ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေးတွင် အသုံးပြုခဲ့သော သောင်တူး သင်္ဘောအား ရေကြောင်း အာဏာပိုင်များက ပြန်လည်သိမ်းယူမည့် အကြောင်း ကြိုတင်အကြောင်းကြားစာ ပို့ခဲ့ပြီး စနေနေ့က ပြန်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိရသည်။
ယင်းနှင့်ပတ်သက်၍ ခေါင်းလောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဦးစံလင်းနှင့် နီးစပ်သူတဦးထံမှ သိရသည်မှာ ဦးစံလင်းက သောင်တူးသင်္ဘောကို ထပ်မံငှားယူရန် ကြိုးပမ်းနေသည်။
ဦးစံလင်းအပြင် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရေးတွင် စိတ်ပါဝင်စားသော အခြားအဖွဲ့ ၃ ဖွဲ့ခန့်ရှိနေပြီး ယင်းတို့အနက် ခရိုနီတဦးလည်း ပါဝင်နေပြီး သောင်တူးစက်ကို ငှားယူရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
No comments:
Post a Comment