စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 5 December 2016

ဗကရီအစ် n /ba kare it/Bakri Id: Muslim holy day.
ဗယာကြော် n ba yar gyro|n.grampea fritter.
ဗယောက်ဗယက် v /ba yauk ba yet/restlessly.
ဗရချာ adv /barachar/shabbily.
ဗရချာလိုက်သည် adv /ba ra char laik the/be in rags.
ဗရနှံ n /bara hnant/all over.
ဗရပျစ် adv /bara byit/with a profusion.
ဗရပွ adv /barabwa/disorderly.
ဗရပွေ adv /barabway/in a jumble.
ဗရပြွတ် adv /barabyut/swarming with.
ဗရုတ် adv /bayoke/rowdy person.
ဗရုတ်ကျသည် v /ba yoke kya the/be rowdy.
ဗရုတ်ဗရက် n /bayoke ba yet/in confusion.
ဗရုတ်သုတ်ခ adv /bayoke thoke kha/in a muddle.
ဗရုန်းဗရင်း adv /ba yonn bay inn/in a turmoil.
ဗရွတ်ရွှတ်တ adv /bayut shut ta/absurdly.
ဗလ adj /balawa/strong;many.
ဗလ adv /bala/strength.
ဗလာ adj /balar/plain.
ဗလာ n /balar/blank;nothing.
ဗလာကျင်းသည် v /balar kyin the/be naked; empty.
ဗလာစာအုပ် n /balar sar oke/exercise book.
ဗလာနယ် n /balar neဲ vacuum.
ဗလာပွဲ n /ba lar bweဲ open show.
ဗလာမဲ n /balar meဲ blank.
ဗလိ n /bali/gift;offering.
ဗလိနတ်စာ n /ba li nat sar/offertory for nats.
ဗလီ n /bale/mosque.
ဗလက္ကာရ n /balet karya/indecent assault on a woman.
ဗလောင်ဆူသည် v /ba laun sue the/be extremely distressed.
ဗလောင်းဗလဲ n /ba launn ba leဲ chopping and changing.
ဗလစ်ဗလစ် adv /ba lit ba lit/unceasingly.
ဗလန်း adv /ba lann/blindly.
ဗလုပ်ရှုပ်ထွေး adv /ba loke shoke htwaye/in confusion.
ဗလုံ adv /ba lon/bubble.
ဗလုံထိုးသည် v /ba lon htoe the/bubble.
ဗလုံးဗထွေး n /balonn ba htwaye/confusedly.
ဗဟုဂံ adv /bahugan/polygon.
ဗဟုဝစ်ကိန်း n /bahu woke keinn/pural number.
ဗဟုသုတ n /ba hu thuta/general knowledge.
ဗဟို adj /baho/central.
ဗဟို n /baho/centre.
ဗဟိုချက် n /ba ho gyet/epicentre.
ဗဟိဒ္ဒ n /baheik da/outside;exterior.
ဗဟန်း n /bah an/pyrites.
ဗာဂျီးနီးယားဆေး n /bar gyee nee yarr saye/Virginia tobacco.
ဗာရာ n /baryar/prison employee.
ဗာလ n /barla/fool;foolish person.
ဗာဟီရကိစ္စ n /bar heya keik sa/odd jobs.
ဗားနစ် n /barr nit/varnish.
ဗိမာန် n /beik man/stately building.
ဗိသုကာ n /bithu kar/architects.
ဗီဇ n /beza/seed;geneology.
ဗီဇ n /beza/seed;geneology.
ဗီဇာ n /bezar/viza.
ဗီဇာ n /bezar/viza.
ဗီတာမင် n betar min|n.vitamin.
ဗီတာမင် n betar min|n.vitamin.
ဗီတိုအာဏာ n /beto ar nar/veto.
ဗီတိုအာဏာ n /beto ar nar/veto.
ဗီဒီယို n /be de yo/video.
ဗီဒီယို n /be de yo/video.
ဗီပီပီ n /be pepe/V:P.P.
ဗီပီပီ n /be pepe/V:P.P.
ဗီရို n /be do/bureau.
ဗီရို n /be do/bureau.
ဗီသွာ n /be thwar/linseed plant;flax.
ဗီသွာ n /be thwar/linseed plant;flax.
ဗူလိနတ်စ n /bu li nat sa/titbits;odds and ends.
ဗူးမှူတ်သည် v /bue:hmoke the/burble.
ဗေ n /bay/spleen enlargement.
ဗေဒါ n /bay dar/water hyacinth.
ဗေဒင် n /bay din/astrology.
ဗေဒင်ကြည့်သည် v /bay din kyi the/consult an astrologer.
ဗေဒင်ဟောသည် v /bay din haw the/tell fortunes;foretell.
ဗေလုံး n /bay lonn/enlarged spleen.
ဗောဓိသတ် n /baw di that/Buddha-to-be.
ဗော့ခါး n /bork garr/kind of reed.
ဗော်ယာ n /bor yar/buoy.
ဗို့အား n /bot arr/voltage.
ဗက်စလင် n /bet sa lin/vaseline.
ဗက်တီးရီးယား n /bet tee ree yarr/bacteria.
ဗောက် n /bauk/dandruff.
ဗောက်ခွေးပင် n /bauk khwaye bin/country mallow.
ဗောက်ပင် n /bauk pin/wild goose berry.
ဗောက်လောက်ညိုပင် n /bauk lauk nyo bin/black night shade.
ဗိုက် n /baik/stomach;belly;pregnancy.
ဗိုက်ကြီးသည် v /baik kyee the/be pregnant.
ဗိုက်ခေါက်ထူသည် v /baik khauk htue the/have thick far in belly.
ဗိုက်ရွှဲသော adj /baik shweဲthaw/paunchy.
ဗိုက်သူခိုး n /baik tha khoe/ever flar belly.
ဗောင်ဗောင် n /baun baun/toy b boo pop-gun.
ဗောင်း n /baunn/fillet or turban.
ဗောင်းထုပ် n /baunn doke/turban.
ဗိုင်း n /bainn/cotton.
ဗိုင်းကောင်းကျောက်ဖိ v /bainn gaunn kyauk phi/with decorum.
ဗိုင်းခနဲလဲသည် adv /bainn ga neဲ leဲ the/fall with a thud.
ဗိုင်းငင်သည် n /bainn ngin the/spin.
ဗိုင်းတာမ n /bainn dar ma/harlot.
ဗိုင်းဗိုင်းလဲသည် v /bainn bainn leဲ the/collapse.
ဗိုင်းလိပ် v / bainn leik/spindle.
ဗုဒ္ဓ v /boke da/Buddha.
ဗုဒ္ဓနေ့ n /boke da nayt/Buddha’s day.
ဗုဒ္ဓဘာသာ n /boke da bar thar/Buddhism.
ဗုဒ္ဓဝါဒ n /boke da war da/Buddhist thought.
ဗုဒ္ဓဝါဒီ n /boke da war de/Buddhist.
ဗုဒ္ဓဝင် n /boke da win/life of Buddha.
ဗုဒ္ဓသရဏာပင် n /boke da tha ranar bin/canna plant.
ဗုဒ္ဓသာသနာ n /boke da thar tha nar/techings of Buddha.
ဗုဒ္ဓဟူးနေ့ n /boke da hue:nayt/Wednesday.
ဗုဒ္ဓဟူးအရပ် n /boke da hue:ayat/south.
ဗန်တို n /ban do/armless self-defence.
ဗန်ရှည် n /ban shay/armed self-defence.
ဗန်း n /bann/tray.
ဗန်းခုံး n bann gonn|n.bamboo tray with concave bottom.
ဗန်းစကား n /bann zagar/slang;jargon.
ဗန်းတင်သည် v /bann tin the/praise.
ဗန်းပြသည် v /bann pya the/show off.
ဗိန္ဒော n /beinn daw/herbal medicine.
ဗုန်းဗုန်းကျသည် v /bonn bonn kya the/be on last legs.
ဗုံ n /bon/double headed drum.
ဗုံကြီး n /bon gyee/medium sized long drum.
ဗုံကြီးသံ n /bon gyee than/folk song with long drum and cymbals.
ဗုံတို n /bon do/short drum.
ဗုံထောင် n /bon daun/small drum played with drum sticks.
ဗုံမဟုတ်ပတ်မဟုတ် n /bon ma hoke pat ma hoke/exp.neither fish or fowl.
ဗုံရှည် bon shay/long drum carried round the neck.
ဗုံး n /bonn/bomb.
ဗုံးကြဲလေယာဉ် n /bonn gyeဲ lay yin/bomber.
ဗုံးကြဲသည် v /bonn kyeဲ the/drop bomb.
ဗုံးခိုကျင်း n /bonn kho gyinn/bomb shelter.
ဗုံးဆန် n /bonn zan/bomb splinter.
ဗုံးပေါလအော v /bonn baw la aw/extravagantly.
ဗုံးပေါက်သည် v /bonn pauk the/explode.
ဗုံးပျံ n /bonn byan/missile.
ဗုံးဖောက်သည် adv /bonn phauk the/detonate.
ဗိုလ်ကေ n /bo kay/cropped hair.
ဗိုလ်ကိတ်ပဲ n /bo keik peဲ cow pea;black-eyed pea.
ဗိုလ်ကျသည် v /bo kya the/bully.
ဗိုလ်ကြီး n /bo gyee/capatain.
ဗိုလ်ချူပ် n /bo gyoke/major general.
ဗိုလ်ချူပ်ကြီး n /bo gyoke kyee/general.
ဗိုလ်ချူပ်မှုးကြီး n /bo gyoke hmue:gyee/senior general.
ဗိုလ်ခြေ n /bo gyay/armed forces.
ဗိုလ်စားပဲ n /bo zarr peဲ French bean;kidney bean.
ဗိုလ်စွဲသည် v bo sweဲ the|v.be a champion.
ဗိုလ်တဲ n /bo deဲ circuir house.
ဗိုလ်ပုံ n /bo bon/public gathering.
ဗိုလ်မှူး n /bo hmue:/major.
ဗိုလ်မှူးကြီး n /bo hmue:gyee/colonel.
ဗိုလ်မှူးချူပ n /9/bo hmue:gyoke/brigadier general.
ဗိုလ်ရှုခံ n /bo shu gan/grand military review.
ဗိုလ်လုပွဲ n /bolu bweဲ final match.
ဗိုလ်လောင်း n /bo launn/officer cadet.
ဗိုလ်လုပ်သည် v /bo loke the/boss around.
ဗိုလ်ဝင်ခံသည် v /bo win khan the/recruit troops.
ဗိုလ်သင်တန်း n /bo thin dann/officer training.
ဗိုလ်သင်တန်းကျောင်း n /bo thin dann kyaunn/officer training school.
ဗျာဓိ n /byar di/illness;infirmity.
ဗျာပါဒ n /byar bar da/ill will.
ဗျာများသည် v /byar myar the/be full of worries.
ဗျူရို adv /byue ro/bureau.
ဗျူရိုကရေစီ် n /byue ro ka ray se/bureaucracy.
ဗျူရိုကရက် n /byue ro karet/bureaucrat.
ဗျူဟာ n /byue har/military science.
ဗျူဟာခင်းသည် v /byue ha khinn the/go to war.
ဗျိုက် n /byaik/marshland shrubs.
ဗျိုက်တော n /byaik taw/thickets of bushes and shrubs.
ဗျိုင်း n /byainn/little egret.
ဗျိုင်းချေးပင် n /byainn chee bin/medicinal herb.
ဗျိုင်းငန်း n /byainn ngann/great egret.
ဗျိုင်းအောက် n /byainn auk/Indian pond heron.
ဗျစ် n /byit/beer.
ဗျစ်တောက်ဗျစ်တောက် n /byit tauk byit tauk/qucrulously.
ဗျစ်ပွင့် n /byit pwint/hops.
ဗျည်း n /byee/consonant.
ဗျတ္တိ n /byat ti/courage in action.
ဗျပ် n /byat/circular tray of b boo and lacpuer.
ဗျပ်စောင်း n /byat saunn/kind of lute.
ဗြူးဒါပင် n /byue darr bin/bitter luffa.
ဗြူးပင် n /byue bin/mangrove.
ဗြော n /byaw/kind of long drum.
ဗြက် n /byer/width; breadth.
ဗြောက် adv /byauk/fire cracker; revolver; pistol.
ဗြောင် v /byaun/Openly; frankly; candidly.
ဗြောင်ကျသည် adv /byaun kya the/open; frank; candid.
ဗြောင်ကွယ်သည် v /byaun kwe the/deny brazenly.
ဗြောင်တိုက်သည် v /byaun taik the/be vare faced.
ဗြောင်းဆန်သည် v /byaunn san the/be topsy-turvy.
ဗြုတ်စဗျင်းတောင်း n /byoke sa byuinn daunn/odds and ends.
ဗြုတ်စဗျင်းတောင်း n /byoke sa byuinn daunn/odds and ends.
ဗြုတ်စဗျင်းတောင်း n /byoke sa byuinn daunn/untidily.
ဗြုန်းစားကြီး adv /(n)/byonn zar gyee/suddenly.
ဗြုန်းစားဗြင်းစား adv /byonn zarr byinn zarr/immediately;suddently.
ဗြုန်းဗြင်းဆန်ခတ် adv /byonn byinn san gat/in turmoil.
ဗြုန်းဗြုန်းဒိုင်းဒိုင်း adv /byonn byonn dainn dainn/suddenly.
ဗြုံးမွှေး n /byonn mwaye/thyme-leaved gratiola.
ဗြဟ္မာ n /bya mar/Brahma.
ဗွီပီပီ n /bwe pepe/P.P.
ဗွေ n /bway/centre;whirl;cowlick.
ဗွေ n /bway/first turn in a g e.
ဗွေချာ n /bway char/centre.
ဗွေချာလည်သည် v /bway char leဲ the/.spin;revolve.
ဗွေဆော်ဦး bway zor u:/first and foremost.
ဗွေဖောက်သည် v /bway phauk the/be erratic.
ဗွေယူသည် v /bway yue the/take offence.
ဗွေလုသည် v /bway lu the/decide for the first turn.
ဗွေလှည့် v /bway hletဲ the/arrange things in a spiral.
ဗွက် n /bwet/mud;mire;bog.
ဗွက်ထသည် v /bwet hta the/be muddy;be boggy.
ဗွတ်ကလုံ n /but ka lon/red-whiskered bulbul.
ဗွတ်ကုလား n /but ka larr/Eurasian jay.
ဗွတ်ချွဲ n /but chweဲ/grey-eyed bulbul.
ဗွတ်စာမွဲ n /but sar mweဲ olive bulbul.
ဗွတ်ဖင်နီ n /but phin ne/red-vented bulbul.
Shwe Aeim Si

Saturday, 7 May 2016

ဗီယက်နမ်က ကျောင်းဆရာတွေရဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စာသင်နည်း

သူတို့ကျောင်းသားခလေးတွေ ကို တစ်ရက်ကို အိမ်စာ ၅ ခုလုပ်လာခိုင်းပါတယ်…
မေးခွန်းတွေက နေ့တိုင်းတူညီ နေပါတယ်…
၁. ဒီနေ့ သင်မိဘ ကို ဘာအိမ်အလုပ်တွေကူလုပ်ခဲ့သလဲ ?
၂. ဒီနေ့ သင်တစ်ပါးသူအပေါ်ဘယ်လို ကောင်းမှု့တွေ ဆောင်ရွက်ခဲ့သလဲ ?
၃. သင့်အိမ်မှာ ပတ်ဝန်းကျင်က ဘယ်လိုစိတ်ဝင်စားစရာသတင်းတွေ အကြောင်းပြောကြလဲ ?

၎. သင့်တိုင်းပြည် မှာဘယ်လိုပြောင်းလဲ တိုးတက်တဲ့ သတင်းတွေ ကြားရသလဲ ?
၅.ကမ္ဘာလောက ကြီးထဲ ဘာတွေ ပြောင်းလဲတိုးတက် လာသလဲ ?
ဒီမေးခွန်း ၅ ချက်ကနေ ဘာတွေ့ မိပါသလဲ ခင်ဗျာ ?
သူတို့ ဟာ ခလေးတွေ ကို မိဘတွေ ကိုကူညီအောင် သင်ကြားပေးကြပါတယ် ဒီလို မှမဟုတ်ယင် နံပါတ်၁ မေးခွန်းကိုဖြေ နိုင်မှာမဟုတ်ပါဘူး
နေ့တိုင်းကောင်းမှု့လုပ်ရမယ် လူကောင်းဖြစ်အောင်သင်ကြားပေးပြီ
း မေတ္တာရှိ ပြီးသူတကာကိုကူညီနိုင်အောင် သင်ကြားပေးပါတယ်နို့မို့ဆိုယင် နံပါတ် ၂ မေးခွန်းကို ဖြေ တတ်ကြမှာ မဟုတ်ပါဘူး
ခလေးတွေ ကို ကိုယ့်ဘေးပတ်ဝန်းကျင်အကြောင်းစူးစမ်းတတ်လေ့လာတတ်အောင်သင်ကြားပေးပါတယ် သတင်းအချက်အလက်တွေ လေ့လာတတ်ပြီး ဘာတွေပြောင်းလဲလာသလဲ ဘယ်လို လိုက်ပါပြုပြင်ရမလဲ ဆိုတဲ့ အမြဲတမ်း ကိုယ့်ကိုယ်ကို update လုပ်နေတတ်စေပါတယ် မဟုတ်ယင် နံပါတ် ၃.နဲ့ ၄ မေးခွန်းတွေ ကိုဖြေနိုင်မှာ မဟုတ်ပါဘူး
နောက်ဆုံးမှာ ခလေးတွေ ကို vision ရှိလာအောင်သင်ကြားပေးပါတယ် ကမ္ဘာကြီး ဘယ် အထိတောင်ရောက်နေပြီလည်းဆိုတာ ခောတ်နဲ့ အညီ လိုက်ပါ သိရှိနေစေပါတယ်
ဒါပေမဲ့ အရာရာတိုင်းကို လိုက်အတု မခိုးစေပါဘူး သူတို့ ခလေးတွေ ကို တွေးခေါ်တတ်တဲ့ အတွေးရှိအောင် စဉ်းစားတတ်လာအောင် လေ့ကျင့်ပေးတာပါ အတွေးအခေါ်ရှိမှ အဖြေတွေ ကိုဖြေကြားလာနိုင်မှာ ပါ ခလေးတွေ ဒီလိုမျိုးနေ့တိုင်း စဉ်းစားတွေးခေါ်လုပ်ကိုင်သွားကြတဲ့ အခါ လေ့ကျင့်သွားကြတဲ့ အခါ ၃နှစ် ၅ နှစ် ၇နှစ် …၁၀နှစ် နှောင် နှစ် ၂၀ ကြာလာတဲ့ အခါ ဒီခလေးတွေ
ဘယ်လိုတွေ ဖြစ်လာ မလဲ ဆိုတာ တွေးကြည့်ဖို့တော့ ကောင်းလာပါပြီ …..
လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်ခဲ့မယ် ဆိုယင်ပေါ့ ဗီယက်နမ်က ကျောင်းဆရာတွေရဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စာသင်နည်း

Tuesday, 19 May 2015

ဗြဟ္မစိုရ်တရား



ဗြဟ္မစိုရ်တရားဆိုသည်မှာ အထူးအဆန်းတော့မဟုတ် ။ လူကို လူလိုမြင်ခြင်းပင် ဖြစ်၏ ။
လူကို လူလို မြင်အောင် ကြည့်တတ်ဖို့ဆိုသည်မှာ တကယ်တော့လွယ်သည်မဟုတ်။ ကျင့်ယူမှ
ဖြစ်၏ ။ လက်တွေ့အမြင်အားဖြင့် ဆိုရလျှင် လူကိုတွေ့မြင်သောအခါ လူဟု မမြင်ဘဲ
ကုလား၊ တရုတ် ဟူ၍လည်း မြင်တတ်၏ ။ အရာရှိ ရုံးအကူ ဟူ၍လည်း မြင်တတ်၏ ။
အမှန်အားဖြင့် မိမိရှေ့မှောက်၌ လူစစ်စ်ကြီးရှိပါလျက်နှင့် လူကို လူဟူ၍ မမြင်ဘဲ
လူမျိုးအလိုက်ခွဲခြား၍ မြင်ခြင်းသည်လည်းကောင်း၊ အဆင့်အတန်းအလိုက်ခွဲခြား၍
မြင်ခြင်းသည်လည်းကောင်း၊ ရာထူး ဌာနန္တရ အလိုက် ခွဲခြား၍မြင်ခြင်းသည်လည်းကောင်း
ကောင်းသောမြင်ခြင်းမဟုတ် ။ မကောင်းသောမြင်ခြင်းသာ ဖြစ်၏ ။ လူကို လူအဖြစ်
မြင်မှသာ ကောင်းသော မြင်ခြင်း ဖြစ်၏ ။ ကောင်းသောမြင်ခြင်း ဆိုသည်မှာလည်း လောက
ရှုဒေါင့်အရ ကောင်းသောမြင်ခြင်းဖြစ်၏ ။ ဓမ္မရှုထောင့်အရ
ကောင်းသောမြင်ခြင်းဆိုသည်မှာ လူကိုတွေ့လျှင် လူဟူ၍မမြင်ဘဲ ရုပ်နာမ် ဟူ၍သာ
မြင်ခြင်းဖြစ်၏ ။ လူကိုတွေ့လျှင် တရုတ် ကုလားစသည် အားဖြင့်လည်း ကောင်း၊ သူဌေး
ဆင်းရဲသား စသည်အားဖြင့်လည်းကောင်းမြင်ခြင်းသည် သာသနာပ ကာလ၌လည်း ရှိ၏ ။
ထို့ကြောင့် ထိုအမြင်မျိုးသည် ဘဝအမြင်ဟောင်းသာ ဖြစ်၏ ။ ဘဝ အမြင်သစ် မဟုတ်။
ယင်းအမြင်မျိုးသည် ပပဉ္စ အမြင်မျိုး ဖြစ်လေသောကြောင့် ယင်းအမြင်မျိုးတွင် တဏှာ
သဘောလည်းပါ၏၊ မာနသဘောလည်းပါ၏၊ ဒိဌိသဘောလည်းပါ၏ ။ ပပဉ္စ ဟူသည်မှာ တဏှာ မာန ဒိဌိ
တို့၏ အမည်ဖြစ်၏ ။ တပ်မက်ခြင်းသည် တဏှာဖြစ်၏ ။ မောက်မာခြင်းသည် မာန ဖြစ်၏ ။
အခိုင်အမာ ယူခြင်းသည် ဒိဌိ ဖြစ်၏ ။ အမှန်အားဖြင့် ပပဉ္စ ဟူသည်မှာ လောက၏
အတွင်းသရုပ်ဖြစ်၏ ။ သုံးဆယ့်တစ်ဘုံ သည် လောက၏ အပြင်ပုံသဏ္ဌန် ဖြစ်၏ ။ လူကို
လူအဖြစ်မြင်ခြင်းသည် သာသနာပ သာသနာတွင်း နှစ်မျိုးလုံး၌ ရှိ၏ ။ ထို့ကြောင့်
ထိုအမြင်မျိုးသည်လည်း ဘဝ အမြင်ဟောင်းသာဖြစ်၏ ။ ဘဝ အမြင်သစ် မဟုတ်သေး ။ လူကို
ရုပ်နာမ်အဖြစ်မြင်မှသာ ဘဝ အမြင်သစ် ဖြစ်၏။ ထိုအမြင်မျိုးသည် သာသနာပ၌မရှိဘဲ
သာသနာတွင်း၌သာ ရှိ၏ ။ ထို့ကြောင့် လူကို လူဟု မမြင်ဘဲ ရုပ်နာမ်
အဖြစ်မြင်ခြင်းသည် ဘဝ အမြင်သစ် ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏ ။ လူကို လူအဖြစ်
မြင်ခြင်းသည် ဗြဟ္မစိုရ်အမြင်မည်၏ ။

Sunday, 7 September 2014

သတ္တ၀ါတွေရဲ့ သန္ဓေဆောင်ရက်

သတ္တ၀ါတို့ မျိုးဆက်ပီပြင်ထင်ရှားစွာ ဖြစ်လာစေရန် သန္ဓေဆောင်ထားရသော အနီးစပ်ဆုံးရက်တို့ကို ခန့်မှန်းကာ လေ့လာတင်ပြလိုက်ပါသည်။

၁။      ကြံ့သူတော်သည် ရက်ပေါင်း ၃၃၀ ဖြစ်၏။
၂။      ရေမြင်းသည် ရက်ပေါင်း ၂၄၀ ဖြစ်၏။
၃။      ၀ံပုလွေသည် ရက်ပေါင်း ၆၄ ဖြစ်၏။
၎။      ဝေလငါးသည် ရက်ပေါင်း ၃၀၅ ဖြစ်၏။
၅။      ကုလားအုပ်သည် ရက်ပေါင်း ၃၉၀ ဖြစ်၏။
၆။      ခြင်္သေ့သည် ရက်ပေါင်း ၁၁၀ ဖြစ်၏။
၇။      မြေခွေးသည် ရက်ပေါင်း ၆၃ ဖြစ်၏။
၈။      ကြောင်သည် ရက်ပေါင်း ၆၃ ဖြစ်၏။
၉။      သားပိုက်ကောင်သည် ရက်ပေါင်း ၃၉ ဖြစ်၏။
၁၀။    သစ်ကုလားအုပ်သည် ရက်ပေါင်း ၄၂၀ ဖြစ်၏။
၁၁။    အိန္ဒိယဆင်သည် ရက်ပေါင်း ၆၂၁ ဖြစ်၏။
၁၂။    ကျားသည် ရက်ပေါင်း ၁၀၆ ဖြစ်၏။
၁၃။    ကြံ့သည် ရက်ပေါင်း ၅၄၈ ဖြစ်၏။
၁၄။    ခွေးသည် ရက်ပေါင်း ၆၃ ဖြစ်၏။
၁၅။    ကျွဲသည် ရက်ပေါင်း ၃၁၁ ဖြစ်၏။
၁၆။    မြင်းသည် ရက်ပေါင်း ၃၃၀ ဖြစ်၏။
၁၇။    ရှဥ့်သည် ရက်ပေါင်း ၃၀ ဖြစ်၏။
၁၈။    ယုန်သည် ရက်ပေါင်း ၃၂ ဖြစ်၏။
၁၉။    လူသည် ရက်ပေါင်း ၂၇၀ ဖြစ်၏။
၂၀။    လူဝံသည် ရက်ပေါင်း ၂၃၆ ဖြစ်၏။
၂၁။    အာဖရိကဆင်သည် ရက်ပေါင်း ၆၃၈ ဖြစ်၏။
၂၂။    ဆိတ်သည် ရက်ပေါင်း ၁၅၀ ဖြစ်၏။
၂၃။    နွားသည် ရက်ပေါင်း ၂၈၀ ဖြစ်၏။
၂၄။    ပူးသည် ရက်ပေါင်း ၆၂ ဖြစ်၏။
၂၅။    ပွေးသည် ရက်ပေါင်း ၃၀ ဖြစ်၏။
၂၆။    ၀က်သည် ရက်ပေါင်း ၁၁၅ ဖြစ်၏။
၂၇။    သမင်သည် ရက်ပေါင်း ၂၃၀ ဖြစ်၏။
၂၈။    ဖားသည် ရက်ပေါင်း ၁၅၀ ဖြစ်၏။
၂၉။    ၀က်ဝံသည် ရက်ပေါင်း ၂၁၀ ဖြစ်သည်။
၃၀။    ကြက်သည် ရက်ပေါင်း ၂၀ ဖြစ်၏။

Wednesday, 27 August 2014

လူချစ်ဆေး(၁၀)မျိုး၊ (သို့မဟုတ်)လူမှုဆက်ဆံရေး ရွှေစည်းးမျဉ်း(၁၀)ချက်

လူချစ်ဆေး(၁၀)မျိုး၊ (သို့မဟုတ်)လူမှုဆက်ဆံရေး ရွှေစည်းးမျဉ်း(၁၀)ချက်
=======================================
၁။ နာမည်တွေကို မှတ်မိအောင် ကျက်ထားပါ။ မိမိက သူတစ်ပါးကို အလေးအနက်မထားရင် သူတစ်ပါးကလည်း အလေးအနက် ထားမှာ မဟုတ်ပါ။
၂။ သိမ်မွေ့ ပျော့ပျောင်းတဲ့လူ ဖြစ်ပါစေ။ ဒါမှ ဆက်ဆံရေးမှာတင်းမာမှု မရှိဘဲ ပြေပြစ်မှာပါ။
၃။ အေးအေးသက်သာနှင့်လိုက်လျောတတ်တဲ့ အရည်အချင်း မွေးပါ။ဒါဆိုကိုယ့်ကိုမဆန့်ကျင်ကြတဲ့အတွက်ရန်အေးပါတယ်။
၎။ တစ်ကိုယ်ကောင်းစိတ်နှင့်အတ္တမဆန်ပါနှင့် ။အတ္တကြီးမှုကိုအတတ်နိုင်ဆုံး ရှောင်ကြည်ပါ။ စောင့်ထိန်းပါ။
၅။ လူတိုင်းကို စိတ်ဝင်တစား တန်ဖိုးထားပါ။ ညီမျှတဲ့တုန်ပြန်ချက်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ရလာပါလိမ့်မယ်။
၆။ မိမိရဲ့ ၀တ်စားနေထိုင်မှုမှာ နမော်နမဲ့ ပေါ့ဆမှုတွေကို သုံးသပ်လေ့လာပြီး ပြင်ဆင်ပါ။
၇။ ဘာသာရေးအဆုံးအမတွေကို ရိုးသားစွာလိုက်နာခြင်းဖြင့် မိမိနားလည်မှုလွဲခဲ့တာ၊ လွဲနေတာတွေကို ပျောက်ကင်းအောင်ကုသပါ။ ဘယ်သူနှင့်မဆို အတတ်နိုင်ဆုံး အနစ်နာခံပါ။
၈။ လူတွေကို အမှန်တကယ် နှစ်သက်လိုလားတတ်အောင်လေ့ကျင့်ပါ။
၉။ ကြိုးပမ်းအောင်မြင်မှုမှန်သမျှကို အနည်းဆုံး ဂုဏ်ပြုစကားတစ်ခွန်းတော့ ပြောလိုက်ပါ။ မုဒိတာပွားပါ။ ဒီအခွင့်အရေးကိုလက်လွှတ် မခံပါနှင့်။ ဒါနှင့်အမျှ ၀မ်းနည်းကြေကွဲစရာတွေ့ကြုံသူ၊ စိတ်မချမ်းမသာဖြစ်နေသူကို စာနာသနားမှုပြုပါ။ ကရုဏာပွားပါ။
၁၀။ လူတွေကို စိတ်ဓာတ်တက်ကြွအောင် အားပေးပါ။ ဒီလိုအားပေးမှုကြောင့် မိမိကို လှိုက်လှိုက်လှဲလှဲ ချစ်ခင်လာကြပါလိမ့်မယ်။
##‪#‎အမေရိကန်သမ္မတဟောင်း‬ လန်ဒန်ဘီ ဂျွန်ဆင်

Wednesday, 9 July 2014

တန်ဖိုးရှိသော ဘဝ


တန်ဖိုးရှိသော ဘဝ
ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။လူနာ၂ ယောက်အတူနေ
တယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ကျည်ဒဏ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထားတစ်ခုပေါ့။
တစ်ယောက်ကတော့ သူ့ညာဘက်ခြမ်းမှာ။တိုက်ပွဲမှာ ရှေ့ တန်းအတူတက်
တဲ့ ရဲဘော်ရဲဘက်ပဲ ဖြစ်ပါတယ်။သို့ပေမယ့် သူက ဆေးရုံအရင်ရောက်ထား
သူမို့ နံရံဘက်အခြမ်းမှာ နေရာရနေသူ ဖြစ်ပါတယ။်
မျက်လုံးမမြင်၊လှုပ်ရှားဖို့ခက်ခဲတဲ့သူက နံရံဘက်ကလူကို မေးတယ်။ “ဘာတွလုပ်နေလဲ ကိုယ့်လူ”
“အပြင်မှာ ကလေးလေးတွေဆော့တာ ကြည့်နေတာ”
“အဲ့ဘက်မှာ ပြတင်းပေါက်ရှိတယ်လား”
“ဒါ့ပေါ့ သယ်ရင်းရ၊ နေဝင်ချိန်မို့လားမသိ၊ တောင်တန်းဘက်မှာ နီထိန်ထိန် မြင်ကွင်းလေးက အတော်လေး ကြည့်ကောင်းတယ်ကွ၊ဟောဟိုမှာ...
ပန်းခြံထဲက င့ါမိသားစုတွေ လက်လှမ်းပြနေတယ်။မင်းအိပ်နေတုန်း င့ါကို ဝင်တွေ့သွားတာလေ”
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ပြတင်းပေါက်နေပြီးတော့ အပြင်ဘက်က
မြင်ရတဲ့ ပတ်ဝန်းကျင် နဲ့ အကြောင်းအရာ များကို စီကာပတ်ကုံးပြောပြီး သူ့ကို မြင်စေချင်ကြောင်း၊ မြန်မြန်နေကောင်းအောင် အားတင်း၊ အသက်ရှင်
ဖို့လည်း တိုက်တွန်းပါတယ်။
ဒါနဲ့ မျက်စိပတ်တီးစည်းထားပြီး တစ်ကိုယ်လုံးလှုပ်ရှားရန် ခက်ခဲနေ
သည့်တိုင် သဘာဝအလှတွေကို တစ်ခေါက် ပြန်လည်တွေ့နိုင်ဖို့ အသက်
ရှင်သန်ရမယ်ဆိုတဲ့ ယုံကြည်ချက်လေး မွေးဖွားလာပါတယ်။ဒါနဲ့ ဆေးလည်း ပုံမှန်သောက်ပြီး ကျန်းမာဖို့ အားတင်းရင်း နေ့တိုင်း ပြတင်းပေါက်တစ်ဖက်
က မြင်ကွင်းအကြောင်းကို မေးမြန်းပါတယ်။
တစ်နေ့ သူပြန်နေကောင်းပါပြီ။မျက်လုံးပတ်တီးဖွင့်ပြီး တစ်ကိုယ်လုံးက ကျောက်ပတ်တီးဖြေလိုက်ချိန် သူ့ဘေးမှာ ရှိနေတဲ့ လူကိုမမြင်ရတော့သလို့  ပိုပြီးတော့ အံ့သြတာ တစ်ခုက ယင်းလူကြည့်ရှုနေကျ ပြတင်းပေါက်က
လည်းရှိမနေခြင်းပါ။ ဒါကြောင့် မေးခွန်းပေါင်း များစွာနဲ့ သူနာပြုကို မေးပါ
တော့တယ်။သူနာပြုကတော့ အောက်ပါအတိုင်း ပြန်ဖြေပေးပါတယ်။
“ရှင့်ရဲဘော်က ဆေးရုံအရောက်စောပေမယ့် ကံကတော့ မကောင်းရှာဘူး။ မျက်လုံးလည်း မမြင်ရဘူး။ သွေးကင်ဆာ ပြန်ဖောက်လာတာမို့ ရက်ပိုင်းပဲ အသက်ရှင်ဖို့ကျန်တော့တဲ့လူ၊ မနေ့လေးတင် ဆုံးသွားလို့ အခန်းကနေ သယ်ထုတ်ပြီးသွားပြီ။ ရှင်က စိတ်ဓာတ်ခိုင်မှ အသက်ရှင်ရမယ့်သူမို့ အားပေးစကား နေ့တိုင်းပြော ပေးတာပါ၊ နံရံမှာ ပြတင်းပေါက်မပါတဲ့ အချက်အတွက်ကတော့ စိတ်မရှိပါနဲ့”
Ref: kfacts.

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု

လိုချင်တာတွေ ရလာဖို့  ဒါတွေကိုတော့စွန့် လွှတ်ပါ...

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့်အရာ (၁၀)ခု
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။
၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။
၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်
ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။
၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့
အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။
၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာ
ကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။
၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့်
သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်
တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။
၇။ ဖြေရှင်းလို့ရသောအခက်အခဲများအား ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။
အခက်အခဲတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။ သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။
၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။
၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း သင်ရှာတာကိုပဲ သင်တွေ့တာပါ။ သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူး
ဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။
၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်း
တွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါ
တယ်။

စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-

စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုအသိဥာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို(အခြေအနေ) ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။တန်ဖိုးထားတတ်တယ်။
Joyousness: ကြည်လင်ရွင်လန်းတယ်။
Kindness: ကြင်နာ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တဲ့ အပြုသဘောရှိတယ်။
Patience: စိတ်တည်ငြိမ်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဥာဏ်ပညာရှိတယ်။

သင်မသိသေးသော သင့်အကြောင်းများ....

သင်မသိသေးသော သင့်အကြောင်းများ....

သင်မသိသေးသော သင့်အကြောင်းများ....
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
၁။သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ။နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်။
၂။ လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့အခါ အသံကို မကြားနိုင် ဖြစ်နေပါသလား။ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့
ဆိုရင်တော့ ညာဘက်နားကိုအသုံးပြုပါ။ဂီတသံစဉ်တွေကိုနားထောင်ဖို့
ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ။
၃။သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ။ ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်။
၎။ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ။ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်
ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်။
၅။နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး၊အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ။ဒီအနေအထား
အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်။
၆။အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ။ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီး
ပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်။
၇)သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ အဲ့ဒီ
နေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်။
၈။ သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်။ဘာကြောင့်လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်
အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ။
တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်။
၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ။ နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်။
၁၀။စိတ်လှုပ်ရှား ထိတ်လန့်နေသလား။သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်။vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်။
၁၁။ ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား။ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင်လိုက်
ပါ။ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေ
ပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်။
၁၂။ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံ
ကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်။Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ။လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင်ကပ်
ထားပေးရပါမယ်။ brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေ
တယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ။
ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်။ခံတွင်း အပေါ်နံရံကို လျှာနဲ့
ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲ
မှုက သက်သာစေ ပါတယ်။
၁၃။ကြို့ထိုးနေသလား။လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ။မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်။

ဗိုလ်ချုပ်နှင့်ခေါင်းဆောင်မှု့ ရှာပုံတော်..

ဗိုလ်ချုပ်နှင့်ခေါင်းဆောင်မှု့ ရှာပုံတော်..
▬▬▬▬▬▬▬▬▬▬▬▬▬▬
လူသားအ၇င်းအမြစ်မြင့်တင်ရေး NGOဖြစ်သည့် Myanmar Egrees သင်တန်းတွင်ခေါင်းဆောင်မှု့

ဘာသာရပ်ကို သင်ကြားသည့်အချိန်တိုင်း သင်တန်းသားများကို ကျွန်တော်မေးခွန်းတခု အမြဲမေးလေ့ရှိသလို

မေးတိုင်း မေးတိုင်း တူညီသောအဖြေသာရရှိလေသည်။ ထိုမေးခွန်းမှာ ´´ခေါင်းဆောင်လို့ဆိုလိုက်တာနဲ့

ခင်များတို့စိတ်ထဲဘယ်သူ့ကိုပြေးမြင်မိသလဲ ``ဖြစ်သည်။ သင်တန်းသား/သ်တန်းသူတို့၏တစ်ခဲနက်နဲသော

အဖြေမှာ ´´ဗိုလ်ချုပ်အောင်ဆန်း``။

ဗိုလ်ချုပ်လုပ်ကြံခံရသည့် မှာ ၁၉၄၇ ခုနှစ်ကဖြစ်သောကြောင့် ၆၂ နှစ်ပြည့်ခြဲ့ပြီ။

၁၉၁၅ ဖေဖော်ဝါရီ ၁၃ရက်တွင် မွေးဖွားခဲ့သောကြောင့် သူသေဆုံးချိန်တွင် ၃၂ နှစ်သာ ရှိသေးသည်။

သေဆုံးခဲ့သည့်ကာလမှာ ကြာမြင့်လှပြီဖြစ်သော်လည်း ယနေ့တိုင်လူငယ်များ ရင်တွင်းဝယ် ဗိုလ်ချုပ်ရှိနေဆဲ။

ငယ်ရွယ်သူအများဖြစ်သည့် ကျွန်တော်သင်တန်းသား သင်တန်းသူများမှာ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေး

အတွက် တိုက်ပွဲဝင်နေချိန်က ဘယ်ဆီဘယ်ဝယ်ရောက်နေသည်မသိ။ သို့သော်..ခေါင်းဆောင်ဟုဆိုလိုက်လျင်

သူတို့၏စိတ်ဝယ် ဗိုလ်ချုပ်အောင်ဆန်းအလိုလို ၀င်ရောက်လာသည်။. မဆန်းသလိုရှိသော်လည်းဆန်းသည့်ဖြစ်ရပ်ပါ။

ထိုသို့သင်တန်းတွင် တစ်ခဲနက်အဖြေနှင့် အမြဲကြုံရသောအခါ ကျွန်တော်ဗိုလ်ချုပ်ကိုစိတ်ဝင်စား

သည်။ လွတ်လပ်ရေးဖခင်အဖြစ် ဗိုလ်ချုပ်ကို ယခင်ကတည်းက ကြည်ညိုခဲ့သော်လည်း ယခုတစ်ကြိမ် စိတ်ဝင်စားသည်မှာ ပညာရပ်သဘောအရဖြစ်သည်။ ဗိုလ်ချုပ်ကိုခေါင်းဆောင်မှု့ပညာရှု့ထောင့်မှ ကျွန်တော်ကြည့်မြင်လိုသည်။ အမျိုးသားခေါင်းဆောင်ကြီးဟူသောအမြင် ဖုံးလွမ်းနေလျင် လေးစားကြည်ညို

စိတ်များက အမှန်တရားကိုမဖော်ထုတ်နိုင်မည် စိုးသောကြောင့် ထိုအမြင်ကိုခေတ္တဖယ်ခွါကာ မေးခွန်းများမေးလိုသည်။

ဗိုလ်ချုပ်ဘာကြောင့် ခေါင်းဆောင်ဖြစ်လာရသလဲ။ သေဆုံးပြီးရာစုနှစ်တစ်ဝက် ကျော်အထိ ခေါင်းဆောင်

ပုံရိပ်လွာ ကျန်ရစ်တာဘာကြောင့်လဲ။သူရဲ့ခေါင်းဆောင် ဘာကြောင့်အောင်မြင်ခဲ့သလဲ။ သူခေါင်းဆောင်နေရာရောက်

အောင် အခြေနေတွေကတွန်းပို့ခဲ့သလား။ ထိုက်တန်လို့ရောက်ခဲ့တာလား။ ဗိုလ်ချုပ်ဟာ မွေးရာပါခေါင်းဆောင်လား။

ဒါမှမဟုတ် သူ့ဘာသာသူတည်ဆောက်ခဲ့တာလား။

ထိုသို့သော မေးခွန်းများကို ကျွန်တော်မေးလိုသည်။ ပွဲပြီးမီးသေ မေးရုံသက်သက် မဟုတ်ပါ။

အဖြေများကိုလည်း ရှာလိုသည်။ ထိုသို့မေးခွန်းထုတ်ခြင်း အဖြေရှာခြင်း ဖြင့် ဗိုလ်ချုပ်၏ခေါင်းဆောင်မှု့ကို

ဖော်ထုတ်နိုင်မည်။ ဖော်ထုတ်နိုင်လျင် ဘာအကျိုးရှိမလဲ။ ပထမဆုံးအနေဖြင့် ကာယကံရှင်ကျွန်တော်အကျိုးရှိမှာ

သေချာသည်။ ထို့နောက်တွင်ရော ။ ကျွန်တော်သည် အငြိမ်မနေ မျှဝေမည်ဖြစ်သည့်အတွက် ကျွန်တော်ပတ်ဝန်းကျင်

အဓိကအားဖြင့် ကျွန်တော်စာဖတ်သူများ သင်တန်းသားသင်တန်းသူများ အကျိုးရှိမည်။

ထိုသို့စဉ်းစားပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာတမ်းများကို ရနိုင်သမျှ အင်္ဂလိပ်

မြန်မာ ကျွန်တော်လှန်လှောဖတ်ရှု့တော့သည်။ ဗိုလ်ချုပ်အကြောင်းစာအုပ်စာတမ်းများကို သူ၏မိသားစုဝင်အချို့က

ရေးသလို လုပ်ဖော်ကိုင်ဖက်တို့ကလည်းရေးသည်။ ကမ္ဘာကျော်ယေးလ်တက္ကသိုလ်တွင် အင်္ဂလိပဘာသာဖြင့်

ဒေါက်တာမောင်မောင်ပြုစုသည့် Aung SanOf Burma ´´မြန်မာအောင်ဆန်း``ကဲ့သို့စာအုပ်များကိုတွေ့ရသလို

ဗိုလ်ချုပ်အကို ဦးအောင်သန်း မြန်မာဘာသာဖြင့်ရေးသည့် ဗိုလ်ချုပ်၏ငယ်ဘ၀များပါဝင်သော ´´အောင်သန်း၏

အောင်ဆန်း``ကဲ့သို့စာအုပ်မျိုးကိုလည်း ဖတ်ရသည်။ သူ၏မိန့်ခွန်းများကိုမဖတ်ပဲ နှင့် ဗိုလ်ချုပ်အကြောင့်စေ့စုံစွာ

နားလည်နိုင်မည်မဟုတ်သည့်အတွက် မိန့်ခွန်းများကိုလည်း စုဆောင်းဖတ်ရှု့ရသည်။ ဗိုလ်ချုပ်ကျင်လည်ရသည့်

ခေတ်အခါကို ထည့်သွင်းမစဉ်းစားပါက ဗိုလ်ချုပ်၏လုပ်ရပ်များကို ပီပီပြင်ပြင် ခံစားနိုင်မည်မဟုတ်သောကြောင့်

သမိုင်းနောက်ခံကိုလည်း နောက်တဖန်လေ့လာရပြန်သည်။

ရသမျှအချိန်တွင် ဖတ်ရင်းတွေးရင်း အပြန်ပြန်အလှန်အလှန် စဉ်းစားသုံးသပ်ရင်း ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်ပိုမိုနားလည်ခဲ့သည်။ သူ၏ခေါင်းဆောင်ပုံကိုလည်း ယခင်ကထက် ပိုမိုမြင်လာသည်။ သူခေါင်းဆောင်ရာတွင် ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှု့မျိုးကိုလည်း ပိုမိုသိရှိလာခဲ့သည်။ အတိုချုပ်ပြောရလျင် ဗိုလ်ချုပ်ကိုအဝေးမှ ကြည့်ရင်း ၊အနီးမှကြည့်ရင်းဖြင့် သူ၏ခေါင်းဆောင်ပုံရိပ် ပေါ်လွင်လာသည်။

သူ၏ခေါင်းဆောင်ပုံခေါင်းဆောင်နည်းများ ခေါင်းဆောင်အရ ည်အသွေးများသည်လည်း ပြတ်သားသည်ထက်ပြတ်သားထင်ရှားလာခဲ့သည်။

မြန်မာလွတ်လပ်ရေးတွင် ဗိုလ်ချုပ်ကပြခဲ့သည့် အခန်းကဏ္ဍမှာ ကြီးမားလှသည်။

သူ၏အခန်းကဏ္ဍဆိုသည်မှာ ခေါင်းဆောင်မှုပအခန်းကဏ္ဍပင်ဖြစ်သည်။ တတိယမြန်မာနိုင်ငံကိုတည်ထောင်သူ

အလောင်းဘုရားနောက်ပိုင်း နှစ်၂၀၀အတွင်းတွင် သူကဲ့သို့သော မပေါ်သေးဟု ဗိုလ်ချုပ်၏ခေါင်းဆောင်မှုထူးခြားပုံ

ကို F.S.V Donnison က British Military Administration In the Far East တွင်ဖော်ပြချက်ကို ဒေါက်တာမောင်မောင် ရေးသားသော Aung San of Burma တွင်အောက်ပါအတိုင်းကိုးကားထားပါသည်။

He alone was able to unite his people. speak for them .and give

expression totheir spirt as no one else had done since the days of Alaung paya two hundred

years ago.

အကြောင်းကြောင်းကြောင့် တကွဲတပြားစီးဖြစ်နေသော မြန်မာပြည်သူလူထုကို တစ်စိတ်တစ်ဝမ်းတည်း

ဖြစ်အောင် ဗိုလ်ချုပ်ဘာကြောင့်စည်းရုံးနိုင်သလဲ။ တတိယမြန်မာနိုင်ငံတော်ကို အလောင်းဘုရားတည်ထောင်အပြီး

နှစ်၂၀၀ခန့်အကြာတွင် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ဗိုလ်ချုပ်ဘာကြောင့်တည်ဆောက်ပေးနိုင်ခဲ့သလဲ။

အဖြေပေါင်းများစွာရှိပါသည်။ အမြင်သားဆုံးအဖြေတစ်ခုမှာ ဗိုလ်ချုပ်သည်´´မိမိအကျိုးစီးပွားထက် နိုင်ငံအကျိုးစီးပွားကို ဦးထိပ်ထားခြင်းကြောင့်``ဖြစ်သည်။ ယနေ့ခေတ်ခေါငိးဆောင်မှုပပညာရပ်အလိုအရ....

Putting the organization's interests before personal interests`သဘောတရားဖြစ်သည်။

The Voice Weekly Vol 6.No.14

ဇေယျသူ။

ခင်မင်စွာဖြင့်....

ဆောက်တည်ရာမရသူတစ်ယောက်
 — with Shwe Arlu and Shwe Eaim Si.

Photo: ဗိုလ်ချုပ်နှင့်ခေါင်းဆောင်မှု့ ရှာပုံတော်..
▬▬▬▬▬▬▬▬▬▬▬▬▬▬
လူသားအ၇င်းအမြစ်မြင့်တင်ရေး NGOဖြစ်သည့် Myanmar Egrees သင်တန်းတွင်ခေါင်းဆောင်မှု့

ဘာသာရပ်ကို သင်ကြားသည့်အချိန်တိုင်း သင်တန်းသားများကို ကျွန်တော်မေးခွန်းတခု အမြဲမေးလေ့ရှိသလို

မေးတိုင်း မေးတိုင်း တူညီသောအဖြေသာရရှိလေသည်။ ထိုမေးခွန်းမှာ ´´ခေါင်းဆောင်လို့ဆိုလိုက်တာနဲ့

ခင်များတို့စိတ်ထဲဘယ်သူ့ကိုပြေးမြင်မိသလဲ ``ဖြစ်သည်။ သင်တန်းသား/သ်တန်းသူတို့၏တစ်ခဲနက်နဲသော

အဖြေမှာ ´´ဗိုလ်ချုပ်အောင်ဆန်း``။

ဗိုလ်ချုပ်လုပ်ကြံခံရသည့် မှာ ၁၉၄၇ ခုနှစ်ကဖြစ်သောကြောင့် ၆၂ နှစ်ပြည့်ခြဲ့ပြီ။

၁၉၁၅ ဖေဖော်ဝါရီ ၁၃ရက်တွင် မွေးဖွားခဲ့သောကြောင့် သူသေဆုံးချိန်တွင် ၃၂ နှစ်သာ ရှိသေးသည်။

သေဆုံးခဲ့သည့်ကာလမှာ ကြာမြင့်လှပြီဖြစ်သော်လည်း ယနေ့တိုင်လူငယ်များ ရင်တွင်းဝယ် ဗိုလ်ချုပ်ရှိနေဆဲ။

ငယ်ရွယ်သူအများဖြစ်သည့် ကျွန်တော်သင်တန်းသား သင်တန်းသူများမှာ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေး

အတွက် တိုက်ပွဲဝင်နေချိန်က ဘယ်ဆီဘယ်ဝယ်ရောက်နေသည်မသိ။ သို့သော်..ခေါင်းဆောင်ဟုဆိုလိုက်လျင်

သူတို့၏စိတ်ဝယ် ဗိုလ်ချုပ်အောင်ဆန်းအလိုလို ၀င်ရောက်လာသည်။. မဆန်းသလိုရှိသော်လည်းဆန်းသည့်ဖြစ်ရပ်ပါ။

ထိုသို့သင်တန်းတွင် တစ်ခဲနက်အဖြေနှင့် အမြဲကြုံရသောအခါ ကျွန်တော်ဗိုလ်ချုပ်ကိုစိတ်ဝင်စား

သည်။ လွတ်လပ်ရေးဖခင်အဖြစ် ဗိုလ်ချုပ်ကို ယခင်ကတည်းက ကြည်ညိုခဲ့သော်လည်း ယခုတစ်ကြိမ် စိတ်ဝင်စားသည်မှာ ပညာရပ်သဘောအရဖြစ်သည်။ ဗိုလ်ချုပ်ကိုခေါင်းဆောင်မှု့ပညာရှု့ထောင့်မှ ကျွန်တော်ကြည့်မြင်လိုသည်။ အမျိုးသားခေါင်းဆောင်ကြီးဟူသောအမြင် ဖုံးလွမ်းနေလျင် လေးစားကြည်ညို

စိတ်များက အမှန်တရားကိုမဖော်ထုတ်နိုင်မည် စိုးသောကြောင့် ထိုအမြင်ကိုခေတ္တဖယ်ခွါကာ မေးခွန်းများမေးလိုသည်။

ဗိုလ်ချုပ်ဘာကြောင့် ခေါင်းဆောင်ဖြစ်လာရသလဲ။ သေဆုံးပြီးရာစုနှစ်တစ်ဝက် ကျော်အထိ ခေါင်းဆောင်

ပုံရိပ်လွာ ကျန်ရစ်တာဘာကြောင့်လဲ။သူရဲ့ခေါင်းဆောင် ဘာကြောင့်အောင်မြင်ခဲ့သလဲ။ သူခေါင်းဆောင်နေရာရောက်

အောင် အခြေနေတွေကတွန်းပို့ခဲ့သလား။ ထိုက်တန်လို့ရောက်ခဲ့တာလား။ ဗိုလ်ချုပ်ဟာ မွေးရာပါခေါင်းဆောင်လား။

ဒါမှမဟုတ် သူ့ဘာသာသူတည်ဆောက်ခဲ့တာလား။

ထိုသို့သော မေးခွန်းများကို ကျွန်တော်မေးလိုသည်။ ပွဲပြီးမီးသေ မေးရုံသက်သက် မဟုတ်ပါ။

အဖြေများကိုလည်း ရှာလိုသည်။ ထိုသို့မေးခွန်းထုတ်ခြင်း အဖြေရှာခြင်း ဖြင့် ဗိုလ်ချုပ်၏ခေါင်းဆောင်မှု့ကို

ဖော်ထုတ်နိုင်မည်။ ဖော်ထုတ်နိုင်လျင် ဘာအကျိုးရှိမလဲ။ ပထမဆုံးအနေဖြင့် ကာယကံရှင်ကျွန်တော်အကျိုးရှိမှာ

သေချာသည်။ ထို့နောက်တွင်ရော ။ ကျွန်တော်သည် အငြိမ်မနေ မျှဝေမည်ဖြစ်သည့်အတွက် ကျွန်တော်ပတ်ဝန်းကျင်

အဓိကအားဖြင့် ကျွန်တော်စာဖတ်သူများ သင်တန်းသားသင်တန်းသူများ အကျိုးရှိမည်။

ထိုသို့စဉ်းစားပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာတမ်းများကို ရနိုင်သမျှ အင်္ဂလိပ်

မြန်မာ ကျွန်တော်လှန်လှောဖတ်ရှု့တော့သည်။ ဗိုလ်ချုပ်အကြောင်းစာအုပ်စာတမ်းများကို သူ၏မိသားစုဝင်အချို့က

ရေးသလို လုပ်ဖော်ကိုင်ဖက်တို့ကလည်းရေးသည်။ ကမ္ဘာကျော်ယေးလ်တက္ကသိုလ်တွင် အင်္ဂလိပဘာသာဖြင့်

ဒေါက်တာမောင်မောင်ပြုစုသည့် Aung SanOf Burma ´´မြန်မာအောင်ဆန်း``ကဲ့သို့စာအုပ်များကိုတွေ့ရသလို

ဗိုလ်ချုပ်အကို ဦးအောင်သန်း မြန်မာဘာသာဖြင့်ရေးသည့် ဗိုလ်ချုပ်၏ငယ်ဘ၀များပါဝင်သော ´´အောင်သန်း၏

အောင်ဆန်း``ကဲ့သို့စာအုပ်မျိုးကိုလည်း ဖတ်ရသည်။ သူ၏မိန့်ခွန်းများကိုမဖတ်ပဲ နှင့် ဗိုလ်ချုပ်အကြောင့်စေ့စုံစွာ

နားလည်နိုင်မည်မဟုတ်သည့်အတွက် မိန့်ခွန်းများကိုလည်း စုဆောင်းဖတ်ရှု့ရသည်။ ဗိုလ်ချုပ်ကျင်လည်ရသည့်

ခေတ်အခါကို ထည့်သွင်းမစဉ်းစားပါက ဗိုလ်ချုပ်၏လုပ်ရပ်များကို ပီပီပြင်ပြင် ခံစားနိုင်မည်မဟုတ်သောကြောင့်

သမိုင်းနောက်ခံကိုလည်း နောက်တဖန်လေ့လာရပြန်သည်။

ရသမျှအချိန်တွင် ဖတ်ရင်းတွေးရင်း အပြန်ပြန်အလှန်အလှန် စဉ်းစားသုံးသပ်ရင်း ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်ပိုမိုနားလည်ခဲ့သည်။ သူ၏ခေါင်းဆောင်ပုံကိုလည်း ယခင်ကထက် ပိုမိုမြင်လာသည်။ သူခေါင်းဆောင်ရာတွင် ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှု့မျိုးကိုလည်း ပိုမိုသိရှိလာခဲ့သည်။ အတိုချုပ်ပြောရလျင် ဗိုလ်ချုပ်ကိုအဝေးမှ ကြည့်ရင်း ၊အနီးမှကြည့်ရင်းဖြင့် သူ၏ခေါင်းဆောင်ပုံရိပ် ပေါ်လွင်လာသည်။

သူ၏ခေါင်းဆောင်ပုံခေါင်းဆောင်နည်းများ ခေါင်းဆောင်အရ ည်အသွေးများသည်လည်း ပြတ်သားသည်ထက်ပြတ်သားထင်ရှားလာခဲ့သည်။

မြန်မာလွတ်လပ်ရေးတွင် ဗိုလ်ချုပ်ကပြခဲ့သည့် အခန်းကဏ္ဍမှာ ကြီးမားလှသည်။

သူ၏အခန်းကဏ္ဍဆိုသည်မှာ ခေါင်းဆောင်မှုပအခန်းကဏ္ဍပင်ဖြစ်သည်။ တတိယမြန်မာနိုင်ငံကိုတည်ထောင်သူ

အလောင်းဘုရားနောက်ပိုင်း နှစ်၂၀၀အတွင်းတွင် သူကဲ့သို့သော မပေါ်သေးဟု ဗိုလ်ချုပ်၏ခေါင်းဆောင်မှုထူးခြားပုံ

ကို F.S.V Donnison က British Military Administration In the Far East တွင်ဖော်ပြချက်ကို ဒေါက်တာမောင်မောင် ရေးသားသော Aung San of Burma တွင်အောက်ပါအတိုင်းကိုးကားထားပါသည်။

He alone was able to unite his people. speak for them .and give

expression totheir spirt as no one else had done since the days of Alaung paya two hundred

years ago.

အကြောင်းကြောင်းကြောင့် တကွဲတပြားစီးဖြစ်နေသော မြန်မာပြည်သူလူထုကို တစ်စိတ်တစ်ဝမ်းတည်း

ဖြစ်အောင် ဗိုလ်ချုပ်ဘာကြောင့်စည်းရုံးနိုင်သလဲ။ တတိယမြန်မာနိုင်ငံတော်ကို အလောင်းဘုရားတည်ထောင်အပြီး

နှစ်၂၀၀ခန့်အကြာတွင် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ဗိုလ်ချုပ်ဘာကြောင့်တည်ဆောက်ပေးနိုင်ခဲ့သလဲ။

အဖြေပေါင်းများစွာရှိပါသည်။ အမြင်သားဆုံးအဖြေတစ်ခုမှာ ဗိုလ်ချုပ်သည်´´မိမိအကျိုးစီးပွားထက် နိုင်ငံအကျိုးစီးပွားကို ဦးထိပ်ထားခြင်းကြောင့်``ဖြစ်သည်။ ယနေ့ခေတ်ခေါငိးဆောင်မှုပပညာရပ်အလိုအရ....

Putting the organization's interests before personal interests`သဘောတရားဖြစ်သည်။

The Voice Weekly Vol 6.No.14

ဇေယျသူ။

ခင်မင်စွာဖြင့်....

ဆောက်တည်ရာမရသူတစ်ယောက်

Saturday, 24 May 2014

မိတ်ဆွေစစ်၏များ၏သဘောသဘာဝ

မိတ်ဆွေစစ်၏များ၏သဘောသဘာဝ

၁။ အရပ်တစ်ပါးသို့သွားနေသော မိတ်ဆွေအားသတိရတတ်သူ၊
၂။ မိတ်ဆွေရောက်လာလျှင်နှစ်သက်တတ်သူ၊
၃။ မိတ်ဆွေကို အလိုရှိသူ ချစ်ခင်မြတ်နှိုးသူ၊
၎။ မိတ်ဆွေအား စကားဖြင့်နှစ်သက်တတ်သူ၊
၅။ မိတ်ဆွေ၏ မိတ်ဆွေများကိုသာ ပေါင်းသင်းတတ်သူ၊
၆။ မိတ်ဆွေ၏ ရန်သူများနှင့် မပေါင်းသင်းသူ၊
၇။ မိတ်ဆွေအား ဆဲဆိုသူကို တားမြစ်တတ်သူ၊
၈။ မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ပြောသူများအား ချီးမွမ်းတတ်သူ၊
၉။ မိတ်ဆွေအား မိမိလျှို့ဝှက်ချက်ကိုပြောကြားသူ၊
၁၀။ မိတ်ဆွေ၏ လျှို့ဝှက်ချက်ကို လျှို့ဝှက်ထားတတ်သူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို ချီးမွမ်းသူ၊
၁၂။ မိတ်ဆွေ၏ ဥာဏ်ပညာကို ချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ ကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ မကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရတတ်သူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားမပေးချင်သူ။

စာရှုသူများ မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြား၍ ဘ၀တစ်လျှောက်လုံး အဆင်ပြေချောမွေ့ကြပါစေ။

ရွှေအိမ်စည်စာကြည့်တိုက်
 — 

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform