ဝေဖန်နိုင်ပါသည် သို့သော် …
မိမိသည် ထူးခြားသော သစ္စာအမှန်တရားကို သိရှိထားသဖြင့် အချို့သော ပုဂ္ဂိုလ်များက
၁) ယုံကြည်မှု မရှိဟု ယူဆနိုင်သည်။ မယုံကြည်သူများအတွက် မပြောလိုပါ။
၂) ဝေဖန်လိုသူများပေါ်နိုင်သည်။
ဝေဖန်လိုသူများပေါ်ပါက ထိုဝေဖန်လိုသူများသည် သူတို့ကိုယ်တိုင် ဝေဖန်နိုင်သော အရည်အချင်း ရှိကြောင်း မိမိအရည်အချင်းကို မိမိဖော်ထုတ်ရပေလိမ့်မည်၊ ဘာ နားကန်းတစ်လုံးမှ နားလည် လေ့ကျင့်ထားသော အခြေအနေ မရှိသော ပုဂ္ဂိုလ်တို့သည် စာရေးသူအား သိမြင်နားလည် ဝေဖန်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ ထိုကြောင့် မိမိက ကြိုဆိုလိမ့်မည်လည်း မဟုတ်ပါ။ ဝေဖန်လိုက ဝေဖန်နိုင်သည်။ ထို ဝေဖန်သူသည် ဝေဖန်နိုင်သူတို့၏ အရည်အချင်း ပြီးပြည့်စုံ ရပါလိမ့်မည်။ ဤအချက်ကို မိမိ သတိပေး လိုပါသည်။ ဤ ဝေဖန်ချက်က သိပ္ပံနည်းကျ ဝေဖန်ချက်ပင် ဖြစ်သည်။ တစ်ချိန်က သိပ္ပံပညာရှင် ဟော့ကင်းသည် ပြောခဲ့ဖူးသည် …
“You can always question the competence of the person who carried out the observation.”
”သိပ္ပံပညာရှင်များကို ဝေဖန်နိုင်ပါသည် သို့သော် ဝေဖန်နိုင်လောက်သော အရည်အချင်း ရှိရဲ့လားဟု ထိုဝေဖန်ခံရသော သိပ္ပံပညာရှင်က ပြန်လည်၍မေးနိုင်သည်” ဟု ဖော်ပြခဲ့ဘူးသည်။ သူ၏ A Brief History of Time စာအုပ် စာမျက်နှာ (၁ဝ)တွင် ဖော်ပြခဲ့ဖူးသည်။
ထို့အတူပင် မိမိအား ဝေဖန်လိုက ဝေဖန်နိုင်ပါသည် သို့သော် ဝေဖန်နိုင်လောက်သော အရည်အချင်းရှိအောင် ကိုယ့်ကိုကိုယ် ပထမကြိုတင်ပြင်ဆင်ရ ပေလိမ့်မည်။ ထိုသို့ ပြင်ဆင် ပြည့်စုံပြီးသား မရှိသော ပုဂ္ဂိုလ်များအား မိမိသည် ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်ပါ။
ထို့အပြင် ဤလောက၌ ကြိုးစားသူသည် ကြိုးစားသောပညာရပ်၌ ထိုက်သင့်သလို အောင်မြင်လေ့ ရှိကြသည်။ မကြိုးစားသောပုဂ္ဂိုလ် မလေ့လာသောပုဂ္ဂိုလ်သည် တတ်သိနားလည် ကျွမ်းကျင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် မိမိသည် သစ္စာတရားကို ရှာဖွေ၍ သိရှိနိုင်အောင်လည်း ကြိုးစားခဲ့ဖူးသည်။ ထိုသို့ ကြိုးစားသဖြင့် ရရှိလာသော အသိပညာကို မကြိုးစားသူများ သိနားလည်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ကြိုးစားသူ၊ လေ့လာသူသာ သိရှိသောကိစ္စများအား မကြိုးစားသူ မလေ့လာသူများ မသိရှိလျှင် – မသိရှိသော ပုဂ္ဂိုလ်များက သွားပုပ်လေလွင့် ရမ်းပြော၍၊ ယုတ္တိနည်းမကျ ပြော၍ လက်ခံဖွယ်ရာ အကြောင်းမရှိပါ။ ကြိုးစားပါလျှက်နှင့် မဖြစ်မြောက်နိုင်သော ပုဂ္ဂိုလ်များကိုသာ မိမိသည် မိမိအောင်မြင်သကဲ့သို့ အောင်မြင်ရန် ကူညီလိမ့်မည် ဖြစ်သည်။ မလေ့လာသော ပုဂ္ဂိုလ်သည် မသိရှိနိုင်၊ မသိရှိနိုင်သဖြင့် ကိုယ်မလေ့လာ၍ မသိရှိခြင်းကို နားမလည်နိုင်ဘဲ .. “ငါတောင်မသိတာ – ဒင်းလည်း မသိပါဘူး” ဟု ပစ်စလက်ခတ် ပြောဆိုသော ပုဂ္ဂိုလ်များအတွက်မူ ဤဖိုရမ်၌ နေရာမရှိပါ။
ဒေါက်တာချစ်ငယ်(ဒဿန)
M.A, Ph.D (Doctor of Philosophy in Religious Sciences) London.
မြန်မာနိုင်ငံ။

0 comments:
Post a Comment