Sunday, 9 September 2018

သဒ္ဓါသာဝင်​​နေရင်​ အရာရာအဆင်​​ပြေပါတယ

🙏သဒ္ဓါသာဝင်​​နေရင်​ အရာရာအဆင်​​ပြေပါတယ်​၊
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သဒ္ဓါတရားသာရှိရင်​ အာရုံတိုင်းဟာ
ကုသိုလ်​အာရုံ​တွေချည်းပါ။

သဒ္ဓါတရားသာရှိရင်​ ​နေရာတိုင်းဟာ
ကုသိုလ်​​နေရာ​တွေချည်းပါ။

သဒ္ဓါတရားသာရှိရင်​ အလုပ်​တိုင်းဟာ
ကုသိုလ်​အလုပ်​​တွေချည်းပါ။

သဒ္ဓါတရားသာရှိရင်​ အချိန်​တိုင်းဟာ
ကုသိုလ်​အချိန်​​တွေချည်းပါ။

ကုသိုလ်​စီးပွားနဲ့ တရားရတနာဟာ
သဒ္ဓါအရင်းအနှီး ရှိသူ​တွေအတွက်​သာ
သီးခြားဖြစ်​ထွန်း​နေတဲ့ 
သဘာဝအခွငိ့အ​ရေး​တွေပါပဲ။

🌻အရှင်​ဆန္ဒာဓိက(​ရွှေပါရမီ​တောရ)📚🙏


No comments:

Post a Comment