စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 24 May 2015

အမှတ်မှား အရွေးမှားတတ်ကြတဲ့ NETBOOK နှင့် NOTEBOOK

အခု ပြည်တွင်း ဈေးကွက်မှာ စားပွဲတင် ကွန်ပျူတာများထက် ခရီးဆောင် ကွန်ပျူတာများက လူကြိုက် ပိုများလာတဲ့အပြင် အရောင်းဆိုင်တွေ ဘက်ကလည်း ပေါ့ပေါ့ပါးပါး ကွန်ပျူတာလေးကိုသာ  ရှေ့တန်းတင် ရောင်းချလာကြတာကို တွေ့ရပါတယ်။ ဒီအခါမှာ Netbook လား၊ Notebook လားဆိုတဲ့ မေးခွန်းကို မကြာခဏ ကြားရပြီး သုံးစွဲသူ မိဘပြည်သူများ အနေနဲ့လည်း အထက်ပါ ခရီးဆောင် ကွန်ပျူတာ နှစ်မျိုးအကြား ကွဲကွဲပြားပြား မရှိလှတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ခရီးဆောင် ကွန်ပျူတာ ဝယ်မယ်ဆိုရင် Netbook လား၊ Notebook လား အရွေးမမှားစေဖို့ သိမှတ်ဖွယ် အချက်များကို ရေးသား တင်ပြလိုက်ရပါတယ်။

တည်ဆောက်ပုံ

Netbook ဆိုတဲ့ အယူအဆဟာ Notebook တွေ ပေါ်ထွက်လာပြီးမှ ပေါ်ပေါက်လာတာ ဆိုပေမယ့် သိပ်ပြီးတော့ ဆန်းသစ်တာတော့ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဘက်ထရီအား ကြာကြာခံစေမယ့် ကွန်ပျူတာ အသေးစားတစ်မျိုးကို မိုက်ခရိုဆော့ဖ်က ကြံဆခဲ့ပါတယ်။ Windows CE နဲ့အတူ ပေါ်ထွက်လာတဲ့ IBM Workpad Z50 နဲ့ HP Jornada 820 တို့ဟာ စွမ်းအင် သုံးစွဲမှုနည်းတဲ့ Processor တွေ၊ တခြားခရီးဆောင် ကွန်ပျူတာတွေထက် သေးငယ်တဲ့ မျက်နှာပြင်တွေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပြီး Hard Drives အစား Flash RAMကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ခေတ်မစားခဲ့ပါဘူး။ Netbook ဆိုပြီး ပြည်တွင်း ဈေးကွက်မှာ လူသိစများလာတဲ့ ပစ္စည်းကတော့ တရုတ်တိုင်ပေအခြေစိုက်  Asus ကုမ္ပဏီရဲ့ EEE PC လေးတွေပဲ ဖြစ်ပါတယ်။ Netbook နဲ့ Notebook အကြား ဘာကွဲပြားသလဲဆိုတဲ့ အချက်ကိုတော့ တည်ဆောက်ပုံ ကွဲပြားတယ်လို့ပဲ ထောက်ပြပါရစေ။ လူအများ သိတဲ့အချက်ကတော့ Notebook မှာ DVD Drive ပါတယ်၊ Netbook မှာတော့ မပါဘူးဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ ဒါဟာ အမြဲမှန်ပါဘူး။ Netbook တွေဟာ Notebook တွေထက် ဈေးချိုလေ့ရှိပေမယ့် DVD Drive မပါဝင်လို့ Netbook စာရင်းထဲသွင်းရမလိုလို ဖြစ်နေတဲ့ MacBook Air ဟာ ကမ္ဘာမှာ ဈေးအကြီးဆုံး Notebook စာရင်းဝင် ဖြစ်နေပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ အစက ပြောခဲ့သလို တည်ဆောက်ပုံကြောင့်ပါပဲ။


ပရိုဆက်ဆာ အဓိက

အမြွှာညီအစ်ကိုလို ဖြစ်နေတဲ့ Netbook နဲ့ Notebook ကို အဓိက ခွဲခြားထားပေး တာက DVD Drive မဟုတ်ပါဘူး။ သူတို့ရဲ့ ပရိုဆက်ဆာတွေ ဖြစ်ပါတယ်။ Netbook မှာ အသုံးပြုတဲ့ ပရိုဆက်ဆာတွေဟာ Notebook ပရိုဆက်ဆာတွေနဲ့ တည်ဆောက်ပုံ လုံးဝမတူဘဲ ဝိတ်လျှော့ထားတဲ့ပုံစံနဲ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အတိအကျပြောရရင် Netbook ပရိုဆက်ဆာတွေဟာ ကုန်ကျစရိတ် လျော့ချဖို့နဲ့ ဓာတ်အားစား သက်သာဖို့တို့ကို အသားပေးထားတာကြောင့် စွမ်းဆောင်ရည် အပိုင်းမှာ Notebook ပရိုဆက်ဆာတွေကို လုံးဝ (လုံးဝ)မယှဉ်နိုင်ပါဘူး။  အများမြင်သာတဲ့ ဥပမာနဲ့ပြောရရင် လက်ရှိ Notebook အများစုမှာ Pentium အုပ်စုထက် အစွမ်းပိုမိုတဲ့ Core အုပ်စု ပရိုဆက်ဆာတွေ တပ်ဆင် ပေးထားကြပြီး နောက်ဆုံးပေါ် Netbook တွေမှာတောင် Pentium အုပ်စုထက် စွမ်းရည်နိမ့်တဲ့ Celeron Dual Core အဆင့်သာသာလောက်ရှိတဲ့ Atom ပရိုဆက်ဆာ တွေကို တပ်ဆင်ပေးထားပါတယ်။ ဒီလောက်ဆိုရင် Notebook နဲ့ Netbook ကို တည်ဆောက်ပုံအရ ခွဲခြားနိုင်ပြီလို့ ထင်ပါတယ်။


ညီအစ်ကိုရင်းချာ

စက်ဦးနှောက်ဖြစ်တဲ့ ပရိုဆက်ဆာအပိုင်းမှာ ကြီးကြီးမားမား ကွာဟနေတာကလွဲလို့  Netbook နဲ့ Notebook မှာ အခြား တည်ဆောက်ပုံ ကွာခြားချက် မရှိတော့ သလောက်ပါပဲ။ တည်ဆောက်ပုံအရ ခရီးဆောင် ကွန်ပျူတာအုပ်စုဝင်တွေ ဖြစ်တာနဲ့ အညီ ပေါ့ပေါ့ပါးပါးနဲ့ ကျစ်ကျစ်လျစ်လျစ်ရှိပြီး ရုတ်တရက်ကြည့်ရင် ခွဲခြားလို့တောင် မရနိုင်ပါဘူး။ ဒါပေမဲ့ စွမ်းရည်ပိုနိမ့်တဲ့ ညီငယ်တွေ ဖြစ်တာနဲ့အညီ Netbook တွေဟာ ပိုမိုသေးငယ်ပေါ့ပါးပြီး မျက်နှာပြင် အရွယ်အစား (၁၁) လက်မထက်ငယ်တဲ့ ပုံဖော် မျက်နှာပြင်တွေ ပါရှိပါတယ်။ Notebook အများစုကတော့ ပုံဖော် (၁၄) လက်မ အနည်းဆုံးရှိပြီး (၁၅) လက်မအရွယ်၊ (၁၇) လက်မအရွယ်၊ (၁၉) လက်မအရွယ်တို့ အထိ တည်ဆောက်ထားကြတာ တွေ့ရှိပါတယ်။ အရွယ်အစားအရကို Netbook က Notebook ထက် အားသာသွားတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ကျောင်းသွား၊ ကျောင်းပြန် လွယ်အိတ်ထဲ ထည့်သယ်သွားလို့ ရတယ်။ အလေးချိန်က ကွန်ပျူတာ Programming စာအုပ်တစ်အုပ် ဒါမှမဟုတ် သင်္ချာ Calculus ပြဋ္ဌာန်းစာအုပ် လောက်ပဲ ရှိတယ်။ ဒီတော့ ဟိုဟိုဒီဒီ သယ်သွားဖို့ (၁၇) လက်မအရွယ် Notebook  ထက်၊ (၁၁) လက်မအရွယ် Netboook က ဦးစားပေး ရွေးချယ်ချင်စရာ ဖြစ်သွားပါတယ်။ Netbook ကိုင်တဲ့ သူတွေကို ဘာလို့ Netbook ဝယ်ကိုင်သလဲလို့ မေးရင် ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားလို့ရလို့ ဆိုတဲ့ အဖြေက (၉၀) ရာခိုင်နှုန်းပါ။ ဒီလောက်ဆိုရင် Netbook ကို ဘာကြောင့် ဝယ်သင့်သလဲ ဆိုတာကိုလည်း သိသွားလောက်ပြီ ထင်ပါတယ်။


စွမ်းဆောင်ရည်နှင့် ဘက်ထရီ

သယ်သွားလို့ရတာတော့ ဟုတ်ပါပြီ၊ သယ်သွားပြီး ဘာလုပ်မှာဆိုတဲ့ မေးခွန်းက ဆက်မေးချင်စရာ ဖြစ်လာပါတယ်။ Netbook ဟာ နာမည်နဲ့လိုက်ဖက်အောင် အင်တာနက်သုံးဖို့ သက်သက်ထွက်ပေါ်လာခဲ့တာဖြစ်လို့ Netbook ပေါ်မှာ ဗီဒီယိုကြည့်ဖို့၊ ဂိမ်းဆော့ဖို့ ဆိုတဲ့ ရည်မှန်းချက်တွေ ကြီးကြီးမားမား မထားရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဆောင်းပါးအစမှာ ဆိုခဲ့တဲ့အတိုင်း စက်ဦးနှောက် အပိုင်းမှာ အလွန်ကွာခြားနေတဲ့ အတွက်ကြောင့်ပါပဲ။ RAM, Hard Disk အစရှိတဲ့ အပိုင်းတွေမှာ မကွာခြားလှပေမယ့် စက်ဦးနှောက် အပိုင်းက အသာစီးရထားတဲ့ Notebook တွေဟာ  Netbook တွေထက် သိသိသာသာ ပိုမြန်ပါတယ်။ Atom N 270 ပရိုဆက်ဆာ သုံးစွဲထားတဲ့ Netbook တစ်ခုပေါ်မှာ WMV ဖိုင်တစ်ခုကို DivX (MP4) သို့ ပြောင်းလဲ ကြည့်ခဲ့ရာမှာ (၉) မိနစ်နဲ့ စက္ကန့် (၂၀) ကြာပါတယ်။ ဒါပေမဲ့ အလယ်အလတ် နုတ်ဘုတ်တွေမှာ တွေ့ရလေ့ရှိတဲ့ Core 2 Duo T8100 ပရိုဆက်ဆာသုံး Notebook တစ်ခုပေါ်မှာ အဲဒီဖိုင်ကိုပဲ ပြောင်းကြည့်လိုက်တော့ (၂) မိနစ်နဲ့ (၂၉) စက္ကန့်ပဲ ကြာတာကို တွေ့ခဲ့ရပါတယ်။ Photoshop ပေါ်မှာ ဓာတ်ပုံအကြီးကြီးတွေကို Layer ပွားတာ၊ Resize လုပ်တာ၊ Format ပြောင်းတာတွေ လုပ်ကြည့်ရာမှာတော့ Netbook နဲ့ Notebook သိပ်မကွာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဗီဒီယို တည်းဖြတ် လုပ်ငန်းစဉ်မှာတော့ Netbook က စိတ်ပျက်စရာ ကောင်းလောက်အောင်ကို နှေးကွေးလေးလံပါတယ်။ ဂိမ်းဆော့ပြီဆိုရင်လည်း Netbook တွေပေါ်မှာ ဆော့လို့မရလောက်တဲ့ အဆင့်အထိ တွေ့ကြုံရတတ်ပါတယ်။ Atom N 270 သုံး Netbook တစ်ခုပေါ်မှာ Crysis ကို သွင်းကြည့်တော့ Programme က အသွင်းတောင် မခံပါဘူး။ Chipset နဲ့ မကိုက်ဘူးလို့ ပြန်ပြောပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ဂိမ်းတွေကို ပြန်ကစားချင်တယ်ဆိုရင်တော့ Netbook က သိပ်အခြေအနေ မဆိုးပါဘူး။ ဒီလိုစွမ်းဆောင်ရည် လျှော့ချထားတာတွေ ရှိပေမယ့် ဘက်ထရီသက်တမ်းနဲ့ ပတ်သက်ရင်တော့ Netbook တွေက Notebook တွေပေါ်မှာ ပြတ်ပြတ်သားသား အနိုင်ရသွားနိုင်ပါတယ်။

အချုပ်ဆိုရရင်တော့ တစ်ချိန်က စားပွဲတင် ကွန်ပျူတာတွေကို Notebook တွေက အလဲထိုးခဲ့သလိုမျိုး Netbook တွေက လုပ်ဆောင်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေ ရှိခဲ့ပေမယ့် ပေါ့ပေါးပါးပါး သယ်သွားလိုသူတွေအတွက်သာ Netbook တွေက ရွေးချယ်ချင်စရာ ကောင်းနေပြီး ကွန်ပျူတာ စွမ်းဆောင်ရည် အပြည့်အဝ အသုံးချလိုသူတွေ အတွက်ကတော့ Netbook  တွေဟာ မက်လောက်စရာ မရှိပါဘူး။ အသုံးပြုတယ် ဆိုရင်လည်း ရုံးစာရိုက်တဲ့ အဆင့်၊ အင်တာနက်ကြည့်တဲ့ အဆင့်လောက်သာ အသုံးပြုသင့်ပြီး Netbook ထဲမှာ ဗီဒီယိုတွေ ဂိမ်းတွေ ထည့်မသုံးသင့်ပါဘူး။ နောက်ဆုံး ဈေးကွက်ဝင်လာတဲ့ Tablet  တွေကို ဘာလို့ ရွေးချယ်ဝယ်ယူရမလဲ ဆိုတာကို ဆက်လက် ဖော်ပြသွားပါမယ်။

ဟိန်းစိုးထွန်း
http://news.yatanarpon.com.mm/cp/itweekly/article-37348

By IT weekly Originally posted 26/09/2011 13:12PM

Root ဆိုတာဘာလဲ

Android မှာ root လုပ်တယ်ဆိုတာ သင့်ဖုန်းရဲ့  နဂို OS ကို ကိုယ်တိုင်လုပ်ချင်ရာလုပ်ဖို့အတွက် ခွင့်ပြုချက်ပေးတာပဲဖြစ်ပါတယ်။ ဆိုလိုတာက သင့်ဖုန်းကို မူလကဖုန်းထုတ်တဲ့သူတွေ ကန့်သတ်ထားတဲ့ အရာတွေကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဥပမာ OS ရဲ့ system ဖိုင်တွေ အကုန်လုံးကို သင့်စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ ဒါမှမဟုတ်ရင် သူများတွေပြုပြင်ထားတဲ့ ROM တွေကိုသွင်းလို့ရပါတယ်။

Root ဆိုတဲ့နာမည်က Linux မှာသုံးတာပါ။ သူက system တစ်ခုလုံးမှာ လုပ်ချင်ရာလုပ်လို့ရနိုင်တဲ့လူပေါ့။(Windows မှာတော့ Administrator လို့ခေါ်ပါတယ်။)
Root လုပ်ရင် Superuser ဆိုတဲ့ app လေးသွင်းပေးပါတယ်။ သူက ကျန်တဲ့ root ဝင်ခွင့်လိုတဲ့ app တွေကို ထိန်းချုပ်ပေးပါတယ်။ ခွင့်တောင်းသမျှ app တွေကို လက်ခံ/မခံ ခလုပ်လေးနှိပ်လိုက်ရမှာဖြစ်ပါတယ်။

(img:471586479560010)
ကဲ..ဟုတ်ပြီ။ root လုပ်ရင်ဘာရမလဲ?

ကျန်တဲ့ဟာတွေတော့ များများစားစားမပြောတော့ပါဘူး။ ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ တစ်ချက်ကတော့ root လုပ်ရင် ဇော်ဂျီဖောင့်သွင်းလို့ရပါတယ်။ (root မလုပ်ဘဲနဲ့တော့ ဘယ်လိုမှ သွင်းလို့မရနိုင်ပါဘူး။ သူက system ရဲ့ ဖောင့်နေရာမှာ ဇော်ဂျီကို အစားထိုးမှ မြင်ရမှာ ဖြစ်ပါတယ်။)
နောက်ထပ် Titanium backup … သူက သင့်ဖုန်းတစ်လုံးလုံးကို backup လုပ်ပေးပါလိမ့်မယ်။ တစ်လုံးလုံး ဆိုတဲ့အတွက် system ဖိုင်တွေက အစ ပါ ပါတယ်။ ဒါကြောင့် သူကလည်း root လုပ်မှ သုံးလို့ရပါတယ်။
ဆိုးကျိုးတွေကရော…?
တစ်ခုဖြစ်နိုင်ပါတယ်။ သင့်ဖုန်းက ဘာမှ မလုပ်တော့ဘဲနေပါလိမ့်မယ်။ ဒါကို brick ဖြစ်တယ်လို့ခေါ်ပါတယ်။ အမည်းရောင် မျက်နှာပြင်ကြီးပေါ်နေပြီး ဘာဆိုဘာမှ နှိပ်လို့မရတော့တာပါ။
root လုပ်ချင်တယ်…

Google မှာ သင့်ဖုန်းနာမည်နဲ့ အနောက်က root ဆိုပြီး ရှာလိုက်ပါ။ (ဥပမာ HTC Desire HD root )
တချို့ဖုန်းတွေက ဖုန်းထဲမှာတင်ပဲ z4root လို app တွေနဲ့ root လုပ်လို့ရပါတယ်။ တချို့က ကွန်ပျူတာနဲ့ချိတ်ပြီး Super One-Click Android root လို ကွန်ပျူတာ  software တွေနဲ့ root လုပ်မှရပါတယ်။ ကံဆိုးသူတချို့ဖုန်းတွေက ကိုယ်တိုင်လုပ်မှရပါတယ်။

from : http://www.myanmartutorials.com/mobile/android/what-is-root/

Wednesday, 22 October 2014

ဖုန်းအတုနဲ့ အစစ် ခွဲခြားနည်း (နည်းပညာ ဆိုင်ရာ ဗဟုသုတ)

ဖုန်းအတုနဲ့ အစစ် ခွဲခြားနည်း (နည်းပညာ ဆိုင်ရာ ဗဟုသုတ)
---------------------------------
သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ် မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။
ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5
အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။
(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။
(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။
(၄) 00, 03, 04,05,06 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။(မေလ်းထဲကရတာဗျ မူရင်းအမည်မပါဘူးနော်..)

Saturday, 13 September 2014

Hackaton ပြိုင်ပွဲတွင် အမျိုးသမီးအများဆုံးပါဝင်သည့် ACE အဖွဲ့ ပထမရရှိ

SME လုပ်ငန်းတွေမှာကြုံရတဲ့ နည်းပညာဆိုင်ရာ ပြဿ နာတွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက်ကျင်းပတဲ့ Hackaton ပြိုင်ပွဲမှာ မိန်းကလေးတွေ အများဆုံးပါဝင်တဲ့ ACE အဖွဲ့က ပထမဆု ရရှိသွားပါတယ်။

Application တွေကို ရေးဆွဲဖန်တီးရတဲ့ ဒီပြိုင်ပွဲမှာ ပထမဆုရတဲ့ ACE အဖွဲ့ဟာ လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားပြီးတော့ အဲ့ဒီအဖွဲ့မှာ web developer တွေ programmer တွေဖြစ်တဲ့ မိန်းကလေး ၅ ဦး ယောက်ျားလေး ၂ ဦး ပါဝင်ပါတယ်။

ACE အဖွဲ့ဝင်တဦးဖြစ်တဲ့ မဟန်နီ က “အဓိက နည်းပညာလေ့လာတာကတော့ ဟန်နီတို့ ငယ်ငယ်ကတည်းက လေ့လာခဲ့တာပေါ့နော် ကိုယ့်ကိုယ်ကိုယ်လေ့လာတာတွေ လုပ်တယ် ပြီးတော့ သင်တန်းတွေတက်တယ် အဓိက အဟန့်အတားကတော့ ကိုယ့်ကိုယ်ကိုယ် လေ့လာတာတွေ လုပ်တဲ့အချိန်ပေါ့ ကိုယ်ဒီမှာ သိတဲ့ဟာတွေ တင်မဟုတ်ဘူး၊ တခြားနိုင်ငံက ဘယ်သူတွေဟာလုပ်လဲ သိတဲ့ဟာတွေ သူတို့ ဘာလုပ်လည်းဆိုတာကို လေ့လာချင်တယ်။ အတုခိုးချင်တယ်ဆိုရင် အဓိက က အင်တာနက်မှာ တက်ရှာတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲဟာ ၄၈ နာရီကြာမြင့်ပြီး အသီးအနှံတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ application ကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ နည်းပညာနဲ့ ပတ်သက်လို့ သူတို့ ပထမဆုံး ကြုံတွေရတဲ့ အခက်အခဲကတော့ အင်တာနက်ကော်နက်ရှင်ပဲလို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မရွှေရည်မြဝင်းက အခုလို ဆိုပါတယ်။

“အင်တာနက်ကွန်နက်ရှင်တွေ နှေးတယ်ပေါ့နော် ပြီးရင် ကိုယ့်ကတော့ သိနေတတ်နေပါရဲ့ ဒါတွေကို ဖော်ထုတ်ပြီးတော့ ပြမယ့်နေရာမရှိဘူး။ အဲ့ဒီတော့ ကိုယ်က သိနေတတ်နေတာပဲ ရှိတယ် ကမ္ဘာက သိမလာဘူးပေါ့။”

အိုင်တီနဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းပါ အခက်အခဲရှိခဲ့လို့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အခုတော့ ပြောင်းလဲစပြုနေပြီ ဖြစ်ပေမယ့်လည်း အစိုးရရဲ့ထောက်ပံပေးမှုကတော့ လိုအပ်နေဆဲပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64910

Friday, 1 August 2014

မာ့ခ်ဇက်ကာဘာ့ခ်(facebookဖန်တီးသူ)

မာ့ခ်ဇက်ကာဘာ့ခ်(facebookဖန်တီးသူ) မာ့ခ်ဇက်ကာဘာ့ခ် ဟာ အမေရိကန် ကွန်ပျူတာပညာရှင်တစ်ယောက်ဖြစ်ပြီးတော. ဆော.၀ဲလ် ရေးသားသူတစ်ဦးလည်းဖြစ်ပြီးတော. မျက်နှာစာအုပ်ကို ဖန်တီးခဲ.တဲ.အတွက် အများအကျိုးအတွက် အလှူရှင် တစ်ယောက်လို.လူသိများ ခဲ.ပါတယ် ။ သူ.ကို ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားခဲ.ပါတယ်။ ၂၀၀၄ ခုနှစ် CEO မှာ ပါမောက္ခ အနေနဲ.ထမ်းဆောင်နေစဉ်အတောအတွင်း သူရဲ. ဟားဗက် တက္ကသိုလ်က သူငယ်ချင်းတွေဖြစ်တဲ. Dustin Moskovitz ၊Saverin နှင်.Chris Hughes တို.နဲ. ကိုယ်ပိုင် ကုမ္ပဏီ တစ်ခုကို တည်တောင်ခဲ.ပါတယ်။၂၀၁၀ ခုနှစ် မှာ မာ့ခ်ဇက်ကာဘာ့ခ်ဟာ တိုင်း မဂ္ဂဇင်း ၏ စိတ်ဝင်စား ခြင်း ခံရသော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ခဲ.ပါတယ်။ ကိုယ်ရေးရာဇ၀င် မာ့ခ်ဇက်ကာဘာ့ခ်ဟာ ကို White plains မြို.နယ် ၊ နယူးယောက် ၊အမေရိကန်ပြည်ထောင်စု မှာမွေးဖွါးခဲ.ပါတယ်။ မာ့ခ်ဇက်ကာဘာ့ခ်ဟာ စိတ်ရောဂါကု ဆရာဝန်တစ်ဦးဖြစ်သလို သွားဆရာဝန် တစ်ဦးလည်းဖြစ်ပါတယ်။ ညီမသုံးယောက်ရှိပြီးတော. နာမည်တွေကတော.Randi ၊ Donna ၊ Arielle တို.ဖြစ်ပါတယ်။Ardsley ဆိုတဲ.အထက်တန်း ကျောင်းမှာ သင်္ချာ ၊ အတွေးခေါ် နှင်. ရူပဗေဒ ထူးချွန်ဆု ကိုရရှိခဲ.ပါတယ်။မာ့ခ်ဇက်ကာဘာ့ခ် ဟာ ပြင်သစ်ဘာသာ ၊ လက်တင်ဘာသာ နှင်.ရှေးဟောင်း ဂရိစာတွေကို ရေးနိုင် ဖတ်နိုင်ပါတယ်။ မာ့ခ်ဇက်ကာဘာ့ခ် ရဲ.ချစ်သူကတော. Priscilla Chan နှင့် Mark Zuckerberg ၏ဓါတ်ပုံ Priscilla Chan (ဆေးကျောင်းသူ) ဖြစ်ပါတယ်။မာ့ခ်ဇက်ကာဘာ့ခ်ဟာတရုတ်ရိုးရာဘာသာစကားကို နေ.တိုင်းလေ.လာနေပြီးတော. သူတို.စုံတွဲဟာ ၂၀၁၀ ဒီဇင်ဘာမှာ တရုတ်ပြည်ကို သွားရောက်လည်ပတ်ခဲ.ပါတယ်။ သူ.ရဲ. facebook စာမျက်နှာမှာ သူဟာ လူတွေ ရဲ.ဆက်သွယ်ရေး အချက်အလက်တွေ စီးဆင်းမှုကို ကူညီဖို. စိတ်ဝင်စား တယ်လို.ပြောထားပါတယ်။မာ့ခ်ဇက်ကာဘာ့ခ်ဟာအပြာရောင်ကို အနှစ်သက်ဆုံးဖြစ်ပြီးတော. facebook မှာ အများဆုံးအသုံးပြုထားတဲ.အရောင်ကတော. အပြာရောင်ဖြစ်ပါတယ်။ ဆော.၀ဲလ်ဖန်တီးရှင်(အစောပိုင်းကာလများ) မာ့ခ်ဇက်ကာဘာ့ခ်ဟာ ငယ်ဘ၀ ကတည်းက ကွန်ပျူတာ ကိုအသုံးပြုခဲ.ပြီး အလယ်တန်းကျောင်းကိုတက် တဲ.အချိန်ကတည်းက ဆော.၀ဲလ် တွေ ကိုစတငရေးသားခဲ.ပါတယ်။သူ၏ ဖခင်ဟာ သူ.ကို ကွန်ပျူတာပရိုဂရမ်ရေးနည်း ကို သင်ပေးခဲ.ပါတယ်။နောက်ပိုင်းမှာတော. Newman ဆီမှာ သင်ကြားခဲ.ပါတယ်။မာ့ခ်ဇက်ကာဘာ့ခ်ဟာအထူးသဖြင်. ဆက်သွယ်ရေး တွေနဲ.ဂိမ်းတွေကို ရေးဖို.စိတ်ပါဝင်စားမှုရှိခဲ.တယ်။ZuckNet ဆိုတဲ. ပရိုဂရမ် တစ်ခုရေးသားခဲ.ပြီး ထို ပရိုဂရမ်ကတော. အိမ်တွေနဲ. သွားကျန်းမာရေး ရုံးတွေနဲ. ဆက်သွယ်ဖို. အသုံးပြုခဲ.ပါတယ်။ မာ့ခ်ဇက်ကာဘာ့ခ် ဟာ အထက်တန်းကျောင်းတက်နေစဉ် Intelligent Media Group ကုမ္ပဏီလက်အောက်မှာ music player တစ်ခုဖန်တီးခဲ.ပြီး Synapse Media Player လို.နာမည်ပေးခဲ.ပါတယ်။Microsoft ကုမ္ပဏီနဲ. AOL တို.က မာ့ခ်ဇက်ကာဘာ့ခ်ဆီက ၀ယ်ယူဖို. ကြိုးစားခဲ.ကြပေမယ်. သူကတော. ဟားဗက် တက္ကသိုလ်မှာသုံးဖို. ဘဲရွှေးချယ်ခဲ.ပါတယ်။ ဟားဗက်တက္ကသိုလ် တက်နေစဉ် ဟားဗက်တက္ကသိုလ်မှာ စိတ်ပညာ နဲ.ကွန်ပျူတာ သိပ္ပံပညာကို လေ.လာသင်ယူခဲ.ပြီး နောက် Course Match ဆိုတဲ့ ကွန်ပျူတာ ပရိုဂရမ် ကိုရေးသားခဲ့ပြီး

Friday, 4 July 2014

Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်)

Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်)

တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ယခု ကာလအတွင်း မျက်စိရှေ့ မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို့ ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို့ ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။

Page ပျက်ရသည့် အကြောင်းအရင်း

ပျက်ရတဲ့ အခြေအနေ အကြောင်းအရင်း အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ Report အလုပ်ခံရခြင်း

ဒါကတော့ ရှင်းပါတယ်။ Visitor များက ဝိုင်းပြီး Report လုပ်ကြရင် ဖြစ် ပါတယ်။ Page ကိုရယ်လို့မဟုတ်ပဲ Page က တင်တဲ့ ပုံတွေ၊ Post တွေ ကို Report လုပ်တဲ့ အကြိမ်အရေအတွက် များလာရင် Facebook က အဲ့ဒီ Page ကို Unpublished လုပ်လိုက်ပါတယ်။ ဒါက ယာယီသို့တည်း မဟုတ် ထာဝရ ဖြစ်ပါတယ် ဆိုပြီးတော့တောင် စာပြန် ပို့ ပါသေးတယ်။

၂။ Advertise your page ကို အသုံးပြုမိခြင်း

ဒါကတော့ ဖြစ်နိုင်ချေ နောက်တစ်ချက် ဖြစ်ပါတယ်။ Facebook က ပေးထားတဲ့ Option ဖြစ်ပေမယ့် သူက မြန်မာပြည်မှာ Service မရပါဘူး။ သို့ပေမယ့် ဒါကို ခဏခဏ လက်သွားကမျဉ်းမိရင်လည်း ကိုယ့်ရဲ့  Page ကို Unpublished လုပ်ပါတယ်။ Advertise လုပ်တယ်ဆိုတာ မိမိ Page ကို Like အရေအတွက် တိုးအောင် Facebook က တရားဝင် လုပ်စားတဲ့ ကြော်ငြာ Banner လေး ဖြစ်ပါတယ်။ ဥပမာ- Suggest Page မှာ ပေါ်နေတာထက် ညာဘက်ထောင့်နားမှာ ဘယ် page ဖွင့်ဖွင့် ဒီ Page ကို Like ပါလို့ တက်တက်နေတာမျိုး ဖြစ်ပါတယ်။ ယင်းကို Service block လုပ်ထားတဲ့ နိုင်ငံကနေ လက်ကမျဉ်းရင်လည်း ပိတ်တတ်ပါတယ်။

၃။ Like တက်ရန် ဆော့ဖ်ဝဲသုံးခြင်း

Like အရေအတွက် တက်အောင် အသုံးပြုလို့ရတဲ့ Software တွေ ရှိပါတယ်။ အချို့လည်း သုံးနေကြပါတယ်။ အချို့ ရယ်လို့ မဟုတ်ပဲ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို သုံးပါတယ်။ ယင်း Software က Like ကိုတကယ်ရှိနေတာထက် အဆပေါင်းများစွာ တက်နေပါတယ်။ ဒါကို Facebook က မကြာပါဘူး။ ချက်ချင်း ထောက်လှမ်းထားပါတယ်။ Facebook API က ဒါကို Detect လုပ်မိပြီဆိုရင် Like ကို အသားလွတ် ဇွတ်ကျုံးယူတဲ့ ပုဒ်မနဲ့ Page ကို Unpublished လုပ်ပါတယ်။

၎။ ဗိုင်းရက်စ် ကိုက်ခြင်း

ဒါကလည်း ဖြစ်နိုင်ချေ တစ်ခု ဖြစ်ပါတယ်။ Facebook က မသုံးသင့်လို့ တားမြစ်ထားတဲ့ Facebook app တွေ အသုံးပြုမိတာမျိုး၊ အင်တာနက် သုံးနေရင်း ကိုယ်မသိ၊မမြင်ဖူးတဲ့ application ကို ယောင်ပြီး Install လုပ်မိတာမျိုးဆိုရင် Facebook page ကိုတင်မကပဲ ရှိသမျှ Page အားလုံးကိုပါ တိုက်ခိုက်ပါတယ်။ Spam နဲ့တိုက်ပါတယ်။ ယင်း Spam က Facebook ပင်မ Server ကိုရောက်ပြီး Spam အသားကုန် လွတ်နေတဲ့ Page ကို လမ်းပြီး Unpublished လုပ်လိုက်ပါတယ်။ အခန့်မသင့်ရန် အကောင့်ကိုပါ block ပါတယ်။

၅။ အက်ဒမင် သစ္စာဖောက်ခြင်း

ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ တော်တော်များများက Page ကို တစ်တေယာက်တည်း မကိုင်ပါဘူး။ သူငယ်ချင်းလိုက်သော်လည်းကောင်း အုပ်စုဖွဲ့ပြီး Manage လုပ်ပါတယ်။ content Creature သော် လည်းကောင်း၊ Moderator သော်လည်းကောင်၊ Admin Manager သော် လည်းကောင်း ရာထူး အမျိုးမျိုး ပေးလို့ လုပ်ကြပါတယ်။ ယင်းထဲက တစ်ယော်ယောက်ဟာ Edit Page ကဏ္ဍထဲကို ဝင်ပြီး Unpublished page ကိုသွားနှိပ်မိပြီဆိုရင်လည်း Page ကို အော်တိုပဲ Unpublished လုပ်လိုက်ပါတယ်။


အထက် ငါးချက်က အဖြစ်နိုင်ဆုံးများ ဖြစ်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ များလည်း ရှိပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက Facebook ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Facebook က အမြဲ Perfect ဖြစ်မနေပါဘူး။ Server ကျသွားတာမျိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် သူ Maintain လုပ်နေတဲ့အချိန်ဆို Account ထဲဝင်မရတာ တော်တော်များ များ သိပါတယ်။ ပြီးတော့ Comment ပေးလို့မရတာ၊ Like လို့မရတာ၊ Message ပို့လို့မရတာ၊ Friend Request ပို့လို့မရတော့တာ အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာ တို့အမြဲတမ်း ဖြစ်ပါတယ်။

Facebook က Privacy အမျိုးမျိုးအပြောင်းအလဲလုပ်နေပါတယ်။ စီးပွားရှာရမှန်းသိတော့ ပိုက်ဆံရမှ ရမယ့် Function တွေ၊ UI တွေ ထပ်တိုးလာပါအတယ်။ သူတိုးတာ ကိစ္စမရှိပေမယ့် သူ့ Service မရနိုင်တဲ့ နိုင်ငံများအတွက်ကတော့ တကယ့် ဒုက္ခပဲ ဖြစ်ပါတယ်။ အဲ့လို Service တွေတိုးလာလေ၊ Facebook ရဲ့  လုံခြုံရေးစနစ်၊ ပေါ်လစီ၊ Privacy တိုးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကို မနေ့တစ်နေ့မှ သိရတဲ့၊ သုံးရတဲ့ သူများအတွက်ကတော့ တကယ့် အခက်တုံးတွေ ဖြစ်ပြီး ကွိုင်တွေတက်ရပါတယ်။ အကောင့်တောင် ဖုန်းနံပါတ် ပေးမှ ဖွင့်ရမယ်ဆိုတဲ့ Google Talk လို ဖြစ်လာပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲမှာ၊ အဆင့်မြင့် Privacy, လုံခြုံရေး စနစ်ကြားထဲမှာ သုံးရတော့ အကောင့်တွေပျက်ရတာ၊ Lock ကျရတာ၊ page unpublished ဖြစ်ရတာနဲ့ ပြဿနာများက အတော်လေး စုံပါတယ်။

ဒါကို စာရေးသူနဲ့ Techspace အဖွဲ့သားများက ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ယခု Unpublished ဖြစ်သွားတဲ့၊ ပျက်သွားတဲ့၊ Block သွားတဲ့ Page များ ပြန်လည် ဆယ်ထုတ်လို့ရအောင် စာရေးသူ တို့ လေ့လာ နေပါတယ်။

appeal (အသနားခံစာ) တင်ရင် Page ပြန်ရမယ်ဆိုတဲ့ တစ်ခုတော့ တွေလိုက်တယ်။ သို့ပေမယ့် appeal လုပ်ခွင့်ကိုလည်း Facebook က Denied လုပ်ထားပြန်ပါသေးတယ်။ သို့ပေမယ့် ဒါဟာ ယာယီသာ ဖြစ်ပြီး ပြန်ရမှာ ဖြစ်ပါတယ်။ အခြားနည်းလမ်းများလည်း ရှာဖွေ နေပါတယ်။ ဒါကြောင့် လက်ရှိ page unpublished အလုပ်ခံထားရ သူများ ဆောင်ရန် ရှောင်ရန်ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်။

၁။ Page က Unpublished အလုပ်ခံရပြီ ဖြစ်တဲ့အတွက် အနည်းဆုံး ၄၈က နာရီလောက် မကလိပဲ ထားစေချင်ပါတယ်။ ခဏခဏ ကိုင်တော့ ကိုင်တဲ့ အကြိမ်တိုင်း Facebook server ကိုရောက်ပြီး appeal ရော၊ အခြားကော ဘာမှလုပ်လို့မရအောင် ဆက်ပိတ်မှာ ဖြစ်ပါတယ်။

၂။ အက်ဒမင်များ စည်းလုံးဖို့လိုပါတယ်။ ဆိုလိုရင်းက တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုံးကတော့ အက်ဒမင်အားလုံးနဲ့ တိုင်ပင်ပြီး တစ်ဦးတည်းကသာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမှာ ဖြစ်ပါတယ်။ လက်နည်းလေ ကောင်းလေပဲ ဖြစ်ပြီး ကြားထဲမှာ သွား မကလိ၊ မစပ်စုဖို့ တိုင်ပင် သတိပေးထားစေလိုပါတယ်။

၃။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်နေတဲ့အတွက် မျက်စိဖွင့် နားစွင့် နေစေချင်ပါတယ်။ Google search မှာသော် လည်းကောင်း ပြဿနာကို အဂ်လိပ်လိုရိုက်ထည့်ပြီးရှာစေချင်ပါတယ်။ ကံကောင်းရင် ကယ်လို့ရမယ့် နည်းတောင် တွေ့ပါတယ်။ ယခုလို သတိပေးချက် ပုံမှန်ထုတ်ပေးနေတဲ့ စာရေးသူတို့ Techspace အဖွဲ့သားများကိုလည်း အကူအညီတောင်း နိုင်ပါတယ်။ စာရေးသူတို့ရယ်လို့ မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ Facebook ကို မြေအစ ခေါင်းအစုံး သုံးတတ်တဲ့သူများ၊ ကူလို့ရသူများ ရှိရင် သူတို့နဲ့ တိုင်ပင်ထားစေချင်ပါတယ်။

အထက်ပါ ၃ ချက်ကို လုပ်ထားပြီး Facebook Page ပြန်ရဖို့ စိတ်တော့ ရှည်ဖို့လိုပါတယ်။ ပြန်ရနိုင်မ့် နည်းလမ်းကိုလည်း စာရေးသူတို့ Techspace မှ သိလျင်သိချင်း အမြန်ဖော်ပြပေးမှာပါ။ ဒါကြောင့် လက်တလော Page ကိုင်သူများ၊ သုံးနေသူများ သတိထားမိစေဖို့ ယခုလို
သတိပေး တိုက်တွန်းမျှဝေ လိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)

TechSpace Journal

Photo: Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်) 

တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ 

ယခု ကာလအတွင်း မျက်စိရှေ့ မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို့ ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို့ ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။ 

Page ပျက်ရသည့် အကြောင်းအရင်း 

ပျက်ရတဲ့ အခြေအနေ အကြောင်းအရင်း အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 

၁။ Report အလုပ်ခံရခြင်း 

ဒါကတော့ ရှင်းပါတယ်။ Visitor များက ဝိုင်းပြီး Report လုပ်ကြရင် ဖြစ် ပါတယ်။ Page ကိုရယ်လို့မဟုတ်ပဲ Page က တင်တဲ့ ပုံတွေ၊ Post တွေ ကို Report လုပ်တဲ့ အကြိမ်အရေအတွက် များလာရင် Facebook က အဲ့ဒီ Page ကို Unpublished လုပ်လိုက်ပါတယ်။ ဒါက ယာယီသို့တည်း မဟုတ် ထာဝရ ဖြစ်ပါတယ် ဆိုပြီးတော့တောင် စာပြန် ပို့ ပါသေးတယ်။ 

၂။ Advertise your page ကို အသုံးပြုမိခြင်း

ဒါကတော့ ဖြစ်နိုင်ချေ နောက်တစ်ချက် ဖြစ်ပါတယ်။ Facebook က ပေးထားတဲ့ Option ဖြစ်ပေမယ့် သူက မြန်မာပြည်မှာ Service မရပါဘူး။ သို့ပေမယ့် ဒါကို ခဏခဏ လက်သွားကမျဉ်းမိရင်လည်း ကိုယ့်ရဲ့  Page ကို Unpublished လုပ်ပါတယ်။ Advertise လုပ်တယ်ဆိုတာ မိမိ Page ကို Like အရေအတွက် တိုးအောင် Facebook က တရားဝင် လုပ်စားတဲ့ ကြော်ငြာ Banner လေး ဖြစ်ပါတယ်။ ဥပမာ- Suggest Page မှာ ပေါ်နေတာထက် ညာဘက်ထောင့်နားမှာ ဘယ် page ဖွင့်ဖွင့် ဒီ Page ကို Like ပါလို့ တက်တက်နေတာမျိုး ဖြစ်ပါတယ်။ ယင်းကို Service block လုပ်ထားတဲ့ နိုင်ငံကနေ လက်ကမျဉ်းရင်လည်း ပိတ်တတ်ပါတယ်။

၃။ Like တက်ရန် ဆော့ဖ်ဝဲသုံးခြင်း

Like အရေအတွက် တက်အောင် အသုံးပြုလို့ရတဲ့ Software တွေ ရှိပါတယ်။ အချို့လည်း သုံးနေကြပါတယ်။ အချို့ ရယ်လို့ မဟုတ်ပဲ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို သုံးပါတယ်။ ယင်း Software က Like ကိုတကယ်ရှိနေတာထက် အဆပေါင်းများစွာ တက်နေပါတယ်။ ဒါကို Facebook က မကြာပါဘူး။ ချက်ချင်း ထောက်လှမ်းထားပါတယ်။ Facebook API က ဒါကို Detect လုပ်မိပြီဆိုရင် Like ကို အသားလွတ် ဇွတ်ကျုံးယူတဲ့ ပုဒ်မနဲ့ Page ကို Unpublished လုပ်ပါတယ်။ 

၎။ ဗိုင်းရက်စ် ကိုက်ခြင်း

ဒါကလည်း ဖြစ်နိုင်ချေ တစ်ခု ဖြစ်ပါတယ်။ Facebook က မသုံးသင့်လို့ တားမြစ်ထားတဲ့ Facebook app တွေ အသုံးပြုမိတာမျိုး၊ အင်တာနက် သုံးနေရင်း ကိုယ်မသိ၊မမြင်ဖူးတဲ့ application ကို ယောင်ပြီး Install လုပ်မိတာမျိုးဆိုရင် Facebook page ကိုတင်မကပဲ ရှိသမျှ Page အားလုံးကိုပါ တိုက်ခိုက်ပါတယ်။ Spam နဲ့တိုက်ပါတယ်။ ယင်း Spam က Facebook ပင်မ Server ကိုရောက်ပြီး Spam အသားကုန် လွတ်နေတဲ့ Page ကို လမ်းပြီး Unpublished လုပ်လိုက်ပါတယ်။ အခန့်မသင့်ရန် အကောင့်ကိုပါ block ပါတယ်။ 

၅။ အက်ဒမင် သစ္စာဖောက်ခြင်း

ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ တော်တော်များများက Page ကို တစ်တေယာက်တည်း မကိုင်ပါဘူး။ သူငယ်ချင်းလိုက်သော်လည်းကောင်း အုပ်စုဖွဲ့ပြီး Manage လုပ်ပါတယ်။ content Creature သော် လည်းကောင်း၊ Moderator သော်လည်းကောင်၊ Admin Manager သော် လည်းကောင်း ရာထူး အမျိုးမျိုး ပေးလို့ လုပ်ကြပါတယ်။ ယင်းထဲက တစ်ယော်ယောက်ဟာ Edit Page ကဏ္ဍထဲကို ဝင်ပြီး Unpublished page ကိုသွားနှိပ်မိပြီဆိုရင်လည်း Page ကို အော်တိုပဲ Unpublished လုပ်လိုက်ပါတယ်။ 


အထက် ငါးချက်က အဖြစ်နိုင်ဆုံးများ ဖြစ်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ များလည်း ရှိပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက Facebook ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Facebook က အမြဲ Perfect ဖြစ်မနေပါဘူး။ Server ကျသွားတာမျိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် သူ Maintain လုပ်နေတဲ့အချိန်ဆို Account ထဲဝင်မရတာ တော်တော်များ များ သိပါတယ်။ ပြီးတော့ Comment ပေးလို့မရတာ၊ Like လို့မရတာ၊ Message ပို့လို့မရတာ၊ Friend Request ပို့လို့မရတော့တာ အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာ တို့အမြဲတမ်း ဖြစ်ပါတယ်။ 

Facebook က Privacy အမျိုးမျိုးအပြောင်းအလဲလုပ်နေပါတယ်။ စီးပွားရှာရမှန်းသိတော့ ပိုက်ဆံရမှ ရမယ့် Function တွေ၊ UI တွေ ထပ်တိုးလာပါအတယ်။ သူတိုးတာ ကိစ္စမရှိပေမယ့် သူ့ Service မရနိုင်တဲ့ နိုင်ငံများအတွက်ကတော့ တကယ့် ဒုက္ခပဲ ဖြစ်ပါတယ်။ အဲ့လို Service တွေတိုးလာလေ၊ Facebook ရဲ့  လုံခြုံရေးစနစ်၊ ပေါ်လစီ၊ Privacy တိုးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကို မနေ့တစ်နေ့မှ သိရတဲ့၊ သုံးရတဲ့ သူများအတွက်ကတော့ တကယ့် အခက်တုံးတွေ ဖြစ်ပြီး ကွိုင်တွေတက်ရပါတယ်။ အကောင့်တောင် ဖုန်းနံပါတ် ပေးမှ ဖွင့်ရမယ်ဆိုတဲ့ Google Talk လို ဖြစ်လာပါတယ်။ 

ဒီလိုအခက်အခဲတွေကြားထဲမှာ၊ အဆင့်မြင့် Privacy, လုံခြုံရေး စနစ်ကြားထဲမှာ သုံးရတော့ အကောင့်တွေပျက်ရတာ၊ Lock ကျရတာ၊ page unpublished ဖြစ်ရတာနဲ့ ပြဿနာများက အတော်လေး စုံပါတယ်။ 

ဒါကို စာရေးသူနဲ့ Techspace အဖွဲ့သားများက ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ယခု Unpublished ဖြစ်သွားတဲ့၊ ပျက်သွားတဲ့၊ Block သွားတဲ့ Page များ ပြန်လည် ဆယ်ထုတ်လို့ရအောင် စာရေးသူ တို့ လေ့လာ နေပါတယ်။ 

appeal (အသနားခံစာ) တင်ရင် Page ပြန်ရမယ်ဆိုတဲ့ တစ်ခုတော့ တွေလိုက်တယ်။ သို့ပေမယ့် appeal လုပ်ခွင့်ကိုလည်း Facebook က Denied လုပ်ထားပြန်ပါသေးတယ်။ သို့ပေမယ့် ဒါဟာ ယာယီသာ ဖြစ်ပြီး ပြန်ရမှာ ဖြစ်ပါတယ်။ အခြားနည်းလမ်းများလည်း ရှာဖွေ နေပါတယ်။ ဒါကြောင့် လက်ရှိ page unpublished အလုပ်ခံထားရ သူများ ဆောင်ရန် ရှောင်ရန်ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်။ 

၁။ Page က Unpublished အလုပ်ခံရပြီ ဖြစ်တဲ့အတွက် အနည်းဆုံး ၄၈က နာရီလောက် မကလိပဲ ထားစေချင်ပါတယ်။ ခဏခဏ ကိုင်တော့ ကိုင်တဲ့ အကြိမ်တိုင်း Facebook server ကိုရောက်ပြီး appeal ရော၊ အခြားကော ဘာမှလုပ်လို့မရအောင် ဆက်ပိတ်မှာ ဖြစ်ပါတယ်။ 

၂။ အက်ဒမင်များ စည်းလုံးဖို့လိုပါတယ်။ ဆိုလိုရင်းက တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုံးကတော့ အက်ဒမင်အားလုံးနဲ့ တိုင်ပင်ပြီး တစ်ဦးတည်းကသာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမှာ ဖြစ်ပါတယ်။ လက်နည်းလေ ကောင်းလေပဲ ဖြစ်ပြီး ကြားထဲမှာ သွား မကလိ၊ မစပ်စုဖို့ တိုင်ပင် သတိပေးထားစေလိုပါတယ်။ 

၃။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်နေတဲ့အတွက် မျက်စိဖွင့် နားစွင့် နေစေချင်ပါတယ်။ Google search မှာသော် လည်းကောင်း ပြဿနာကို အဂ်လိပ်လိုရိုက်ထည့်ပြီးရှာစေချင်ပါတယ်။ ကံကောင်းရင် ကယ်လို့ရမယ့် နည်းတောင် တွေ့ပါတယ်။ ယခုလို သတိပေးချက် ပုံမှန်ထုတ်ပေးနေတဲ့ စာရေးသူတို့ Techspace အဖွဲ့သားများကိုလည်း အကူအညီတောင်း နိုင်ပါတယ်။ စာရေးသူတို့ရယ်လို့ မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ Facebook ကို မြေအစ ခေါင်းအစုံး သုံးတတ်တဲ့သူများ၊ ကူလို့ရသူများ ရှိရင် သူတို့နဲ့ တိုင်ပင်ထားစေချင်ပါတယ်။ 

အထက်ပါ ၃ ချက်ကို လုပ်ထားပြီး Facebook Page ပြန်ရဖို့ စိတ်တော့ ရှည်ဖို့လိုပါတယ်။ ပြန်ရနိုင်မ့် နည်းလမ်းကိုလည်း စာရေးသူတို့ Techspace မှ သိလျင်သိချင်း အမြန်ဖော်ပြပေးမှာပါ။ ဒါကြောင့် လက်တလော Page ကိုင်သူများ၊ သုံးနေသူများ သတိထားမိစေဖို့ ယခုလို 
သတိပေး တိုက်တွန်းမျှဝေ လိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)

TechSpace Journal

Tuesday, 6 May 2014

လာမယ့် ၂၅ နှစ်အတွင်း ကမ္ဘာ့ပထမဆုံး ထရီလျံနာကို မြင်ရဖွယ်ရှိ

လာမယ့် ၂၅ နှစ်အတွင်း ကမ္ဘာ့ပထမဆုံး ထရီလျံနာကို မြင်ရဖွယ်ရှိ

ကမ္ဘာ့ပထမဆုံး ထရီလျံနာ ဟာ လာမယ့် ၂၅ နှစ်အတွင်း ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ကမ္ဘာ့စီးပွားရေးကြိုတင် ခန့် မှန်းသူတွေက မှတ်ချက်ထုတ်လိုက်ပါတယ်။ ဒီ ပထမဆုံး ထရီလျံနာအဖြစ်နိုင်ဆုံးသူကတော့ Microsoft တည်ထောင်သူ Bill Gates ပဲ ဖြစ်တယ်လို့ ခန့် မှန်းထားကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ လက်ရှိ ထိပ်ဆုံးကဦးဆောင်နေသူ Bill Gates ဟာ ထရီလျံနာ ဘ၀ကို ပထမဆုံး ရောက်ရှိမယ့်လူ အဖြစ် ခန့် မှန်းထားတာပါ။

အိန္ဒိယနဲ့ တရုတ် ဈေးကွက်တွေမှာ အလျင်အမြန် ကြီးထွားဖွံ့ ဖြိုးလာမှုကနေ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး တွေရဲ့ ပိုင်ဆိုင်မှုဟာ ဒီနှုန်းအတိုင်း ဆက်တိုးတက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် Gates ဒါမှမဟုတ် ဒီကမ္ဘာရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ယောက်ဟာ ၂၀၃၉ ခုနှစ်မှာ သူတို့ နာမည်မှာ ထရီလျံနာဆိုတဲ့ ဂုဏ်ပုဒ်ကို ထည့်သွင်းလာနိုင်ဖို့ ရှိတယ်လို့ ခန့် မှန်းချက်တစ်ချို့ အရ သိရပါတယ်။

ဆွစ်ဇာလန်အခြေစိုက် ရင်းနှီးမြှပ်နှံမှုဘဏ် Credit Suisse အဆိုအရ နောက်ထပ်မျိုးဆက်နှစ်ခုအတွင်းမှာ ကမ္ဘာမှာ ထရီလျံနာ ၁၁ ယောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ထရီလျံဒေါ်လာမှာ သန်းပေါင်းတစ်သန်းရှိပြီး ဘီလျံပေါင်း ၁၀၀၀ နဲ့ ညီမျှပါတယ်။ ဒီပမာဏဟာ ဒီကမ္ဘာမှာ ရှိသမျှ လူတစ်ယောက်ချင်းစီကို ဒေါ်လာ ၁၄၀ စီ ခွဲဝေပေးနိုင်တဲ့ ပမာဏ ရှိပါတယ်။ လန်ဒန်မြို့ လယ်ရဲ့ မြေကွက် တစ်လက်မမကျန်ကို ဒီဘက်ခေတ်ပေါက်ဈေးအတိုင်း ၀ယ်နိုင်တဲ့အနေအထား မှာရှိတယ်လို့ The Times သတင်းစာအဆိုအရ သိရပါတယ်။

အသက် ၅၈ နှစ်အရွယ် Bill Gates ဟာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပေါင် ၇၂ ဘီလီယံနဲ့ ထိပ်ဆုံးက ဦးဆောင်နေသူဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ထရီလျံနာဖြစ်ဖို့ ထင်ကြေးအများဆုံးပေးခံထားရပါတယ်။

Ref: telegraph.co.uk

Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေ မျိုးဆက်သစ် ကို Sony ချပြ

Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေ မျိုးဆက်သစ် ကို Sony ချပြ

CD ခွေတွေ စတင်ပေါ်ထွက်လာပြီးကတည်းက နေရာပျောက်ခဲ့ရတဲ့ ကက်ဆက်ခွေတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်အသက်သွင်းဖို့ အတွက် Sony ကော်ပိုရေးရှင်းရဲ့ ကြိုးပမ်းချက်ပါ။

ဂျပန်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Sony ဟာ ၁၈၅ TB ( Gb ၁၈၉၄၄၀) ပမာဏ အချက်အလက်သိုလှောင်နိုင်တဲ့ ကက်ဆက်ခွေမျိုးဆက်သစ်ကို စတင်ဖန်တီးလိုက်ပါပြီ။

တစ်ကိုယ်ရည်သုံးသာမက အချက်အလက်ပမာဏအမြောက်အများကို သိုလှောင်ထားဖို့ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့ အစည်းတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

သံလိုက်အမှုန့် တွေ ဖုံးအုပ်ထားတဲ့ ဒီ သံလိုက်တိပ်ခွေတွေကို လက်ရှိ လူထုဆက်သွယ်ရေးလမ်းကြောင်း တွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီး ဒေတာပမာဏ ၂.၅ TB ကို မှတ်သားထားနိုင်ပါတယ်။

အရင်တုန်းကတော့ ဒီလောက်များပြားတဲ့အချက်အလက်ပမာဏကို သိုလှောင်နိုင်ဖို့ အတွက် နည်းပညာကုမ္ပဏီတွေဟာ ဒေတာတွေကို သိမ်းထားမယ့် သံလိုက်ဓာတ်အမှုန်တွေရဲ့ အရွယ်အစားကို ချုံ့ ပစ် ဖို့ လိုအပ်ပြီး ဒါဟာ တော်တော်ခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒီလုပ်ငန်းစဉ်တော်တော် များများကလည်း ထင်သလောက်အကျိုးမဖြစ်ခဲ့ပါဘူး။

Sony ရဲ့ တိပ်ခွေသစ်တွေမှာ နည်းပညာသစ်တစ်ခုကို အသုံးပြုထားပြီး အာဂွန်အိုင်းယွန်းတွေကို ပေါ်လီမာဖလင်ပြားပေါ် ပစ်လွှတ်ခြင်းအားဖြင့် အပြည့်အ၀ကောင်းမွန်တဲ့ ခရစ္စတယ်အမှုန်တွေကို တိကျတဲ့တစ်သမတ်ပုံစံအတိုင်း ရရှိပြီး အထူအားဖြင့် ၅ မိုက်ခရိုမီတာ သာ ရှိပါတယ်။ ဒီ အမှုန် သုတ်ကပ် ခြင်းနည်းပညာနဲ့ ချောမွေ့ နူးညံ့တဲ့ သံလိုက်အလွှာတစ်ခုကို ပြုလုပ်နိုင်ခြင်းကြောင့် Sony ဟာ ခရစ္စတယ်အမှုန် တွေကို သူတို့ ရဲ့ပုံစံမပျက် အရွယ်အစားချုံ့ နိုင်မှာ ဖြစ်ပါတယ်။

ဒီ Sony တိပ်ခွေတွေဟာ FujiFilm နဲ့ IBM တို့ ၂၀၁၀ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေတာသိုလှောင်နိုင်မှု ၃၅ TB ရှိတဲ့ တိပ်ခွေတွေထက် ငါးဆ ပိုပြီး သိုလှောင်နိုင်မှု များပါတယ်။

ဒီမျိုးဆက်သစ် တိပ်ခွေတွေကို ရောင်းချနိုင်ဖို့ အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီနည်းပညာကို ပိုမိုထိရောက်အသုံးတည့်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Sony က ပြောကြားခဲ့ပါတယ်.

Ref: Dailymail.co.uk

Apple နှင့် Samsung တို့က၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာထည့်သွင်းလုပ်ဆောင်သွားဖွယ်ရှိ

Apple နှင့် Samsung တို့က၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာထည့်သွင်းလုပ်ဆောင်သွားဖွယ်ရှိ
----------------------------------------------------------------------
နာမည်ကြီးဖုန်းကုမ္ပဏီနှစ်ခုဖြစ်သည့် Apple နှင့် Samsung တို့က၎င်းတို့၏ လူကြိုက်များတဲ့နည်းပညာတစ်ခုဖြစ်သည့် Fingerprint (လက်ဗွေရာစနစ်) နည်းပညာကိုဖုန်းတွေတင်မကပဲတက်ဘလက်တွေထဲမှာတောင်ထည့်သွင်း လုပ်ဆောင်သွားမည့်အစီအစဉ် ရှိနေကြောင်းသိရသည်။
ယင်းစနစ်ကို Samsung ကစတင်လုပ်ဆောင်ဖို့စီစဉ်လျက်ရှိပြီး၎င်း၏ တက်ဘလက်တစ်လုံး ဖြစ်သည့် Galaxy Tab S တွင်ပါရှိလာဖွယ်ရှိ သည်ဟုသိရသည်။
PayPal ၊ Moblie Payments နှင့်အခြားသောစနစ်များတွင် Fingerpint စနစ်ဖြင့် Lock ချထားနိုင်အောင်တက်ဘလက်အတွက်လုပ်ဆောင်သွားမည် ဟုမျှော်လင့်လျက်ရှိသည်။
ယင်းကဲ့သို့ Samsung ကတက်ဘလက်မှာ Fingerprint စနစ်ထည့်သွင်း ရန်လုပ်ဆောင်နေစဉ်မှာပင်၎င်း၏ပြိုင်ဘက်ဖြစ်သော Apple ကလည်း Apple iPad တွင်အဆိုပါစနစ်ကိုထည့်သွင်းသွားမည်ဟုပြောဆိုလိုက်သည်။
ယင်းစနစ်ကို Apple ရဲ့နောက်ပိုင်းထွက်တက်ဘလက်တွေမှာရရှိ မှာဖြစ်ကြောင်းသိရပြီး ယင်းသတင်းကြောင့်Apple နှင့် Samsungတို့၏ တိုက်ပွဲဟာစမတ်ဖုန်းတွင်မကပဲတက်ဘလက်အထိပါပါဝင်လာတော့မည့် အခြေအနေမှာရှိသည်ဟုသိရသည်။
တက်ဘလက်ဈေးကွက်၏ ၃၂.၆ရာခိုင်နှုန်းကို Apple ကပိုင်ဆိုင်ထားပြီး Samsung ကတော့ယခင် ၂၂.၃ရာခိုင်နှုန်းကနေ ၃၂ရာခိုင်နှုန်းအထိမြင့် တက်လာလျက်ရှိသည်။
လက်ရှိမှာ Apple ရဲ့တက်ဘလက်ဈေးကွက်ကအရင်ထက်အနည်းငယ် ကျဆင်းလာတဲ့အတွက်အနာဂတ်မှာ Samsung ကတက်ဘလက်ဈေး ကွက်ကိုလက်ဝါးကြီးအုပ်သွားနိုင်မည်ပုံစံကိုတွေ့မြင်နေရကြောင်းသိရသည်။
သေချာမှုတစ်ခုအနေနဲ့လာမည့်ဇွန်လနှင့်စက်တင်ဘာလတွင် Apple နှင့် Samsung တို့၏ Fingerprint စနစ်ပါရှိတဲ့တက်ဘလက်တွေထွက်ရှိ လာတော့မည်ဖြစ်ကြောင်းခန့်မှန်းထားကြသည်။
Ref : Zdnet
Wai Phyo Aung (TSJ Team)

Microsoft ၏ ရှယ်ယာများကိုရောင်းချခဲ့ရသည့် ဘီလီဂိတ်

Microsoft ၏ ရှယ်ယာများကိုရောင်းချခဲ့ရသည့် ဘီလီဂိတ်

ကမ္ဘာ့အချမ်းသားဆုံးသူဌေးကြီးတစ်ဦးဖြစ်သည့်ဘီလီဂိတ်က၎င်း၏ Microsoft ရှယ်ယာများကိုပြီးခဲ့သည့်နှစ်ရက်က ၈မီလီယံနီးပါးရောင်း ချခဲ့ရကြောင်းသိရသည်။

ယင်းရှယ်ယာပမာဏကိုရောင်းချခဲ့ရခြင်းကြောင့်ဘီလီဂိတ်ဟာ၎င်းနောက် ဒုတိယရှယ်ယာအများဆုံးပိုင်ဆိုင်သော Microsoft ၏ CEO ဟောင်း Steve Ballmer ၏နောက်ကိုရောက်ရှိခဲ့သည်ဟုဆိုသည်။

Steve Ballmer ဟာ ဘီလီဂိတ်ပြီးနောက် Microsoft ၏ CEOအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး Microsoft ၏ ဒုတိယမြောက်ရှယ်ယာ အများဆုံးသူဌေးတစ်ဦးလည်းဖြစ်သည်။

ဘီလီဂိတ်ဟာ ယခင်ကMicrosoft ကုမ္ပဏီ၏ရှယ်ယာအများဆုံးကိုပိုင်ဆိုင် ထား သောသူဌေးဖြစ်ပြီးလက်ရှိမှာတော့ Bill & Melinda Gates ဖောင်ဒေး ရှင်းအတွက်၎င်း၏အချိန်များကိုကုန်ဆုံးလျက်ရှိနေသူတစ်ဦးလည်းဖြစ်သည်။

Ref :CNN

Wai Phyo Aung (TSJ Team)

Selfie ချစ်သူများ အတွက် Samsung NX Mini

Selfie ချစ်သူများ အတွက် Samsung NX Mini

Selfie ဆိုတာ ဖေ့ဘုတ်ပေါ်လာပြီးတဲ့နောက် လူတော်တော်များများ ပြုလုပ်လာကြတဲ့ ကိုယ်တိုင် ကင်မရာကိုင် ကိုယ်ပုံ ကိုယ်ရိုက်ခြင်း တစ်မျိုးပင်ဖြစ်ပါတယ်။

ဖေ့ဘုတ်မှာမှ မဟုတ်ပဲ တစ်ခြား အသုံး ဆိုရှယ် နက်ဝပ်တွေမှာ လည်း တင်နေရိုက်နေကြတာပါ။ မြန်မာပြည်မှာဆိုရင်တော့ ဖေ့ဘုတ်က Selfie ရိုက်ပြီး တင်ဖို့ အကောင်းဆုံး နေရာတစ်နေရာ ဖြစ်မှာပါ။ အောက်စဖို့ တက္ကသိုလ်က အဘိဓာန် စာအုပ်ထဲတွင် Selfie ဆိုတဲ့ ဝေါဟာ ရကို နှစ်တစ်နှစ်ရဲ့ စကားလုံးဆိုပြီး ထည့်ပြီး ကတည်းက ဒါဟာ သိပ်မထူးဆန်းတော့ပါဘူး။ အခုဖော်ပြမဲ့
Samsung NX Mini မှာ selfie ရိုက်ဖို့ အတွက် (၃) နည်းရှိပါတယ်။

- Normal mode
- Smile shot ( ပြုံးတာနဲ့ ရှပ်တာဟာ အော်တို့ရိုက်မဲ့ Mood )
- Wink shot ( မျက်စိတစ်ဖက် မှိတ် ပြောင်ပြပြီး ၃ စက္ကန့် အချိန်နဲ့ သွားမဲ့ Mood ) တို့ ဖြစ်ပါတယ်။

အစိတ်အပိုင်းများ အနေနဲ့ ကတော့ -

- အထူ 0.89 လက်မ
- 5.4 အောင်စ အလေးချိန်
- 20.5 megapixel and 1- inch image sensor
- 1080p HD video (1920 x 1080 resolution )
- 1/16000 shutter speed
- US$449 9mm lens
- $549 (with 9-27mm lens).

built in Wi -Fi ပါရှိပြီး Samsung camera app တွေနဲ့ စမတ်ဖုန်း၊ တပ်ပလတ်တွေကနေ Pair လုပ်နိင်ပါတယ်။ ထူးခြားမူတွေအနေနဲ့ Baby monitor mood တွေလည်းပါဝင်ပါတယ်။ ဆမ်ဆောင်းရဲ့ Home Monitor app နဲ့အလုပ်လုပ်တဲ့ အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ Selfie ဆိုပေမဲ့ ရှော့နောက် လှည့်ကာ ကစားနိင်တဲ့ Screen သား ဟိုဘက် ဒီဘက် လှည့်သွားဖြစ်ပြီး ပုံမှန် ရိုးရိုး မူတွေကိုလည်း ရိုက်နိင်ပါမယ်။
ကင်မရာ Lens တွေလည်း တပ်ဆင်သုံးနိင်ပါသေးတယ်။ Flash ပါတဲ့ အတွက် အလင်းရောင် နည်းပါတဲ့နေရာတွေမှာလည်း ရိုက်လို့ ရပါတယ်။
၃ လက်မ ရှိတဲ့ touch Screen LCD ပေါ်တွင် Selfie ရှော့တွေ အတွက် ၁၈၀ ဒီဂရီ ဖက် မူတွေကို လှည့်ပြောင်းနိင်ပါမယ်။
အဖြူ၊ ပန်းရောင်၊ အစိမ်း၊ အညို၊ အမည်းတို့ကို ရွေးနိင်ပါသေးတယ်။

Aung Heine

Monday, 5 May 2014

Apple က စမတ်နာရီတွေထက် EarPods များကို အဆင့်မြှင့်သွားမည်

Apple က စမတ်နာရီတွေထက် EarPods များကို အဆင့်မြှင့်သွားမည်
---------------------------------------------------------------------
ကျန်းမာရေး အထောက်အကူပြု စမတ်နာရီများကို ကုမ္ပဏီအသီးအသီးက အပြိုင်အဆိုင် ထုတ်လုပ်နေကြပေမယ့် Apple အနေနဲ့ကတော့ မတူထူးခြား သည့် တီထွင်ဖန်တီးမှုများနဲ့ ယှဉ်ပြိုင်သွားမယ်လို့ ဆိုထားပါတယ်။ Apple အနေနဲ့ Secret app ကိုအသုံးချပြီး User အချင်းချင်း အမည်ဝှက်ဖြင့် Share နိုင်အောင် စီမံသွားမယ်လို့ ဆိုပါတယ်။
ထွက်ရှိလျှက်ရှိတဲ့ သတင်းတွေအရ Apple ဟာ စမတ်နားကြပ် (Smart EarPods) နဲ့ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းတွေ တိုင်းတာနိုင်ဖို့အတွက် တီထွင်ကြံဆနေတယ်လို့ ဆိုပါတယ်။ ဒီလိုအရေးပါ အရာရောက်လာမယ့် EarPods ပျောက်ရှခြင်းမရှိစေဖို့ iBeacon စနစ်ကိုလည်း အသုံးပြုသွား မယ်လို့ သိရပါတယ်။ ဒီ စနစ်သစ်ကို Apple ရဲ့အသစ်ထွက်ရှိလာဖို့ရှိတဲ့ iPhone 6 မှာ ထည့်သွင်းလာဖို့ အခြေအနေများတယ်လို့ သိရှိရပါတယ်။
Ref: Digital Journal
---------------------
May Thazin (TSJ Team)

ရိုးရှင်း စတိုင်ကျတဲ့ Acer Iconia A1-830 Tablet

ရိုးရှင်း စတိုင်ကျတဲ့ Acer Iconia A1-830 Tablet
Sunday, May 4, 2014

စတိုင်ကျပါးလွှာပြီး အမှတ်မထင် အသုံးပြုနေစဉ်အတွင်းမှာတောင် ချောမွတ်စွာဖြင့် စွမ်းဆောင်နိင်တဲ့ ဒေါ်လာ ၁၇၉ တန် Tablet တစ်လုံး ဖြစ်ပါတယ်။ အနောက်ကအသားကလည်း ချေမွတ်တဲ့ အလူမီနီယံသားဖြစ်ပြီး ကိုင်ဆောင်ဖို့ သိပ်ကို အဆင်ပြေစေတဲ့ အနေအထား တစ်ခုကိုပေးပါတယ်။
Micro SD တို့မြင့်မူတွေ ပြုလုပ်နိင်ပြီး micro-HDMI port ထောက်ပံမူကို အချိန်ကြာမြင့်စွာ ဖြင့် လုပ်ဆောင်နင်ခြင်းတော့ မရှိပါဘူး။
ကင်မရာ 2592 х 1944 pixels ရုပ်ထွက်နဲ့ 5MP ကိုရရှိနိင်ပြီး Android OS ကတော့ 4.2 (Jelly Bean) ဖြစ်ပါတယ်။ CPU အနေနဲ့ Dual-core 1.6 GHz သုံးပြီး အတွင်း မှတ်ဥာဏ်က 16GB ရှိ ပါတယ်။ RAM ကတော့ 1GB ပါ။
မျက်နှာပြင်အနေနဲ့ ၈ လက်မရှိတဲ့ အရွှယ်အစားကိုရရှိမှာ ဖြစ်ပြီး အလေးချိန်အားဖြင့်တော့ 380 g ရှိပါတယ်။ GSMဖုန်းခေါ်ဆိုမူတွေကိုတော့ ခေါ်ဆိုနိင်ခြင်း မရှိဘူးလို့ သိရပြီး အခြေခံ အသုံးပြုသူများအနေနဲ့ ရိုးရှင်း စတိုင်ကျပြီး ချောမွတ်လှတဲ့ Acer Iconia A1-830 Tablet ဖြစ်ပါတယ်။ နောက်ထပ် ထိုထက်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ နဲ့ အစိတ်အပိုင်းတွေကို ရယူချင်တယ်ဆိုရင်တော့ ဒေါ်လာ (၅၀)ခန့်ထပ်မံ အသုံးပြုခြင်းဖြင့် ရရှိနိင်ပါလိမ့်မယ်။

Aung Heine

iPhone 5S Limited Edition များပြည်တွင်း ဈေးကွက်သို့ဝင်ရောက်လာ

iPhone 5S Limited Edition များပြည်တွင်း ဈေးကွက်သို့ဝင်ရောက်လာ

iPhone 5S အသုံးပြုသူများအတွက် ဈေးနှုန်းမြင့်မားသော 5S Limited Edition ရွှေရောင်ဖုန်းများ ပြည်တွင်းဈေးကွက် အတွင်းသို့ဝင်ရောက် လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ 5S Limited Edition ဖုန်းများမှာ ပုံမှန် 5S ဖုန်းများကဲ့သို့ မဟုတ်ပဲဖုန်း၏ ဘော်ဒီဖွဲ့စည်းပုံအား ရွှေအစစ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဖုန်း၏ရှေ့ဘက် LCD နှင့် ရှေ့မျက်နှာပြင်ဖွဲ့စည်း ပုံမှာပုံမှန် 5S ဖုန်းများနှင့် တူတူပင်ဖြစ်သော်လည်း နောက်ဘက်ကာဗာ တစ်ခုလုံးနှင့် Sim Card ထည့်သွင်းသည့် Card Slot များအားရွှေစစ်စစ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဖုန်းများတွင် ပြုလုပ်ထားသော ရွှေမှာ ၂၄ ကာရက်ရွှေအစစ်များ ဖြစ်ပြီးဖုန်း၏ ထုတ်ပိုးမှု ပုံစံမှာလည်း ပုံမှန် iPhone 5S များနှင့်မတူပဲ သော့ပါဝင်သည့်သေတ္တာပုံစံမျိုးဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။

ဈေးနှုန်းအားဖြင့် ၂၃ သိန်းကျပ်ဝန်းကျင်ခန့် ပေါက်ဈေးရှိနေပြီး အလုံးအရေအတွက်အနေဖြင့် ၃၀၀ သာကန့်သတ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဖုန်း ၀၉-၄၃၀၂၀၄၃၀ တွင်ဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။

S5´s Download Booster

S5´s Download Booster
====================
Samsung Galaxy S5မှာ ပါဝင်လာတဲ့ Download Booster featureဆိုတာက ..မိမိဒေါင်းမဲ့ဖိုင်ဆိုဒ်က 30Mbကျော်နေတဲ့အခါမျိုးမှာ ဒေါင်းမယ်ဆို၇င် မိမိဖုန်းမှာ WIFI+LTE ၂မျိုးစလုံးကို ဖွင့်ပေးထား၇ပါတယ်..အဲ့ဒါမှ Download booster iconလေးက noti barမှာ တက်လာပြီး အဲ့ ဖွင့်ထားတဲ့ wifi& LTE ၂ခုကိုပေါင်း Boost လုပ်ပေးခြင်းကြောင့် မြန်မာနိုင်ငံမှ သူငယ်ချင်းများအနေနဲ့ မ၇နိုင်ပါဘူး..အဘယ့်ကြောင့်ဆိုသော် wifi ရှိသော်ငြားလည်း LTE NETWORK Supportedမရှိတာကြောင့်ပါ..အဲ့ဒါကြောင့် download boosterကို Play store or samsung app storeမှ ၇ရှိနိုင်ကောင်းသော်လည်း သင်၏ဖုန်းတွင် အလုပ်ပေးမလုပ်ပါသောကြောင့်...အဆင်မပြေပါ..ထို့ကြောင့် ပုံမှန်အတိုင်းပဲသုံးကြစေလိုပါတယ်..ခင်ဗျ... အဲ့ဒီ featureက LTE Supported မို့ပါ..
***အားလုံးကိုကျေးဇူးတင်လျက်***
ခဏခဏလာမေးနေကြလို့ပါခင်ဗျ...
..
အချို့ S5 တွေမှာ download boosterက hidden ဖြစ်နေတက်ပါတယ်..ဖြစ်နေ၇င် ဒီနည်းနဲ့ ပြန်ဖော်စေသော်...
To find the setting, install Nova Launcher, long-press on your home screen, choose Shortcuts>Activities>Settings>Download Booster.

Myanmar Mobile App Store

Sunday, 27 April 2014

ကွန်ပြူတာ အသုံးပြုသူ အမျိုးအစား စာရင်း

ကွန်ပြူတာ အသုံးပြုသူ အမျိုးအစား စာရင်း
 
မူလပိုစ့်ရေးသူကတော့ စေတန်ဂေါ့ ဖြစ်ပါတယ် တော်တော်ကို ဗဟုသုတရမိလို့ ပြန်လည်မျှဝေပေးလိုက်ပါသည် ။ ကျွန်တော့် blogမိတ်ဆွေတွေရော ဘယ်အဆင့်မှာပါလဲ ဆိုတာစမ်းစစ်ကြည့်ကြပါဦး၊ ယခုအချိန်မှာ လူတိုင်းဟာ Computer ကိုအသုံးပြုနေကြပြီ၊ တချို့ဆို တစ်နေ့ကို တခါလောက် အွန်လိုင်း မဝင်ရရင် မနေနိုင်လောက်အောင်ပါပဲ  အင်တာနက်မသုံးပဲနဲ့ Computer ကြီးပဲ သီးသန့် သုံးနေတဲ့လူတွေလည်းရှိပါတယ်။ ဘာကြောင့် လူတွေ Computer ကိုနေ့စဉ်သုံးနေရတာလဲ။ မရှိလို့ မသုံးတဲ့လူတွေရှိသလို။ ရှိရဲ့နဲ့မသုံးတဲ့လူတွေလည်း ရှိကြတယ်။ ဘာကြောင့်သူတို့တွေကကောမသုံးကြတာလဲ။  ကျွန်တော် သိသလောက် ရေးကြည့်မယ်လေ။
ပုံမှန်အားဖြင့် Computer အသုံးပြုသူ ၃ မျိုး ၃ စား ခွဲနိုင်ပါတယ်။
1. End user အဆင့်2. Advanced user အဆင့်3. Developer or creator အဆင့်

End User အဆင့်

ပုံမှန် အသုံးပြုသူတွေပေါ့။ စာစီစာရိုက်လုပ်တယ်။ သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။Game ဆော့ကြတယ်။ အင်တာနက်သုံး။ mail စစ်။ computer ကို သုံးတတ်ရုံပဲလေ။ သူတို့အတွက် အသုံးဝင်တဲ့အရာတွေကို ပဲအသုံးပြုကြတယ်။ သူတို့အနေနဲ့ကတော့ Computer ကဘဝမှာ ဖျော်ဖြေဖို့အတွက် လုပ်ငန်းအတွက် အပျင်းပြေဖို့အတွက် အသုံးပြုကြတယ်။ တချို့တွေဆို software တောင် မသွင်းတတ်ကြဘူး။ သူတို့အနေနဲ့ကတော့ ၁ ရက်လောက် computer မသုံးရလည်း ဘာမှဖြစ်မသွားဘူး။ ဒါပေမယ့် ၂ ရက်လောက် မသုံးရရင်တော့ မနေနိုင်တော့ဘူးလေ။ အလုပ်တွေမပြီးမှာ computer သုံးနေကျအချိန် မသုံးရရင် ပျင်းနေတတ်ရော။ online ကိုတော့ အပျင်းပြေဖို့ social အတွက် မသိတာတွေ ရှာဖို့အတွက် အသုံးပြုကြတယ်လေ။

Advanced User မရောက်ခင် အဆင့်

သူကတော့ဟိုစပ်စပ်ဒီစပ်စပ်ပဲ။ သူများတွေထက်ပိုသိချင်တယ်။ အများရှေ့မှာနည်းနည်းလေး ပညာပြတတ်ကြတယ်။ကိုယ်ဘာတွေလုပ်တတ်တယ်ဆိုပြီးတော့ပေါ့။ အဓိက computer မှာ ဘာတွေလုပ်လို့ရလဲ။ နောက်ပြီး ပျက်ရင် ဘယ်လိုပြင်ရမလဲ။ ဟိုကလိ ဒီကလိ လုပ်တတ်ကြတယ်။ အဲဒီ အဆင့် user တွေ လက်ထဲမှာ computer က အပျက်များတယ်။ သူတို့ကတော့ မသုံးရင် မနေနိုင်ဘူး။ အမြဲတန်း ကလိနေရမှ ကျေနပ်နေတာ။ online လဲ အမြဲလိုလိုသုံးတတ်ကြတယ်။ တွေ့သမျှ download ချ။ ပြီးရင် စမ်းကြည့်။ စတာတွေ လုပ်တတ်ကြတယ်။ online ကို အပျော်အနေနဲ့ကော ပညာအနေနဲ့ကော အသုံးချတယ်။

Advanced User အဆင့်

သေသေချာချာသိသွားပြီ။ လေ့လာစရာတွေတော့ ရှိနေဆဲပဲ။ ဒါကြောင့် အင်တာနက် ပုံမှန်သုံးဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် computer ကို အသုံးချတယ်။ computer က ဖော်ဖြေမှုဆိုတာထက် ကိုယ့်ဝါသနာဖြစ်သွားပြီ။ကိုယ့်ဝါသနာတွေကို computer နဲ့ ပေါင်းစပ်အသုံးချတယ်။ ပြသနာပေါင်းစုံလည်း တွေ့ကြုံဖြေရှင်းပြီးသွားပြီ။ အမြဲတန်းလိုလို အင်တာနက် သုံးဖြစ်တယ်။ ဟိုပြင်ဒီပြင် အမြဲလုပ်တတ်တယ်။ ကိုယ့် စက်ကို တတ်နိုင်ရင် အမြဲ Upgrade လုပ်တတ်ကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ ပညာတွေ မျှဝေတယ်။ မသိတာတွေ မေးမြန်းတယ်။

Developer or creator အဆင့်

သူကတော့ ဝါသနာပါရာလမ်းကို လျှောက်လှမ်းနေတဲ့သူတွေ အလုပ်အတွက် အသုံးပြုနေတဲ့လူတွေ သုံးကြတယ်။ နေ့စဉ်သုံးဖြစ်ကြတယ်။ သူတို့အနေနဲ့ online ကောတခြားနေရာတွေကနေ အမြဲ ပညာယူကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ သူတို့အတွက် အချိန်က သိပ်မရှိဘူးလေ။ တချို့တွေကလည်း ပညာတွေ မျှဝေကြတယ်။ မသိတာတွေ ကိုယ်တိုင်ရှာဖွေတယ်။ မတွေ့ရင်လည်း မေးဖို့ ဝန်မလေးကြဘူး။

ကဲမိတ်ဆွေတို့ ကောဘယ်အဆင့်မှာပါလည်းဗျာ


ရွှေအိမ်စည်စာကြည့်တိုက်

အွန်လိုင်းပေါ်တွင် မမျှဝင်သင့်သော ကိုယ်ပိုင်အချက်အလက်များ(၂)

အွန်လိုင်းပေါ်တွင် မမျှဝင်သင့်သော ကိုယ်ပိုင်အချက်အလက်များ(၂)
================================
တကယ်တော့ အွန်လိုင်းပေါ်မှာ ပဲ ရင်းနှီးခင်မင်တွေ့ဆုံရသူတွေဟာ ယုံကြည်စိတ်ချရသူတွေလို့ သတ်မှတ် လို့မရပါဘူး။ ဒါကြောင့် အွန်လိုင်း ပေါ်မှာ ရှောင်သင့်တဲ့အချက် ၁ဝ ချက် ကို တင်ပြရာမှာ ပြီးခဲ့တဲ့အပတ်က အချက်ငါးချက်ကို တင်ပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ် မှာတော့ ကျန်တဲ့ငါးချက် ကို ဆက်လက်လေ့လာတွေးဆ ဆင်ခြင်လိုက်ရအောင်နော်။

၆။ မိမိလိပ်စာနှင့် ဖုန်းနံပါတ်

အင်တာနက်လူမှုကွန်ရက်များ အသုံးပြုရာ၌ အထူးသတိပြုသင့်သော လုံခြုံရေးဆိုင်ရာ နံပါတ်တစ်အချက် ဖြစ်သည်။ မိမိ၏ လိပ်စာနှင့် ဖုန်း နံပါတ်ကို လူမှုကွန်ရက်တစ်ခုခုပေါ်တွင် လူအများကို ပေးသိထားမိသည်ဆိုပါက မမြင်နိုင်သော အန္တရာယ်ကို လက်ယပ်ခေါ်ထားမိသလိုဖြစ်နိုင်ပါသည်။ ကံတရားဆိုသည်ကလည်း မည်သို့မျှမှန်းဆ ထား၍မရသည့် အရာ ဖြစ်သည့်အလျှောက် အကယ်၍ မိမိကသာ လိပ်စာနှင့်ဖုန်းနံပါတ်များကို အလွယ်တကူပေးထားမိပါလျှင် အန္တရာယ်ပြုနိုင်သူများကို မိမိထံတန်းမတ်စွာရောက်လာနိုင်စေမည့် သတင်း အချက်အလက်များကို မိမိကိုယ်တိုင် ပေးထား လိုက်မိသည့်အလားဖြစ် လာနိုင်ပါသည်။ အချို့နိုင်ငံများတွင် အွန်လိုင်းလူမှုကွန်ရက်များပေါ်မှ ရှာဖွေတွေ့ရှိသော လိပ်စာနှင့် ဖုန်းနံပါတ်များမှ တစ်ဆင့် ဖြစ်ပွားပေါ် ပေါက်ခဲ့သော ဖောက်ထွင်းမှုများ၊ ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်မှုများ စသည်ဖြင့် မကြာခဏတွေ့ရတတ် သဖြင့် လူမှုကွန် ရက်များပေါ်တွင် မလိုအပ်ဘဲ လိပ်စာနှင့်ဖုန်းနံပါတ် များကို ပေးသိ ထားခြင်းမျိုးကို လုံးဝ ရှောင်ကြဉ်သင့်ပါသည်။ လိုအပ်၍ လိပ်စာနှင့် ဖုန်းနံပါတ်တစ်ခုခုကို တစ်စုံတစ်ယောက်အား ပေး ရမည် ဆိုပါကလည်း ယခင်နည်းအတိုင်း မက်ဆေ့ခ်ျပေးပို့ခြင်းနှင့် အီးမေးလ် အသုံးပြုခြင်းတို့ကိုသာ ပြုလုပ်သင့်ပါသည်။

၇။ မိမိ၏ငွေရေးကြေးရေး အခြေအနေ

မိမိ၏ဘဏ်အပ်ငွေများအကြောင်း၊ စတော့ရှယ်ယာများအကြောင်းစသည့် သတင်းအချက်အလက်များကို မည်သူမျှ လူမှု ကွန်ရက် ပေါ်တွင် အသိပေးကြလိမ့်မည် မဟုတ်ဟု ထင်ကောင်းထင်နိုင်ပါ လိမ့်မည်။ သို့သော် အချို့သောလူအမျိုးအစား များအနေဖြင့်မူ ယင်းသို့သော ကိစ္စများကို တစ်ဦးတည်းသိဖွယ် သို့မဟုတ် မိသားစုကိစ္စဟု မမှတ်ယူကြဘဲ တစ်ကမ္ဘာလုံး အား အသိပေးထားတတ်ကြသည်။ မိမိ၏ ဘဏ်စာရင်းများအကြောင်း၊ ကုမ္ပဏီ ရှယ်ယာများ အကြောင်း၊ လုပ်ငန်းကိစ္စနှင့် ဆိုင်သော ငွေကြေးအခြေအနေများအကြောင်း အားလုံး သို့မဟုတ် တချို့တစ်ဝက် ကိုမသိမသာ၊ တချို့ကသိသိသာသာ ပင် လူမှုကွန်ရက်များပေါ်တွင် ဖော်ပြ ထားမိတတ်ကြသည်။ ယင်းသည် လည်းမှန်းဆ၍ မရသောအန္တရာယ် တစ်မျိုးမျိုးကို ဖိတ်ခေါ်မိသလိုဖြစ် တတ်ပါသည်။ မိမိ၏ ဘဏ်စာရင်း အကြောင်းမှ အစပြု၍ အချို့ငွေကြေး ဆိုင်ရာကိစ္စရပ်များကို မိမိ၏ နေ့စဉ် တင်လိုက်သော Status များတွင် လည်းကောင်း၊ သို့မဟုတ်ပါကလည်း မိတ်ဆွေများ၏ Status များတွင် မသိလိုက်မသိ ဘာသာရေးလိုက်မိသော Comment များတွင်လည်းကောင်း သတင်းစပေးလိုက်မိသလိုဖြစ်တတ် သေး သည်။ ထို့ကြောင့်ပင် အွန်လိုင်း လူမှုကွန်ရက်များပေါ်တွင် နေထိုင်ချိန်တွင် မိမိ၏သတိကိုလည်း လက်ကိုင် အမြဲပြုထား သင့်ကြောင်း အွန်လိုင်းမှ တစ်ဆင့် ရရှိသွားသောသတင်းအချက် အလက်များကြောင့် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများက သတိပေးလျက်ရှိ နေပါသည်။ ဘဏ်စာရင်း၊ ခရက်ဒစ်ကတ်၊ စတော့ရှယ်ယာ စသည့်ငွေ ကြေးဆိုင်ရာ အခြေခံအဆောက် အအုံများ ပိုမိုထွန်းကားသောနိုင်ငံများတွင် ယင်းဖြစ်ရပ်မျိုးများအဖြစ်များတတ် ပါသည်။ မည်သို့ပင်ဖြစ်စေ အင်တာ နက်ပေါ်မှ လူမှု ကွန်ရက်များဆိုသည်မှာ သတိမပြတ်စေဘဲ အသုံးချတတ်လျှင် အန္တရာယ်ကိုရှောင်ကွင်းနိုင်ပြီး မိမိအတွက် အကျိုးများနိုင်မည့် ဗဟု သုတရင်းမြစ်များပင် ဖြစ်လာနိုင်ပါ သည်။

၈။ မိမိအကောင့် Password

Facebook အကောင့်၊ Twitter အကောင့်၊ သို့မဟုတ်ပါကလည်း အခြားမိမိအသုံးပြုနေကျ (အသုံးပြုနေ ကျမဟုတ်ပါက လည်း ရံဖန်ရံခါ အသုံးပြုတတ်သော)အွန်လိုင်းလူမှုကွန် ရက်အကောင့် Account တစ်ခုခု၏ စကားဝှက် Password သို့မဟုတ် အီးမေးလ် Password ကို လူမှုကွန် ရက်ပေါ်တွင် အသိပေးလိုက်မိခြင်း သည် လွန်စွာအန္တရာယ် များသောလုပ် ရပ်ဖြစ်ပါသည်။ Facebook က ဖော်ပြပေးထားသော လူမှုကွန်ရက် များကို အန္တရာယ်ကင်းစွာနှင့် အကျိုး ရှိရှိအသုံးချနိုင်စေ ရန် လိုက်နာသင့် သောအချက်များထဲတွင် မိမိ၏ပတ်စ ဝေါ့အား အသိပေးထားမိခြင်းသည် နံပါတ် ၁ သတိပြုစရာ လုံခြုံရေး ကိစ္စ ဖြစ်သည်ဟု ဆိုထားပါသည်။ မိမိ၏ အကောင့်တစ်ခုခုအား မိမိမိတ်ဆွေ သူငယ်ချင်းတစ်ဦးကိုလည်းဝင်ရောက် Log on ပြုလုပ်ပြီး စစ်ဆေးအသုံးပြုစေ လိုသောကြောင့် ပတ်စဝေါ့ပေးလိုက် ခြင်းမျိုးသည်လည်း အန္တရာယ်ရှိလာ နိုင်သော လုံခြုံရေး ဆိုင်ရာအပြုအမူ တစ်မျိုးပင်ဖြစ် ပါသည်။ အမှန်တကယ်ပင် စစ်မှန်စွာ ချစ်ခင်ကြင်နာပြီး ရိုးသားသူအဖော်မွန် တစ်နည်းအားဖြင့် ယုံကြည်ထိုက်သောချစ်သူဆိုပါက ပြဿနာမဟုတ်သော်လည်း အခြားဖြစ်ရပ်များတွင်မူ သတိမူထား သင့်သောကိစ္စဖြစ်သည်။

မိမိကြိုမမြင်နိုင်သော အနာဂတ်တွင် လက်ရှိပစ္စုပ္ပန်ကဲ့သို့ ဖြစ်ချင်မှဖြစ်နိုင်မည် ဖြစ်သောကြောင့် ရေရှည်အတွက် စိတ်မချရ သည့် ဆက်ဆံရေးများအတွက် မိမိအသုံးပြုသည့် အကောင့် ပတ်စဝေါ့များကို မည်သူကိုမျှ ပေးမသိခြင်းသည်သာ အကောင်း ဆုံးဖြစ် ပါလိမ့်မည်။ သို့မဟုတ်၍ ရှောင်လွဲမရ သောအခြေအနေတစ်ခုကြောင့် ပေးမှ ဖြစ်မည့် အနေအထားမျိုး တွင်လည်း မကြာခင်အချိန်အတွင်း ပတ်စဝေါ့ကို ပြန်လည်ပြောင်းလဲ၍ အသုံးပြုသင့်ပါသည်။ မည်သို့ပင်ဖြစ်စေ Password ကို မိမိတစ်ဦးတစ်ယောက်တည်း သိထားခြင်းသည်သာ အန္တရာယ် အကင်းဆုံးအပြုအမူ ဖြစ်ပါသည်။

၉။ ပတ်စဝေါ့သဲလွန်စ

လူမှုကွန်ရက်ဝက်ဘ်ဆိုက် အများစုတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်များပေးရသည့် Personal Information ကဏ္ဍတွင် မိမိ၏ပတ်စဝေါ့ကို မေ့သွားပါက ယင်းဝက်ဘ်ဆိုက်မှ သတိပေးနိုင်ရန် အတွက်ဟု အကြောင်းပြ ကာတောင်းသည့် ပတ်စဝေါ့သဲလွန်စ Password hints များသည်လည်း အထူးသတိ ပြုပေးရမည့် အချက်ဖြစ်ပါသည်။ အချို့ဝက်ဘ်ဆိုက်များက ပတ်စဝေါ့ သဲလွန်စအတွက် ပတ်စဝေါ့စကားလုံးများထဲမှ တစ်လုံးကို ပေးထားခိုင်း ပါသည်။ ”ကိုယ့်အိမ်က ကြောင် ကလေးရဲ့နာမည်ကဘာလဲ” ”ကိုယ့် ရဲ့ပထမဆုံးဆရာရဲ့အမည်က ဘယ်သူလဲ” ”မိခင်ရဲ့အပျိုနာ မည်က ဘာလဲ” စသည်ဖြင့် ရေးခိုင်းတတ် သော စကားဝှက်သဲလွန်စများကို သတိပြု၊ ဂရုစိုက်ကာပေးသင့်ပါသည်။ မိမိ စကားဝှက်ကို မိမိ မဟုတ် သော အခြားသူတစ်ဦးဦး မှန်းဆမိသွားနိုင်မည့်၊ သိသွားစေနိုင်မည့် စကားလုံးများကိုပေးမိခြင်း မှ ရှောင် ကြဉ်သင့်ပါသည်။

၁၀။ မိမိအသိမပေးလိုသော အခြား အချက်အလက်များ(အားလုံး)

အွန်လိုင်းလူမှုကွန်ရက်များ ပေါ်ရှိ မိမိကိုယ်ပိုင်လုံခြုံရေးအစီအမံ Security Setting များသည် မိမိ စိတ်ကြိုက် ဖန်တီးပြုပြင်ထားနိုင်သော အစီအမံများဖြစ်သဖြင့် မိမိအတွက် အလုံခြုံဆုံးနှင့် အကျိုးအရှိ ဆုံးဖြစ်စေ နိုင်မည့် လုံခြုံရေး အစီအမံများကိုသာ အချိန်ယူရွေးချယ်သင့်ပါသည်။ ဤ ကဲ့သို့ Security Setting များကို မိမိက ကောင်းစွာရွေးချယ် ခဲ့စေကာမူ တစ်ခါ တစ်ရံတွင် မိမိမမြင်စေလိုသောသူများက မိမိတင်လိုက်သော Post များကို မြင်တွေ့နေနိုင်ပါသေးသည်။ ဤကဲ့ သို့သောဖြစ်ရပ်များသည် ယနေ့လူသုံး အများဆုံး လူမှုကွန်ရက်ဖြစ်သော Facebook တွင်အမြင်တွေ့နိုင်ဆုံး ဖြစ်ပါ သည်။

ဥပမာ- မိမိက Face-book ၏အခမဲ့အသုံးပြုနိုင်သော Applications များ၊ ဥာဏ်စမ်းပဟေဠိ Quizzes များ၊ စစ်တမ်း Poll များကို အမှတ်တမဲ့အသုံးပြုလိုက်မိပါကလည်း မိမိ၏ကိုယ်ပိုင်လုံခြုံရေးအစီအမံများ ကို ၉ဝ ရာခိုင်နှုန်းဖွင့်ပြမိသလို ဖြစ် တတ်ပါသည်။ Facebook တွင် အခမဲ့ လွတ်လပ်စွာအသုံးပြုနိုင်သော Applications ပေါင်း ၁၅ဝ ကျော်ရှိသဖြင့် အသုံးပြု သူများ သတိထားဖွယ် အချက်တစ်ခုပင် ဖြစ်ပါသည်။ မည်သည့်လူမှုကွန်ရက်တွင် Account ပြုလုပ်အသုံးပြုပါစေ၊ မိမိ တင်လိုက်သော Status တစ်နည်း အားဖြင့် ဝေမျှ လိုက်သောသတင်း အချက် အလက်များမှတစ်ဆင့် အန္တရာယ် တစ်စုံ တစ်ရာ ဖြစ်လာနိုင်မည့် ဖြစ်ရပ်မှ တတ်နိုင် သမျှကင်းစေရန် အမြဲတစေ သတိမူဂရုပြုသင့်ပါသည်။

မည်သို့ပင်ဖြစ်စေ အင်တာနက် ပေါ်မှ လူမှုကွန်ရက် အသုံးပြုသူများ အနေဖြင့် When you doubt, Leave it out!” (သံသယရှိပါက မည်သည်ကိုမျှ မသုံးပါနှင့်) ဟူသော ဆောင်ပုဒ် ကို အမြဲလက်ကိုင်သုံးခြင်းသည်သာ မိမိအတွက် အသင့်တော်ဆုံးနှင့် အလုံ ခြုံဆုံး အကာအကွယ်ဖြစ်ပါလိမ့်မည်။

Ref : Facebook Safety (www.facebook. com),
http://www.tgdaily.com/,
http://www.telegraph.co./
uk, http://www.nytimes.com./

အွန်လိုင်းပေါ်တွင် မဝေမျှသင့်သော ကိုယ်ပိုင်အချက်အလက်များ (၁)

အွန်လိုင်းပေါ်တွင် မဝေမျှသင့်သော ကိုယ်ပိုင်အချက်အလက်များ (၁)
=================================
၂ဝဝ၅ ခုနှစ်နှောင်းပိုင်းတွင် အင်တာနက်ပေါ်မှ လူမှုကွန်ရက်- Social Networking Websites များသည် ကမ္ဘာ့လူသားများ အကြား ရေပန်း စားလာခဲ့ကာ ယနေ့ခေတ် ဆိုလျှင် ”ခေတ်မီသူတိုင်း အွန်လိုင်း လူမှုကွန်ရက် များအသုံးပြု ကြသည်” ဟူ ၍ဖြစ်လာ လျက်ရှိသည်။

အင်တာနက်အသုံးပြုသူ ကမ္ဘာ့ လူငယ်အားလုံး၏ ၃၅ ရာခိုင်နှုန်းတွင် လူမှုကွန်ရက်တစ်ခုခုပေါ်တွင် ကိုယ် ပိုင်စာမျက်နှာ- Profile တစ်ခုစီရှိနေ ကြပြီး ၅၁ ရာခိုင်နှုန်းတွင် တစ်ခု ထက်ပိုသော ကိုယ်ပိုင်စာမျက်နှာများ ရှိနေသည်ဟု USA Today ၏ဖော်ပြချက် အရသိရသည်။

ထို့ပြင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်များ၏ လေးပုံ သုံးပုံခန့်သည် အွန်လိုင်း Profile တစ်ခု စီ အနည်းဆုံး ရှိနေကြသည် ဟုလည်း USA Today ၏ စစ်တမ်းထဲ တွင် ပါဝင်သည်။

The Pew သုတေသနဌာန၏ တွေ့ရှိချက်အရ အဆိုပါပုဂ္ဂိုလ်တို့၏ ၈၉ ရာခိုင်နှုန်းသည် ယင်းလူမှု ကွန်ရက်ဝက်ဘ်ဆိုက်များကို အသုံး ပြုခြင်း၏ရည်ရွယ်ချက်မှာ မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်လို၍ဖြစ်ပြီး ၅၇ ရာခိုင်နှုန်း မှာ သူငယ်ချင်းများနှင့် အစီအစဉ်များရေးဆွဲလိုခြင်းကြောင့်နှင့် ၄၉ ရာခိုင်နှုန်းမှာ သူငယ်ချင်းအသစ် များ ထပ်မံ ရှာဖွေတွေ့လို ၍ ဖြစ် သည်ဟု ဆိုသည်။

ယနေ့ခေတ်တွင် အွန်လိုင်းလူမှု ကွန်ရက်ပေါင်း တစ်ရာကျော်ရှိရာ Facebook, MySpace, Twitter, LinkedIn, Black Planet စသည်တို့မှာ လူသုံးများပြီး ပေါ်ပြူလာအဖြစ် ဆုံး ဝက်ဘ်ဆိုက်များဖြစ်ကြသည်။ အသုံးပြုသူတို့က ယင်းလူမှုကွန်ရက်များပေါ် တွင် အတွေး လူမှုကွန် ရက်ပေါ်မှ မိတ်ဆွေအချို့နှင့် ပျော်ပွဲ စားကဲ့သို့သော အစီအစဉ်တစ်ခုစီစဉ်ပါကလည်း ယင်း မိတ်ဆွေများကို အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် လူမှုကွန်ရက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ ခြင်းမျိုးသာ လုပ်ဆောင် သင့်ပါသည်။ သို့မဟုတ်ပါက မိမိ၏စိတ်လက်ချမ်း သာမှုကို အနှောင့် အယှက်ပေးလာနိုင် မည့်ကိစ္စများကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံလာနိုင်၍ ဖြစ်ပါ သည်။

မိမိအနေဖြင့်မူ မိမိအတွက်ကော၊ မိတ်ဆွေအပေါင်းအသင်းများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် သတင်းအချက် အလက် ကိုသာ ရွေးချယ်ဝေမျှ နိုင်ပါသည်။ သုတေသနစစ်တမ်း တစ်ခုအရ လူမှုကွန်ရက်စာမျက်နှာ ပိုင်ရှင်များထဲမှ ၄ဝ ရာခိုင်နှုန်းခန့် သည် မိမိကိုယ်ပိုင်စာမျက်နှာကို လူတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် Open Access ထားရှိကြပြီး ကျန် ၆ဝ ရာခိုင်နှုန်းကမူ ဝင်ကြည့်နိုင်သူကို ကန့်သတ်ထားသည်ဟုဆိုသည်။ ယင်းကဲ့သို့ ကန့်သတ်ထားခြင်းအား ဖြင့်လည်း သတင်းအချက် အလက်ဖောင်း ပွခြင်းကို တားဆီးနိုင်ပါလိမ့်မည်။

သူစိမ်းများကို မိမိ၏ကိုယ်ရေးကိုယ်တာ အချက်အလက်များပေးသိ ခြင်းဖြင့် မိမိအကျိုးစီးပွားများထိခိုက်မှု မရှိစေရန် လူမှုကွန်ရက် များတွင် ဝေမျှရန် မသင့်သည့် အချက်အလက် (၁ဝ)ချက်ကို ဖော်ပြလိုက်ပါသည်။

၁။ကိုယ်ရေးကိုယ်တာကိစ္စအပြန်အလှန်ပြောစကားများ

Facebook ပေါ်တွင် အသုံးပြု သူများသည် ပုဂ္ဂိုလ်ရေးရာ မက်ဆေ့ခ်ျများကို ပေးပို့နိုင်ပြီး ကိုယ်ပိုင်မှတ်စုများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို လည်း ဝေမျှနိုင်သဖြင့် ကိုယ်ရေး ကိုယ်တာကိစ္စများကို ဘယ်သောအခါမှ မဝေမျှသင့်ပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို တစ်ကမ္ဘာလုံးကို သိစေခြင်းဖြင့်အကျိုးများလာမည်လည်း မဟုတ်သောကြောင့် မိမိ၏လုံခြုံရေးအတွက်ကော၊ သူတစ် ပါးအတွက် မလိုအပ်သော သတင်းအချက်အလက်များ မဖြစ်စေရေး အတွက်ပါ မိမိ၏ ကိုယ်ပိုင်စာမျက် နှာပေါ်တွင် ပုဂ္ဂလိကရေး ရာ များကို သတိပြုဝေမျှခြင်းဖြင့် လူမှုကွန်ရက်များကို အကျိုးရှိစွာ အသုံးချနိုင် မည်ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ အချို့ သို့မဟုတ် တစ်စုံတစ်ဦးကို အသိပေးလိုသည့်အချက်အလက်ရှိနေပါက တိုက်ရိုက်မက်ဆေ့ခ်ျပို့ခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းကို အသုံး ပြု ပါက ပိုမိုထိရောက်သလို ပို၍ လည်း လုံခြုံစိတ်ချရနိုင်ပါသည်။

၂။ လူမှုရေးကိစ္စ အစီအစဉ်များ

မိမိ၏လူမှုရေးရာ ပွဲလမ်းအစီ အစဉ်များအားလုံးကို လူတိုင်းလူတိုင်း သိမြင်နိုင်နေခြင်းမှာ မသင့်တော်လှ သော ဖြစ်ရပ်ဖြစ်သည်။ လူအများ လွတ်လပ်စွာလာရောက်ပျော်ရွှင်နိုင်မည့် ပွဲလမ်းအချို့မှလွဲလျှင် မိမိစီစဉ်ကျင်းပသမျှပွဲတိုင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြရန်မသင့်လှပါ။ လူမှုကွန်ရက်ပေါ်မှ မိတ်ဆွေ အချို့နှင့် ပျော်ပွဲစားကဲ့သို့သော အစီ အစဉ်တစ်ခုစီစဉ် ပါကလည်း ယင်း မိတ်ဆွေများကို အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် လူမှုကွန်ရက်မှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ခြင်းမျိုး သာ လုပ် ဆောင် သင့်ပါသည်။ သို့မဟုတ်ပါက မိမိ၏စိတ်လက်ချမ်းသာမှုကို အနှောင့် အယှက်ပေးလာနိုင်မည့် ကိစ္စများကို တစ်နည်းမဟုတ် တစ်နည်း တွေ့ကြုံ လာနိုင်၍ ဖြစ်ပါသည်။

၃။ မူလလူမှုကွန်ရက်များနှင့်ချိတ်ဆက်ထားသော အခြားလူမှုကွန်ရက်ဝက်ဘ်ဆိုက်များ

လူမှုကွန်ရက် အသုံးပြုသူများ၏ ၅၁ ရာခိုင်နှုန်းသည် လူမှုကွန်ရက် များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက် အသုံးပြုတတ်ကြသည်။ သို့ဖြစ်ရာ တစ်ခုပေါ်တွင် ဝေမျှလိုက်သည့် သတင်းအချက်အလက်သည် အခြား ချိတ်ဆက်ထားသည့် စာမျက်နှာ များပေါ်တွင်ပါ အလိုအလျောက်သွား ပေါ်နေမည်ဖြစ်၍ အထူးသတိပြုသင့် ပါသည်။ ဥပမာ – Facebook ပေါ် တွင် ဝေမျှရန် စိတ်ချရသည်ဟု ထင်ရ သော သတင်းအချက် အလက်မျိုး သည် အခြားလူမှုကွန်ရက်ပေါ်တွင်မူ စိတ်ချလက်ချဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မည်။ Facebook တွင်ဝေမျှသည့် ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်သည် LinkedIn ကဲ့သို့သော အလုပ် သဘောဆန်သည့် Professional လူမှုကွန်ရက်မျိုးတွင် ဝေမျှရန် လုံးဝမသင့်တော်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိမိက Facebook ကို LinkedIn နှင့်ချိတ် ဆက်သုံးစွဲခြင်း သို့မဟုတ် Twitter နှင့် ချိတ်ဆက်ထားခြင်း စသည်ဖြင့် လူမှုကွန်ရက်များကို တစ်ခုနှင့် တစ်ခုချိတ်ဆက် အသုံးပြုခြင်းကို သတိပြုရမည် ဖြစ်ပါသည်။ ထို့ ကြောင့် ပုဂ္ဂလိကဆန်သော လူမှုကွန် ရက်မျိုးနှင့် အလုပ် သဘော ဆန်သော၊ သတင်းဆန်သော လူမှုကွန်ရက်များကို ချိတ်ဆက်အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့် လှပါသည်။

၎။ ကုမ္ပဏီသတင်းများ သို့မဟုတ် မိမိအလုပ်ကိစ္စများ

မိမိရာထူးတိုးခြင်း သို့မဟုတ် ကုမ္ပဏီတိုးချဲ့ခြင်း စသည့်သတင်းမျိုး ကို မိမိအနေဖြင့် တစ်ကမ္ဘာလုံးအား ပြောပြချင်ပေလိမ့်မည်။ သို့သော် အချို့ သတင်းမျိုးသည် တစ်ကမ္ဘာလုံးသိစေခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးမျှ ဖြစ်မလာနိုင်သည့်အပြင် မလိုလားအပ် သည့် အန္တရာယ်မျိုးပါ ရှိလာနိုင်ပါ သည်။ မိမိကုမ္ပဏီ၏ပြိုင်ဖက်များကို အကျိုးရှိသွားစေနိုင်မည့် သတင်းမျိုး ဆိုပါကမူ ဝေမျှရန် မသင့်သော စာရင်းထဲ ထည့်ထားလိုက်ပါက အကောင်းဆုံးဖြစ်သည်။ ကုမ္ပဏီ၏ ရေရှည် ရေတိုစီမံကိန်းသတင်းများ၊ ငွေစာရင်း ကိစ္စများ စသည်တို့မှာမူ အခြားမည် သည့်ရည်ရွယ်ချက်မျိုးမှ မရှိပါက လုံးဝလျှို့ဝှက်ထားလိုက်ရမည် ဖြစ်ပါ သည်။ သိစေချင်သူ တစ်ဦးတစ် ယောက်ရှိပါကလည်း ယခင်နည်း များအတိုင်း ပုဂ္ဂလိကမက်ဆေ့ခ်ျပို့ခြင်း (အီးမေးလ်ပို့ခြင်း)ကိုသာ ဆောင်ရွက် လိုက်ပါ။ အချို့ကုမ္ပဏီများသည် မိမိတို့ အလုပ်ကိစ္စများကို လူမှုကွန်ရက်များပေါ်တွင် လုံးဝမထင်ပေါ်စေလိုသောကြောင့် ဝန်ထမ်းများကို Facebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုနိုင်စေရန် နည်းပညာ အကူအညီဖြင့် ပြုလုပ် တားဆီးထား တတ်ကြသည်။

၅။ သားသမီးတို့၏ဓာတ်ပုံများ

Social Networking ဝက်ဘ် ဆိုက်များကို အသုံးပြုသူများကြား တွင် မိသားစုဓာတ်ပုံများကို ဝေမျှကြ သည့်ဓလေ့ ကျယ်ပြန့်စွာ ရှိနေကြ သည်။ အကယ်၍ မိမိကကိုယ်ပိုင် စာမျက်နှာ Profile Page ကို ကန့်သတ်မထားသော လူမှုကွန်ရက် အသုံးပြုသူ ၄ဝ ရာခိုင်နှုန်းတွင် ပါဝင်သူဖြစ်နေပါက မိမိတင်လိုက်သမျှ ဓာတ်ပုံတိုင်းကို လူတိုင်းလူတိုင်းaတွ့မြင်နိုင်တော့ မည်ဖြစ်သည်။ အချို့ သူများသည် မိမိ၏သားကောင် ဖြစ်နိုင်ခြေရှိသူများကို အင်တာနက်မှ တစ်ဆင့် မျက်ချေမပြတ်ရှာဖွေနေလေ့ ရှိရာ ယင်းအချက် သည် မိမိအတွက် ရော၊ မိသားစုအတွက်ရော လုံခြုံရေး အတွက် စိတ်မချဖွယ်ပင် ဖြစ်ပါ သည်။ ဥပမာ-မိမိက ”ဒီတစ်ပတ် အမျိုးသားကခရီးထွက်မယ်။” ”သားလေးကအိမ်မှာ တစ်ယောက် တည်းနေတတ်နေပြီ။ ဒီတစ်ပတ် သူ့ကို အိမ်စောင့် ထားခဲ့မယ်” ဟူ သည့်မက်ဆေ့ခ်ျမျိုးကို မိသားစုဓာတ်ပုံ နှင့်တွဲ၍ တင်လိုက်မည်ဆိုပါက အကြံသမားတို့အတွက် တန်ဖိုး ရှိသော သတင်းကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ မိမိသားသမီး သို့မဟုတ် မိမိကိုယ်တိုင်အတွက်မူ မှန်းဆမရသော အန္တရာယ်ကြီး တစ်ခုရောက်လာနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဘေးကင်းရေးသည် အဓိက ဟူသည့် စကားနှင့်အညီ မိမိအသုံးပြုသော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို လုံခြုံစိတ်ချရစေရန် Security Setting ကို အသေအချာစီမံ ထားသင့်ပါသည်။

ဆက်ရန်ရှိသည်။

Ref : http://www.facebook.com/, http://www.news.bbc.co.uk/, http://www.tgdaily.com/

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform