏ်ရာ မရှိဘဲသေဆုံး နေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄၄/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

https://www.facebook.com/yangonpolice

No comments:

Post a Comment