Monday, 22 September 2014
အချစ်ကုန်ဈေး
အချစ်ကုန်ဈေး
ငွေနဲ့သာ
ဘ၀ကိုတိုင်းလို့ရစတမ်းဆိုရင်
ဘီလ်ဂိတ် လမ်းဘေးအိပ်နေတုန်းက
မင်းသိတောင်သိခဲ့လို့လား။
ဝန်ခံပါတယ်..
မီလျံမှာ သုည ဘယ်နှစ်လုံးရှိမှန်းငါမသိဘူး
ငါနဲ့လည်းမဆိုင်ဘူး
သိလည်းမသိချင်ဘူး..။
ဂစ်တာမှာ
ဘယ်နှစ်ကြိုးရှိလဲ ငါသိတယ်
ငါက လတ်လတ်ဆတ်ဆတ် အနုပညာတွေပဲ
ချမ်းသာချင်တဲ့ကောင်။
နင်က ကိုယ့်ကိုယ်ကို
ဘယ်လောက်နဲ့ရောင်းချင်တာလဲ
ဈေးအရမ်းကြီးလွန်းတယ်
ငါ မ၀ယ်နိုင်ပါဘူး ကိုင်ကြည့်တာပါ..။
မင်းအရိပ်နဲ့မင်းတော. အတော်ပါပဲ
ကမ္ဘာလည်တိုင်း အရွယ်အစားပြောင်းပြောင်းသွားတော့
နေကပဲ အပြစ်ရှိတာလား
နင်ကပဲ အပြစ်ရှိတာလား..။
နင်တောင်းတဲ့ဈေး ငါမပေးနိုင်ပါဘူး
ငါအောင်းတဲ့ဇောင်းတော့ နေနိုင်ရင် လိုက်ခဲ့
ကောက်ရိုးကိုမိုး ၀ါးခြမ်းကျိုးလေးတွေနဲ့
ဟားဟားဟား မြေအိုးထမင်းတော့. စားရမယ်..။
ငါသိပါတယ်ဟာ
အရူးတစ်ယောက်ရဲ့ ဘုံတစ်ခုကို
ဆေးပြင်းလိပ်နံ့တွေကြောင့်
နင်မလာရဲတာ..။
ကဲ.ထားတော့
ငါကတော. ၀ါသနာတစ်ခုရဲ့ဘေးမှာရှိတယ်
နင်ဈေးကျလို့ အော်ရောင်းတော့.မှပဲ
ရှေ့မျက်နှာနောက်ထားပြီး
နောက်တစ်ခေါက်တွေ့ကြတာပေါ့...။
Credit - Aung Lay
No comments:
Post a Comment