သားငယ်သို့
လောက လေ ကို ရှုရှိုက်၍
သုခ၊ ဒုက္ခ ဟူသမျှကို စတင်ခံစားပါလေ…
ဆင်မြန်းထားတဲ့ အနှီးပိတ်ဖြူနဲ့
အမေ့ မေတ္တာသာ
သား ပိုင်ဆိုင်မှု အစစ်ဖြစ်ပေတယ်..
သာမာန် မိန်းမသား အမေ့မှာ
ခမ်းနားခြင်း၊ ကြီးကျယ်မြင့်မြတ်ခြင်းတို့
သားအတွက် လက်ဆောင်မွန် မရှိနိုင်ပါ။
သို့သော် လူသားဘဝအနှစ်သာရအဖြစ်
ကိုယ့်ကိုယ်ကို တွေးမိတိုင်း
ကျေနပ်ပျော်ရွှင်စေနိုင်ရန်
အသက်ဆုံးတိုင် သင်ပြပါ့မယ်..သားငယ်။
အဖွားပေးတဲ့ ပိတ်ဖြူစ
အမေ့ကိုယ်ပေါ် ခြုံလွှမ်းရချိန်
သားငယ်သည်…လူလောက၌ နောင်တကင်းစွာ
ပျော်ရွှင်စွာ ဖြတ်သန်းနေနိုင်သူ ဖြစ်ပါစေလေ…
ခရေ
(နံနက် ၁၀နာရီ ၁၅ မိနစ်။ ၁၀ရက်၊ သြဂုတ်လ၊ ၂၀၁၄)
No comments:
Post a Comment