Monday, 22 September 2014

ကားရေဆေးရန် ရေမော်တာမီပလပ်ကြိုးထိုးရာမှ ဓါတ်လိုက်ခဲ့သဖြင့်သေဆုံး

၂၀.၉.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် ရွှေပြည်သာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ အမျိုးသား(၁)ဦး ဓါတ်လိုက်ခံရ၍ သေဆုံးရောက်ရှိ နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုကို(ခ)လပြည့်ဖြိုး(၂၄)နှစ်ဖြစ်ပြီး ၎င်းတွင် ယာလက်မနှင့် လက်ညှိုးတို့ကြား၌ ပေါက်ပြဲ ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ သေဆုံးသူသည် ၁၈၀၀ အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၂၀/၄၅)ရပ်ကွက်ရှိ ၎င်းယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်သော ကုမ္ပဏီ၏ ပစ္စည်းများ ထားသိုရာ ဂိုထောင်တွင် ကားရေဆေးရန်အတွက် ရေမော်တာ မီးပလပ်ကြိုးအား ထိုးရာမှ ဓါတ်လိုက်ခံရပြီး လဲကျသွားခဲ့သဖြင့် အင်းစိန်ဆေးရုံ
သို့ ပိုအပ်စဉ် သေဆုံးခဲ့ခြင်း ဖစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment