မြစ်ကြီးနား ၊ ၁၄-၇-၂၀၁၄
၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မြစ်ကြီးနား မြို့နယ် လုံဂါဇွပ် ကျေးရွာအနီး ဧရာဝတီမြစ် အတွင်းမှ အသက် သေဆုံးလျက် မျောပါနေသော လူသေ အလောင်း တစ်လောင်းကို အနီး ဝန်းကျင်မှ ရွာသားများက တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ရာ အဆိုပါ အလောင်းအား ရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိ သူများ နှင့် မြစ်ကြီးနား မြို့မရဲစခန်း မှ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သေဆုံးနေ သူမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း ပြည်သူများ၏ အကူအညီကို ရယူ၍ စုံစမ်းရာ ၄င်းမှာ မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်၊ အင်ဂျန်ဒုံ (မြောက်) အိမ်အမှတ် (၅၆) နေ အဘ ဦးလရှီ ဘရန်ကီး ၏ သားဖြစ်သူ မောင်လချီးလဝမ် (၂ဝ)နှစ်၊ စက်မှုလက်မှု အထက်တန်းကျောင်း၊ ပထမနှစ် ကျောင်းသား ဖြစ်ကြောင်း မိဘများမှ အတည်ပြု ပြောကြား ခဲ့သည်။
အဆိုပါ မောင်လချီးလဝမ် (၂ဝ) နှစ်သည် ဇူလိုင်လ ၁၁ ရက် (ဝါဆိုလပြည့်နေ့) နံနက် ၁၁ နာရီခွဲ ခန့်က မြစ်ကြီးနား မြို့နယ် အောင်မြင်သာ ကျေးရွာ၊ ဧရာဝတီ မြစ်ဆိပ်ရှိ '' ကချင်ချောင်းသာ '' နေရာတွင် မြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ် ပျောက်ဆုံး နေကြောင်း ယမန်နေ့က သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြား ထားကြောင်း နှင့် ၄င်း စက်မှုလက်မှု အထက်တန်း ကျောင်းသား ရေနစ်သေဆုံးမှု နှင့် ပတ်သက်၍ ဓမ္မတာအတိုင်းေ သဆုံးခြင်း ဟုတ်/ မဟုတ် သိရှိနိုင်ရန် အလောင်းအား မြစ်ကြီးနားမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားပြီး ဆေးရုံမှ ပီအာရ်-၄ ဖြင့် လက်ခံ ထားရှိပြီး မြို့မ ရဲစခန်းတွင် စခန်းမှူး ဒုရဲမှူး ထွန်းဝင်းမှ သေမှု သေခင်း အမှတ် (၁၅/၂ဝ၁၄) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
#PyiChitThar
http://pyichit-thar.blogspot.com/2014/07/blog-post_14.html
No comments:
Post a Comment