Sunday, 9 September 2018

ဘ၀ကိုဖြတ်သန်းတဲ့အခါ

ဘ၀ကိုဖြတ်သန်းတဲ့အခါ ----
▄▄▄▄▄▄▄▄▄▄▄▄▄▄
အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ

ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ

မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ

ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့

အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ

အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ

ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ

အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ

ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ

မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့

သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့

ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့

ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့

Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။

အရမ်းကာရောစိုးရိမ်ပူပန်တတ်ခြင်းမဖြစ်ပါစေနဲ့ ။

အကောင်းဆုံးကို လိုချင်ရင် အဆိုးဆုံးကိုလည်း လက်ခံတတ်ပါစေ ။

သူငယ်ချင်းအားလုံးဘ၀မှာသင့်တင့်မျှတသောစိတ်နဲ့ ဖြတ်သန်းနိုင်ပါစေ
[တွေးမိတိုင်းပျော်]စာအုပ်မှကောက်နှုတ်သည်။

မေတ္တာဖြင့်
ရွှေအိမ်စည်

ကောင်းသောည


No comments:

Post a Comment