စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday, 21 September 2014

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
=====================
ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။

(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့ thyroxine (T3) eJY triiodothyronine (T4) တို့ကို ထုတ်နိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တိုင်းရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဆိုင်ရာ လုပ် ငန်းဆောင်တာအားလုံးမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။

(၂) အရိုးကျိုးအက်မှု မဖြစ်အောင် အရိုးတွေကို ကာကွယ်ပေးပါတယ် ပင်လယ်ရေညှိမှာ ဗီတာမင် ကေအ များအပြား ပါဝင်နေပါတယ်။ အရိုးထု ထည်ဆုံးရှုံးမှုဖြစ်တဲ့ အမျိုးသမီးတွေကို လေ့လာမှုအရ ဗီတာမင်ကေအလုံအ လောက် မှီဝဲရင် အရိုးကျိုးအက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရ ပါတယ်။

(၃) နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ် ပင်လယ်ရေညှိမှာ ပါဝင်တဲ့ ဖော လိတ်ဓာတ်ဟာ သွေးထဲမှာ ဟိုမိုစစ်စ တင်းစုပုံမှု မဖြစ်အောင် ကာကွယ်ပေး တဲ့နည်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ ချပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်း များများရှိတာက နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နှုန်းကို မြင့်တက် စေနိုင်ပါတယ်။

(၄) နာ့ဗ်ကြောနဲ့ ကြွက်သားတွေကို အကြောပြေလျော့စေပါတယ် မဂ္ဂနီဆီယမ်သတ္တုဓာတ်ဟာခန္ဓာကိုယ်ရှိနာ့ဗ်ကြောတွေနဲ့ြွကက်သား တွေကို ပြေလျော့စေပါတယ်။ ပင်လယ် ရေညှိမှာ မဂ္ဂနီစီယမ်များများ ပါဝင်နေပါ တယ်။ (၅) အရိုးတွေကို ကျန်းမာသန်စွမ်းစေ ပါတယ် ပင်လယ်ရေညှိမှာ ကယ်လ်စီယမ် များစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။

(၆) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ သံဓာတ်များများ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ် ပင်လယ်ရေညှိမှာ ထရစ်ပတိုဖန် ပါ ဝင်မှု များတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။ ထရစ်ပတိုဖန် ဟာ မရှိမဖြစ် အမိုင်နိုအက်စစ်ဖြစ်ပြီး အ ပန်းပြေတာ၊ အနားရတာနဲ့ အိပ်ပျော်တာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

(၈) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ် ပင်လယ်ရေညှိမှာ လစ်ဂနင်လို့ ခေါ် တဲ့ ဖိုင်တိုအီစထရိုဂျင်တွေ များများ ပါ ဝင်ပါတယ်။ လေ့လာမှုများစွာအရ လစ် ဂနင်ဓာတ်ဟာ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

(၉) ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ ဖူကန်စ် ဒါမှမ ဟုတ် ဖူကွိုက်ဒန် ဆိုတဲ့ Polysaccharide တစ်မျိုး ပါဝင်တာကြောင့် ဗိုင်းရပ်စ် ဆန့်ကျင်တဲ့ အာနိသင်၊ သွေးခဲတာကို တွန်းလှန်တဲ့ အာနိသင်၊ အကျိတ်တား အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တို့ကို ရရှိစေပါတယ်။

(၁၀) သွေးတွင်း သကြားဓာတ်ကို ထိန်းပေး ပါတယ် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနိစ်သတ္တုဓာတ် လျော့နည်းနေရင် သွေးတွင်း ဂလူးကို့စ် ဓာတ်ကို မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါ တယ်။ ပင်လယ်ရေညှိမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။

ကြယ်စင်
Ref:Good Health
 — with Shwe Arlu and 2 others.

Photo: ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
=====================
ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။

(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ ပါဝင်တာကြောင့် သိုင်း ရွိုက်ဟော်မုန်းတွေဖြစ်ကြတဲ့ thyroxine (T3) eJY triiodothyronine (T4) တို့ကို ထုတ်နိုင်ကာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ် တိုင်းရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေး ပါတယ်။ ဒါ့အပြင် ဇီဝရုပ်ဆိုင်ရာ လုပ် ငန်းဆောင်တာအားလုံးမှာ အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။

(၂) အရိုးကျိုးအက်မှု မဖြစ်အောင် အရိုးတွေကို ကာကွယ်ပေးပါတယ် ပင်လယ်ရေညှိမှာ ဗီတာမင် ကေအ များအပြား ပါဝင်နေပါတယ်။ အရိုးထု ထည်ဆုံးရှုံးမှုဖြစ်တဲ့ အမျိုးသမီးတွေကို လေ့လာမှုအရ ဗီတာမင်ကေအလုံအ လောက် မှီဝဲရင် အရိုးကျိုးအက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်တယ်လို့ သိရ ပါတယ်။ 

(၃) နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ် ပင်လယ်ရေညှိမှာ ပါဝင်တဲ့ ဖော လိတ်ဓာတ်ဟာ သွေးထဲမှာ ဟိုမိုစစ်စ တင်းစုပုံမှု မဖြစ်အောင် ကာကွယ်ပေး တဲ့နည်းနဲ့ နှလုံးရောဂါဖြစ်နှုန်းကို လျှော့ ချပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်း များများရှိတာက နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နှုန်းကို မြင့်တက် စေနိုင်ပါတယ်။

(၄) နာ့ဗ်ကြောနဲ့ ကြွက်သားတွေကို အကြောပြေလျော့စေပါတယ် မဂ္ဂနီဆီယမ်သတ္တုဓာတ်ဟာခန္ဓာကိုယ်ရှိနာ့ဗ်ကြောတွေနဲ့ြွကက်သား တွေကို ပြေလျော့စေပါတယ်။ ပင်လယ် ရေညှိမှာ မဂ္ဂနီစီယမ်များများ ပါဝင်နေပါ တယ်။ (၅) အရိုးတွေကို ကျန်းမာသန်စွမ်းစေ ပါတယ် ပင်လယ်ရေညှိမှာ ကယ်လ်စီယမ် များစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်။ 

(၆) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ သံဓာတ်များများ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

(၇) အိပ်ရေးဝ၀ အိပ်မောကျစေပါတယ် ပင်လယ်ရေညှိမှာ ထရစ်ပတိုဖန် ပါ ဝင်မှု များတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။ ထရစ်ပတိုဖန် ဟာ မရှိမဖြစ် အမိုင်နိုအက်စစ်ဖြစ်ပြီး အ ပန်းပြေတာ၊ အနားရတာနဲ့ အိပ်ပျော်တာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

(၈) ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ် ပင်လယ်ရေညှိမှာ လစ်ဂနင်လို့ ခေါ် တဲ့ ဖိုင်တိုအီစထရိုဂျင်တွေ များများ ပါ ဝင်ပါတယ်။ လေ့လာမှုများစွာအရ လစ် ဂနင်ဓာတ်ဟာ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ 

(၉) ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပါတယ် ပင်လယ်ရေညှိမှာ ဖူကန်စ် ဒါမှမ ဟုတ် ဖူကွိုက်ဒန် ဆိုတဲ့ Polysaccharide တစ်မျိုး ပါဝင်တာကြောင့် ဗိုင်းရပ်စ် ဆန့်ကျင်တဲ့ အာနိသင်၊ သွေးခဲတာကို တွန်းလှန်တဲ့ အာနိသင်၊ အကျိတ်တား အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တို့ကို ရရှိစေပါတယ်။

(၁၀) သွေးတွင်း သကြားဓာတ်ကို ထိန်းပေး ပါတယ် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနိစ်သတ္တုဓာတ် လျော့နည်းနေရင် သွေးတွင်း ဂလူးကို့စ် ဓာတ်ကို မထိန်းနိုင်တာမျိုး ဖြစ်တတ်ပါ တယ်။ ပင်လယ်ရေညှိမှာ မဂ္ဂနိစ်များစွာ ပါဝင်ပါတယ်။ 

ကြယ်စင်
Ref:Good Health

Thursday, 15 May 2014

ပိန္နဲသီးချက် သက်သတ်လွတ်


ပိန္နဲသီးချက် သက်သတ်လွတ်
ဈေးကနေ ပိန္နဲကွင်းပြုတ်ပြီးသားဝယ်ပါတယ်
အကွင်းကြီးတွေ ၃ကွင်းကို ၅၀၀ိ/
ဆူးပုပ်ရွက် ၁စည်းကို ၁၀၀နဲ့ ၂စည်းဝယ်ပါတယ်
မြေပဲဆန်အစိမ်း အဖြူရောင် လက် ၂ဆုပ်စာကို ထောင်းပါတယ်
ကြက်သွန်ဖြူအနည်းငယ်နဲ့ ကြက်သွန်နီထောင်းပါတယ်
ခရမ်းချဉ်သီး ၂လုံး အစေ့ထုထ်ပြီး ခပ်ထူထူလေးတွေ လှီးပါတယ်...
ထောင်းထားတဲ့ မြေပဲ၊ ကြက်သွန်ဖြူနီတို့ကို ဆီသပ်ပါတယ်..နောက် ခရမ်းချဉ်သီးတွေပါထည့်ပါတယ်....
အနံ့မွှေးလာတဲ့အခါခပ်သေးသေးတုံးထားတဲ့ပိန္နကွင်းတွေကို ထည့်ပါတယ်...
အရသာအတွက် ဆားတမျိုးဘဲသုံးပါတယ်
မြေပဲနဲ့ ပိန္နကွင်းတွေမှာ အချိုဓါတ်ပါပြီးသားပါ...
ပိန္နဲကွင်းတွေ နူးအိလာရင် ဆူးပုပ်ရွက် ထည့်လိုက်ပြီးမီးပိတ် အဖုံးပိတ် ခဏထားပြီးရင် စားလို့ရပါပြီ...
Khin Khin Nyo
မူရင်းလင့်https://www.facebook.com/photo.php?fbid=655543364526164&set=gm.734919423220011&type=1

Tuesday, 13 May 2014

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် …

အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် ………..

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်စားသောက်ပါက အကြိတ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် ရာခိုင်နှုန်းများကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကိုကြောက်လှော်ပါက အသားတွင် ဓာတုဓာတ်တစ်မျိုးဖြစ်ပေါ်စေနိုင်ပြီး ယင်း ဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက်ပျက်စီးစေနိုင်သည် ။
အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့ လာမှုများပြုလုပ်ခဲ့ရာတွင် အဆိုပါတွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည် ။

ကယ်လီဖိုနီးယားပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော်ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည် ။
News
 — with Shwe Eaim Si.

Sunday, 4 May 2014

သတိ! အန္တရာယ်ရှိသည်

သတိ! အန္တရာယ်ရှိသည်
------------------------------
ထက်ခြမ်းခွဲထားသော ကြက်သွန်နီ၊ အခွံခါထားသော ကြက်သွန်နီကို ချက်ချင်း အသုံးမပြုနိုင်လျှင်၊ အကြာကြီးပစ်ထားပြီးလျှင် (သို့မဟုတ်) ရက်ကျော်လျှင်၊ ပြန်မသုံးပါနဲ့ ။ မစားပါနဲ့။
ခွဲခြမ်းထားပြီး အကြာကြီးပစ်ထားတဲ့ ၄င်းကြက်သွန်နီကို စားသုံးမိပါက ဘတ်တီးရီးယားပိုးမွှားများ ပါရှိလာသည့်အတွက် ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုထားပါတယ်။
ထို့အပြင် ကြက်သွန်နီဟာ အနံ့ဆိုးများအားလုံးကို စုပ်ယူထားနိုင်သည့် အစွမ်းရှိသည့်အတွက် အခွံခွါထား၊ ခွဲခြမ်းထားပြီး ရက်ကျော်သွားလျှင် လုံးဝမစားသင့်ကြောင်းပါ။
သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

Saturday, 15 March 2014

ဝက်သားတုတ်ထိုးအချည်ရေပြုလုပ်နည်း

ဝက်သားတုတ်ထိုးအချည်ရေပြုလုပ်နည်း
====================
ငရုပ်ဆီ (သို့ မဟုတ်) ငရုပ်သီးအချို အရှည်တောင့် အမှည့်ကိုပြုတ်ပြီး ဘရန်ဒါနဲ့ မွှေပါတယ်။ ပြီးတော့ ငရုပ်သီးနှစ်ထဲကို မန်ကျည်းမှည့်ရည် နည်းနည်း၊ ငံပြာရည်၊ ကြက်သွန်ဖြူထောင်း၊ ထန်းလျှက် နှစ်ခဲထည့် ဖျော်ပါတယ်။ အရသာ ကိုယ်ကြိုက်တဲ့ အနေတော်လား မြည်းကြည့် လိုတာထပ်ထည့်ပါ။
တချို့ သံပုရာသီးနံထဲ့ ပါတယ်....။

မအိမွန်ခိုင်

ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုးစားချင်တဲ့ အချိန်တိုင်းအာသီသ ရှိနေတာကြာပါပြီ ။
အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။
အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ရှေ့ ရေးစီးပွားရေးအတွက်ပါ။

ကျနော်ငယ်ငယ်ကလည်းစိတ်ကူးမိတယ်..တုတ်ထိုးရောင်းဖို့ လေ။
ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ့ ရန်ကုန်မှာ စားရတာ မတူလှဘူး။
မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။
တုတ်နဲ့ ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ့ လဲစားလို့ ရတယ်။
ပွဲနဲ့ ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊

ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။

တုတ်နဲ့ ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို့ ခေါ်တယ်။

အကင်နဲ့ ပွဲနှင့်ပေါ့။

ပြီးတော့ အသား၊အူနဲ့ အဆုတ်ကို မီးအေးအေးလေးနဲ့ ကြွတ်နေအောင်

ကြော်ထားတဲ့ အကြွတ်ကြော်ဆိုတာ ရှိသေးတယ်။

အဲဒါနဲ့ ကြတော့ ဝက်ပြုတ်ရေကို သံပုရာသီးညှစ်ပြီးသောက်ပေါ့။

ရန်ကုန်မှာ တုတ်ထိုးစားတော့ ခေါက်ဆွဲကြော်ကြာဇံကြောနဲ့ လည်းရောစားပါတယ်။

်ရန်ကုန်ဆိုင်တွေအားလုံးထဲ မှာတော့ဒီဆိုင်တွေ ကအကောင်းဆုံးပါဘဲ..။

စဉ့် အိုတန်းလမ်းထိပ်ကတုတ်ထိုးဆိုင်

လမ်းမတော်သံဈေးရှေ့ က မငယ်ဆိုင်.

၁၃ လမ်းကမောင်မြင့်ဆိုင်လည်း အရမ်းစားကောင်းပါတယ်။

ကျောင်းမြောင်းသီတာလမ်းကခွေးနီုဆိုင်

အင်းလျားရေကူးကန်ဘေး က တုတ်ထိုးဆိုင်

ဝါးတန်းလမ်းလူပျိုကြီးဥိးချစ်တုတ်ထိုးဆိုင် (စိတ်တိုင်းကျလက်ဘက်ရည်ဆိုင်နဲ့ ပန်ဒါဟော်တယ်ကြားက)

စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ့  က ၀က်သားတုတ်ထိုး…ဒီဆိုင်များကတော့ ကျမ………..

—————–

ကျောင်းသူဘ၀တုန်းက တုတ်လေးနဲ့ ထိုးပြီးစားရတာ အရမ်းသဘောကျတာပဲ(တုတ်လည်းမပစ်ချတတ်၊ မချိုးတတ်ပါ)

မှတ်မှတ်ယယ တုတ်ထိုးစားတာအပြန် ကားစီးဖို့ ဘဲချန်ပြီးစားဘူးပါတယ်..။

လမ်းမှာ ရန်ကင်းနားကားပျက်လို့  နောက်ကားစီးဖို့ ငွေကပါမလာပါဘူး…စပယ်ယာကလည်း လူလည်ပါ…စက်ပြင်ဆရာသွားခေါ်အုံးမယ်ဆိုပြီးထွက်သွားတာအကြာကြီးပါ…။

မစောင့်နိုင်လို့ ..ရန်ကင်းကကျောက်မြောင်းအထိလမ်းလျှောက်ပြန်ခဲ့ ဘူးပါတယ်)

ရန်ကုန်မှာကျ အသားကို နည်းနည်းပြန်ကြော်ပါတယ်။



ကျနော်ကတော့ ပြုတ်တဲ့အရသာကိုကြိုက်ပါတယ်။

မိမိနှစ်သက်ရာ ဝက်သားကလီစာများကို ရွေးဝယ်ထားပါ။

ပါဝင်သောပစ္စည်း



ဝက်အသည်း၊နှလုံး၊လျှာ ၊အူချို ၊အူပိတ် သွေးခဲ၊ အသား၊ တစ်ပိသာ

ဆား

အချိုမှုန့် 

သကြား

ပဲငံပြာရည်

ဂျင်း လိုသလောက်

တရုပ်မဆလာ လိုသလောက်

ကြက်သွန်ဖြူ လိုသလောက်

နာနတ်ပွင့် ၅ ပွင့်

ငရုပ်ဆော့

သံပုရာသီး

ငရုပ်သီးစိမ်း

ဘဲဥ၁၀ လုံး

ပြုလုပ်ပုံအဆင့်ဆင့်



ဝက်အသည်း၊နှလုံး၊လျှာ ၊အူချို ၊အူပိတ် သွေးခဲ၊ အသား တို့ ကို ရေသေချာဆေးပါ။

ပြီးလျှင်ချင်းထောင်းရေနဲ့ နယ်ပေးပါတယ်။

နောက် ဆား၊သကြားအနည်းငယ်၊

ပဲငံပြာရည်အနောက်၊ငံပြာရည်၊တရုတ်မဆလာ၊ကြက်သွန်ဖြူထောင်း

တို့ ဖြင့် နှံအောင်ဆုတ်နယ်ပေးပါ။ ထို့ နောက် အသားများကို ပြုတ်ပေးပါ။

ပေါင်းအိုးနဲ့ ပေါင်းပေးရင် အရသာပိုကောင်းပါတယ်။

အသားပြုတ်အိုးထဲကို ဂျင်းအချောင်းလေးတွေလှီးပြီး ထည့်ပေးပါတယ်။

နာနတ်ပွင့်အလွယ်တကူရမယ်ဆိုရင် ထည့်ပြုတ်ပေးပါ။



အသားနူးပြီဆိုရင် မိမိစိတ်ကြိုက်ပြင်ဆင်စားသုံးနိုင်ပါပြီ။

အချဉ်အတွက်ကတော့ ငရုတ်ဆော့ကို

ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းလှီးထည့် သံပုရာရည်ညှစ်ပြီး ပြင်ဆင်ပါ။

အရည်လေးနဲ့ စားမယ်ဆို မိမိနှစ်သက်ရာအပိုင်းကို ပါးပါးလှီး၊

အရည်ဆမ်း၊အချဉ်ထည့် ပြီး စားသုံးပါ။

ထမင်းနဲ့ စားမှာမလို့ ဆိုရင်တော့ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း

ပါးပါးလှီးပါ။

ပဲပင်ပေါက်ရေနွေးဖျောပြီး သခွားသီးနဲ့ မုန်လာဥနီကိုအချောင်းလေးတွေ လှီးပေးပါ။

အသားနဲ့ ရောပြီး ငံပြာရည်တို့ နဲ့ သုတ်စားပါ။

အသားကို ကြော်ပြီးမှစားချင်သူများအတွက် အသားကို ဆီမြုပ်အောင်ထည့်ပြီး ကြော်ပါ။

ပြီးမှ ပြန်ပြီးပေါင်းပေးပါ။

ဒါဆိုရင် အရမ်းစားကောင်းတဲ့ ဝက်သားတုတ်ထိုးရပါပြီနော်။ စာပြီးရင်ဆွေမျိုးပါမေ့ နိုင်လို့ အရင် ဆွေမျိုးစာရင်းစမှတ်ပါ


ကဲ စွဲမယ်ဟေ့ 

ရွှေအိမ်စည်
— with Shwe Arlu and 2 others.

ဒီဆိုင်တွေ မှာစားပြီးရင်ကိုစားချင်တယ်


ဒီဆိုင်တွေ မှာစားပြီးရင်ကိုစားချင်တယ်
==========================
အရမ်းကောင်းတယ် ၊ အရမ်းကြိုက်တယ် ၊ စားပြီးရင်းကို စားချင်တယ် ။(မြန်မာပြည်ပြန်ရောက်ရင်....)
http://shweaeimsicook.multiply.com/
(ချက်ကြမယ်ဟေ့ မကောင်းတကောင်း)

မနက်စာ

1. Oriental House က ပုဇွန်နိုင်လွန် Dim Sum.

2. ဇော် (ကမာရွတ် ဘူတာရုံလမ်း) ကကော်ရည်ခေါက်ဆွဲနဲ့ ငါးပိထောင်း

3. Lucky Seven က နို့ စိမ်းခေါက်ဆွဲ

4. ရွှေနယ်စပ်က လားရှိုး ခုနှစ်လွှာပေါက်စီ။

5. ရွှေမြို့တော် ချစ်တီးထမင်းဆိုင်ကဆိတ်သားပလာတာ။

6. လက်ရွေးစင် ကော်ဖီက တိုရှည်နဲ့ နို့လက်ဖက်ရည်။

7. ပုသိမ် (ကွမ်းခြံဈေးထိပ်) က အသုပ်စုံ ။

အဆာပြေ

1. ငွေဆောင် Emerald Sea Hotel က အုန်းသီးကြာဇံ။

2. မြတ်မန္တာထွန်း ကားဂိတ် (မန္တလေး) ရှေ့ က လှည်းနဲ့ရောင်းတဲ့သဘောင်္သီးသုပ်။

3. ရွှေတောင်တန်းလမ်း QQ က ရှောက်ချိုသီး ပျားကြက်ဥ နဲ့ ဒူးရင်းသီးမစ်ရှိတ်။

4. ၃၁ လမ်း Excellent က ဟမ်ဘာဂါ။

5. KLCC က စပျစ်သီးဖျော်ရည်။

6. JUNCTION ZAWANA က သီးစုံသနပ်။

7. Capital Mart က ကြက်ကြော်နဲ့ဆော်ဒါ။

8. စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ့  က ၀က်သားတုတ်ထိုး

9. Pucci Cake က ပူတင်း။

10. Season က American CheeseCake

11. ၁၇ လမ်းထိပ်က ဆေးကုလားမ နဲ့ ၀က်သားကောက်ညှင်းထုပ်။

12. မြေနီကုန်း ရွှေဇုန်ကပြောင်ဖူးမီးဖုတ်သုပ်။

13. မြေနီကုန်း ရွှေရည်ကမုန့်စိမ်းပေါင်း။

14. ယုဇန ပလာဇာရှေ့က ငါးဖယ်အစာသွပ်။

15. J' Donuts က ချောကလက် ရေခဲမုန့်။

16. KYK က Fruit Cocktail.


နေ့လည်စာ

1. ခခကြီး (ပုသိမ်)က ငါးပိထောင်းနဲ့ ပုဇွန်ဆီပြန်

2. ဒဂုံတက္ကသိုလ် ဖယ်ရီကန်တင်းက မြိတ်ကတ်ကြေးကိုက်။

3. လှည်းတန်း နယူးဝင်းက ကန်စွန်းပလိန်း။

4. မြေနီကုန်းက အညာသားထမင်းပေါင်း။

5. ပုဂံက ပုန်းရည်ကြီး အချဉ် (တောင်သူလယ်သမား ) နဲ့ပဲနှပ်။

6. အောင်နန်းတော် (ဖျာပုံ) က ပုဇွန်တန်ပူရာနဲ့ mayonnaise.

7. ရန်ကင်း ယွန်းက ဒိန်ချဉ်။

8. ရန်ကင်း ၁၂ လုံးတန်းက ထောပတ်သီး ဖျော်ရည်။

9. ပုသိမ် ရွှေမြင်းပျံ ဟာလ၀ါခြောက်။

ညနေ

1. 1ချင်းလန် (လသာ) က မြေအိုးမြီးရှည်။

2. မြောက်ဥက္ကလာ ဆေးရုံလမ်းက မန္တလေး မြီးရှည်။

3. ရွှေတောင်တန်း Parisian ကကိုးရီးယား ပဲခေါက်ဆွဲ နဲ့ ချောကလက်။

4. ရွှေတောင်တန်းလမ်း QQ က ရှောက်ချိုသီး ပျားကြက်ဥ နဲ့ ဒူးရင်းသီးမစ်ရှိတ်။

5. Moon Bakery က ပြည်ကြီးငါးချဉ်စပ်ထမင်းနဲ့ မလေးရှားမြေအိုးထမင်း။



6. ရွှေဂုံတိုင် Excel က JUMBO က EFU ခေါက်ဆွဲ။

7. M-3 က သကြားကပ်တို့  ဟူးနဲ့ဝက်စတူး။

8. ရန်ကင်း သဘာဝ က တုံယမ်းဟင်းချို။

9. Cafe Utopia က ပြည်လုံးချမ်းသာဟင်း။

10. SS က အဏ္ဏ၀ါအသားစုံဟင်း။

11. ရွှေပန်ဆိုင်းက ဘဲခြေထောက်သုပ် နဲ့ကြက်ပေါင်း။

12. ရသာ (လှည်းတန်း) က ကြေးအိုး။

13. လှည်းတန်း ဦးထွန်းလင်း ခြံလမ်းက ယိုးဒယား သဘောင်္သီးထောင်း နဲ့ကြာဇံချက်။

14. မေဟွားက ငါးခြင်္သေ့။

15. မင်းလမ်း မုန့်တီဆိုင်က လှော်စာ နဲ့ကင်းပုဇွန်မီးဖုတ်။်

16. မင်းလမ်း က ၀က်ခေါင်းသုပ်။

17. တာမွေ ရွှေညောင်ပင် က ကြက်သားသုပ်။

18. သိမ်ကြီးဈေး အောက် ၂၄ လမ်းထိပ်က ကော်ပြန့်စိမ်း။

19. ရန်ကင်းပန်းခြံကြေးအိုးဆိုင် က ကြက်တောင်ပံကင်။

20. ၂၇ လမ်း ကြေးအိုးဘုရင်က ကြေးအိုးဆီချက်။

21. စံပြရုပ်ရှင်ရုံရှေ့ က မာလာဟင်း။

22. ၁၈ လမ်းက ဖက်ထုပ်ကြော်။

23. စဉ့်အိုးတန်းထိပ်က ပဲပြားအချို။

24. Millions Coin က ချဉ်စပ်ကြေးအိုး။

25. Emerald Sea (ငွေဆောင်) ကဂဏာန်းကော်ရည်။

26. ငွေဆောင် Emerald Sea Hotel ကအုန်းသီးကြာဇံ

27. ၂၇ လမ်းထပ်က ပန်းသေးခေါက်ဆွဲ။တပွဲ-၁၀၀၀ကျပ်ပါ။

28. မော်လမြိုင် ဈေးချိုက ဘဲလျာသုပ်နဲ့မျော့နံကပ်ကြော်။
...
ခင်မင်လေးစားသော

ရွှေအိမ်စည်
မှတ်ချက်( သူကြီးဂေဇတ်တွင်..ပိုစ်အား၂၀၁၀တွင်တင်ပြီး)

လျှာလည်သွားမယ့် ကန်စွန်းရွက်သုပ်

လျှာလည်သွားမယ့် ကန်စွန်းရွက်သုပ်
===================
Posted by နွယ်ပင်
ပြုလုပ်ပုံ......
ကန်စွန်းရွက်ကို ရေစင်စင် ဆေးပြီးစစ်ထားပါ ။

ပြီးရင် ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်ပြီး ဇကာနဲ့ စစ်ထားပါ ။

ကြက်သွန်ဖြူ 3 /4 မွှာ ငရုတ်သီးတောင့် (8)တောင့် ( အစပ်ကြိုက်ရင်များများထည့်ပါ ) ၊ ငရုတ်ကောင်း အနည်းငယ် ၊ ထို့နောက်အားလုံးကို လှော်ပြီး ထောင်းပါ ။

ကြက်သွန်ဖြူ ၊ ငရုတ်သီး နှင့် ငရုတ်ကောင်းများ ညက်ခါနီးရင် ငါးပိထောင်းလေးပါ အနည်းငယ် ထည့်ထောင်းပါ ။ (ငါးပိထောင်း အဆင့်သင့်မရှိပါက ငပိစိမ်းစားကို ဖုတ်ပြီးထည့်လျှင်လဲရပါသည် ။)

ကန်စွန်းရွက် ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် နှင့် ခုနက ထောင်း ထားတာတွေ၊ အားလုံးကိုရောပြီး နယ်ပါ ။

ပြီးလျှင် သံပုရာသီးတစ်လုံး ညှစ်ထည့်ပါ ။

ထို့နောက် ဆားနဲ့ အချိုမှုန့် အနည်းငယ် ထည့်ပြီး သုပ်လိုက်ရင်တော့ လျှာလည်သွားလောက်အောင်ကို ကောင်းစေမယ့် ကန်စွန်းရွက်သုပ် စပ်စပ်လေး ရပါပြီ ။

ထန်းသီးမုန့် 



ထန်းသီးမုန့် 

ပြုလုပ်ပုံ အဆင့်ဆင့်
  1. ဆန်ကို စင်ကြယ်စွာ ဆေးပြီးထောင်းပါ။ ဆန်ခါချပေးပါ။ ဆန်ခါချ ထားထားသော ဆန်မှုန့်များထဲသို့ ထန်းသီမှည့်များ အခွံနွှာပြီး အနှစ်ကိုဆန်ခါနှင့် တိုက်ချပါ။
  2. သကြား၊ ဆားတို့ကိုရောထည့်ပြီး သမအောင် နယ်ပေးပါ။ နယ်ပြီး လျှင်မုန့်များ ပွလာစေရန် (၄) နာရီခန့် ပိတ်စနှင့် ဖုံးထားပေးပါ။
  3. ရေနွေးအိုးတွင် စလောင်းဖုံးပြီး နာရီဝက်ခန့် ပေါင်းပါ။ မုန့်နပ်သော အခါလိုအပ်သလို လှီးပြီး အုန်းသီးများဖြူး ပြီးစားသုံးနိုင်ပါပြီ။


လိုအပ်သည့် ပစ္စည်းများ
  • ငစိန်ဆန် >> (၁) ပြည်
  • ထန်းသီးမှည့် >> (၁) လုံး
  • စားဆော်ဒါ >> (၄) ဇွန်း-လက်ဖက်ရည်ဇွန်း
  • သကြား >> (၆၀) ကျပ်သား
  • အုန်းသီး >> (၂) လုံး
  • ဆား >> သင့်ရုံ

မုန့် ဟင်းခါး

မုန့်ဟင်းခါး

မုန့်ဟင်းခါး
မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများ နှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့် သာရေစာ တစ်မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသား စားဖွယ် အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချ ကြပြီး နံနက်စာ မှ နေ့လည် နေ့ခင်း အစာပြေ အပြင၊် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည်။ထို့အပြင် မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံ ချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာ သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစား အစာ လည်းဖြစ်သည်။
သမိုင်းကြောင်း
ရှေးမြန်မာ့သမိုင်း တစ်လျှောက်တွင် မုန့်ဟင်းခါး နှင့်ပတ်သတ်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့် မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည်။ မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင် မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါး ပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါး ပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည်။ ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊ မုန့်ဟင်းခါး ချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမန် အရပ်သား လူအများတို့ ၏အစားအစာ သာဖြစ် နိုင်ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
ယျေဘူယျအသုံးပြုသောပစ္စည်းများ
  • မုန့်ဖတ်
  • ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရွှေ)အပြင် အခြားသောငါးများ လည်းအသုံးပြုလေ့ ရှိသည်။ ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။
  • ငါးရှားပါးသော ဒေသများတွင် ကြက်သား၊ အမဲသားတို့ကို အသုံးပြု လေ့ရှိသည်။
  • ဆီ
  • ငံပြာရည်
  • အချိုမှုန့်
  • ဆား
  • နနွင်းမှုန့်
  • ငှက်ပျောအူ
  • ဆန်လှော်မှုန့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ပဲမှုန့်
  • ချင်း
  • ငရုတ်ကောင်း
  • စပါးလင်
အသုံးပြုသော ပစ္စည်းအမျိုးအစားများမှာ ချက်လုပ်နည်း အပေါ်တွင် လည်ကောင်း ဒေသအလိုက် ရရှိနိုင်မှု ပေါ်တွင် လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။

တွဲဖက်စားသုံးလေ့ရှိသောပစ္စည်းများ
  • အကြော်မျိုးစုံ(ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်)
  • နံနံပင်
  • ရှောက်သီး၊ သံပုရာသီး
  • ပဲသီး
  • ခရမ်းချဉ်သီး
  • ငရုတ်သီးအလှော်မှုန့်
  • ကြက်သွန်မြိတ်
  • ကြက်ဥ၊ ဘဲဥ
  • ပဲသွေး
  • ငါးသလောက်ဥ
  • အီကြာကွေး
ဒေသအလိုက်မုန့်ဟင်းခါးများ

ဆိုင်တိုင်းတွင် ဒေသချက်ဟန်ကို တပါတည်း ရေးထားလေ့ရှိသည။်
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့် အရသာ နှင့် အပြင်အဆင် လည်း အမျိုးမျိုး ကွဲပြား ကြသည်။ အကြမ်းဖျင်းအားဖြင့် ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံး ဖြစ်သည်။
  • ရန်ကုန်မုန့်ဟင်းခါး
  • မြောင်းမြမုန့်ဟင်းခါး
  • ပုသိမ်မုန့်ဟင်းခါး
  • ဘိုကလေးမုန့်ဟင်းခါး
  • ဟင်္သာတမုန့်ဟင်းခါး
  • ဖျာပုံမုန့်ဟင်းခါး
  • အင်းလေးမုန့်ဟင်းခါး
  • တောင်ငူမုန့်ဟင်းခါး
  • ရခိုင်မုန့်ဟင်းခါး (အာပူလျှာပူ)
  • ထားဝယ်မုန့်ဟင်းခါး
  • တပင်တိုင်မုန့်ဟင်းခါး
မုန့်ဟင်းခါးယဉ်ကျေးမှု
မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ ဖြစ်သည့် အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါ မရွေး ရနိုင်သော အစားအစာ ဖြစ်သည်။ နာမည်ကျော် ဆိုင်ကြီး၊ ကနားကြီး များတွင် သာမက၊ လမ်ဘေး ပလက်ဖေါင်းပေါ်ရှိ ဆိုင်ငယ် များတွင်လည်းကောင်း၊ ဆိုင်းထမ်း၊ ခေါင်းရွက်ဗျတ်ထိုး၊ လက်တွန်းလှည်း၊ ဆိုက်ကား များဖြင့် လှည့်လည် ရောင်းချသူများ ထံတွင် လည်ကောင်း ဝယ်ယူ ရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များတွင် ၂၄နာရီ ပတ်လုံး ရောင်းချသည့် ဆိုင်များ ရှိလေ့ ရှိသည်။
ထို့အပြင် မုန့်ဟင်းခါးသည် လူမျိုး၊ ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ၊ ဆွမ်းကျွေး ကဲ့သို့ သာရေး များမှ အသုဘရှု၊ နာရေး အထိ မပါမဖြစ်သော အစားအစာ ဖြစ်သည်။ ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင်၊ အခြေချရာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် နှင့် အခြားကမ္ဘာ့ နိုင်ငံအများအပြားသို့ မြန်မာများနှင့် အတူ ပျံနှံ့ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ပြည်ပဈေးကွက် အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုတ် များလည်း ပေါ်ပေါက် လာခဲ့သည်။
ဆက်စပ်ကြည့်ရှုစရာ
မုန့်ဟင်းခါး ချက်နည်း
ကိုးကား
Myanmar Travel Information, Monhinga Article
History of Monhinga, Dr Khin Maung Nyunt
စားမြိန်ဝိုင်း၊ ဒေါ်အေးကြိုင်နှင့် ဒေါ်အမာနီ

ရွှေအိမ်စည်စာကြည့်တိုက်


ဂွေးသီးငပိချက်

ပါဝင်ပစ္စည်းများ
-ဂွေးသီးနုနု (၇-၈လုံးခန့်) English name - hog plum or Ambarella-ကြက်သွန်ဖြူ၂မြွာ၊ကြက်သွန်နီ ၁လုံး-ငရုတ်သီးစိမ်း(၆တောင့်)-ငရုတ်သီးခြမ်းခွဲ၂ဇွန်း(စားပွဲတင်)-ပုစွန်ခြောက် (လက်တဆုပ်စာ)-ငါးပိစိမ်းစား (စားပွဲတင်၂ဇွန်းခန့်)-ဆား၊ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)-နနွင်းမှုန့်နဲနဲ-အရောင်တင်မှုန့်၁ဇွန်း(အချိုဇွန်း)ဂွေးသီးကို ရေဆေးပြီး လေးစိတ်စိတ်ပေးပါ။ နုတဲ့အတွက်အခွံမခွါပဲ ဂွေးသီးတွေကို ငရုတ်ဆုံတွင် ထောင်းပါ။
ဒါကမသီတာသွင်ရဲ့ပုံလေးပါ

ပုစွန်ခြောက်ထောင်းပေးထားပါ။ ငါးပိကိုရေနွေးကြမ်းတလုံးစာရေထဲ့ ဖျော်ထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဆီပူလာရင် ပါးပါးလှီးကြက်သွန်နီများ၊ဖြူများကို နနွန်း၊ငရုတ်သီးအရောင်မှုန်ထည့်ပြီး ဆီသတ်ပါ။ကြက်သွန်ကျွတ်လာရင် ပုစွန်ခြောက်မှုန့်တွေကိုထည့်ပြီး ဆက်မွှေပါ။

ပုစွန်ခြောက်နံ့မွှေးလာပြီဆိုရင်ငရုတ်သီးခြမ်းခွဲထဲ့ ထောင်းထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး အားလုံးမွှေပေးပါ။

နှံ့အောင်မွှေပြီးရင် ဖျော်ထားတဲ့ငါးပိအရည်ကို့ထည့်၊ ဆား၊ ကြက်သားမှုန့်ထည့်ပြီး ငရုတ်သီးစိမ်းတောင့်လေးတွေကိုညှပ်၍သော်၎င်း အတောင့်လိုက်သော်၎င်းထဲ့ကာအဖုံးအုပ်ပြီး ဆက်တည်ပေးထားပါ။

၂မိနစ်ခန့်အုပ်ပြီးရင် အရသာမြည်းပြီးဖိုပေါ်ကချလို့ရပါပြီ။

Monday, 3 February 2014

ပုန်းရည်ကြီး

ပုန်းရည်ကြီး


ပုန်းရည်ကြီးသုပ်
ပုန်းရည်ကြီးသည် မြန်မာ့ စားသောက်ဖွယ်ရာ ဟင်းလျာတစ်မျိုး ဖြစ်သည်။ အရောင်မှာ နီညိုညိုဖြစ်ပြီး ခပ်ပျစ်ပျစ် ဖြစ်သည်။ အနံ့တွင် အချဉ်နံ့ပေါက်သည်။ ပုန်းရည်ကြီးကို မချက်ပဲ နှမ်းဆီ၊ ကြက်သွန်ဖြူနီတို့နှင့်လည်း အစိမ်းလိုက် သုပ်စားနိုင်သည်။ သို့မဟုတ် ချက်၍လည်း စားနိုင်သည်။ ဝက်သား၊ ငါးတို့နှင့် ရောချက်လျှင် အထူးအရသာရှိသည်။ အောက်မြန်မာနိုင်ငံ၌လည်း ပုန်းရည်ကြီးသည် မရိုးနိုင်သော ဟင်းတစ်မယ်ဖြစ်သည်။
ပုဂံ၊ ညောင်ဦး၊ စလေ၊ မြင်းခြံစသည့် မြို့များ၌ ပုန်းရည်ကြီးကို ချက်၍ မြန်မာနိုင်ငံ အရပ်ရပ်သို့ တင်ပို့ရောင်းချကြသည်။ ပုဂံနယ်တဝိုက်တွင် ပုန်းရည်ကြီးလုပ်ငန်းသည် အိမ်တွင်းစီးပွားရေး လုပ်ငန်းဖြစ်သည်။ ပုဂံပုန်းရည်ကြီးသည် အထူးနာမည်ကြီးသည်။

ပြုလုပ်ပုံ

ပုန်းရည်ကြီးကို ပဲအမျိုးမျိုးမှ ချက်ယူနိုင်သည်။ သို့သော် ပဲပိစပ် (ဒေါလီချော့ဗီဖလောရပ်) သည် ပုန်းရည်ကြီးကျိုချက်ရန် အကောင်းဆုံး ပဲမျိုးဖြစ်သည်။ အခြားပဲနှင့် ကျိုချက်၍ရသော ပုန်းရည်ကြီးတို့ထက် အရသာပိုမို လေးပင်လေသည်။
ပုန်းရည်ကြီးကျိုရာ၌ ရှေးဦးစွာ ပဲကိုရေနှင့် စင်ကြယ်အောင် အထပ်ထပ် ရေဆေးပေးရသည်။ ထို့နောက် ရေဆယ်ပိဿာဝင်သော ဖျဉ်းအိုးတစ်လုံးတွင် ပဲသုံးခွက် (နို့ဆီဗူး ၁၂ လုံး) ရေဆေးပြီးကို ရေအိုးအပြည့်ထည့်၍ ပြုတ်ရသည်။ ပုန်းရည်ကျိုသည့် လုပ်ငန်းကို စီးပွားဖြစ် လုပ်သူတို့သည် မီးဖိုကို အုတ်၊ ရွှံ့အင်္ဂတေတို့ဖြင့် အခိုင်အမာ လုပ်ထားသည်။ ပဲများကောင်းစွာ နူးနပ်လာသည်အထိ ပြုတ်ရသည်။ ပဲနူး၍ပွလာသောအခါ အရည်သည် သစ်ခေါက်ရောင် ဖြစ်လာသည်။
ထိုအခါ ပဲကိုဆယ်ထားပြီးနောက် အိုးထဲ၌ကျန်ခဲ့သော အရည်များကို စဉ့်အိုးများတွင်ထည့်၍ အချဉ်ဖောက်ရသည်။ အချဉ်ကြိုက်လျှင် ကြိုက်သလောက် ရက်ကြာကြာထားရသည်။ မူမှန်လိုမူ ၅ ရက်မှ ၇ ရက်အထိ ထားရသည်။ ဤသို့အချဉ်ပေါက်လာသော ပဲရည်များကို တစ်ဖန် ဖျဉ်းအိုးဖြင့် ကျိုချက်လျှင် ပုန်းရည်ကြီးကို ရရှိလေသည်။
ပြုတ်ပြီးပဲများကို နေလှန်း၍ ပြန်ရောင်းနိုင်သည်။ ဆီဆမ်း၍လည်း စားနိုင်သည်။ ထို့အပြင် ထမင်းနှင့် ချက်၍လည်း စားနိုင်သည်။ ဤသို့ပဲများကို ပြုတ်၍ရရှိသော ပဲရည်များကို ဝက်သားနှင့်လည်း ချက်စားကြသည်။ လက်ပံခေါင်းနှင့် ချက်လျှင် ပို၍ဖက်မိသည်။
ကျိုသည့်အခါ ယောက်မနှင့် မပြတ်မွှေပေးရသည်။ အမွှေမညီပါက ကျဲသည့်နေရာကျဲ၍ ခဲသည့်နေရာ ခဲတတ်သည်။ ပဲရည်များကို ယောက်မနှင့်ကော်လိုက်လျှင် အောက်သို့ကျလာသော ပဲရည်သည် ကြွက်မြှီးကဲ့သို့ အမျှင်တန်းအောင် ပျစ်လာသောအခါ ယောက်မနှင့်ပို၍ မွှေပေးရသည်။ ထို့အပြင် ပုန်းရည်ကြီးအိုးကို မီးဖိုပေါ်မှ ချရာ၌လည်း အရေးကြီးသေးသည်။
အေးသွားသောအခါ ပုန်းရည်ကြီးသည် ပို၍ပျစ်သွားတတ်သဖြင့် အိုးကိုမချမီ အလိုရှိသည့် အပျစ်အကျဲကို ခန့်မှန်းပေးရသည်။ မကြာခဏလည်း မြဲပေးရသည်။ သင့်တော်သောအချိန်တွင် မီးဖိုပေါ်မှ ချပြီးလျှင် အသင့်ဆေးထားသော မရိုး (မြူအိုး) အသစ်ကလေးများထဲသို့ ခပ်ထည့်ပေးရသည်။ ပုန်းရည်ကြီးကို မြူအိုးလိုက်ဖြစ်စေ ပိဿာလိုက်ဖြစ်စေ ရောင်းချကြသည်။ ပုန်းရည်ကြီးကို သံဗူးတွင်ထည့်လျှင် အရောင်မည်းသွားတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျိုရာ၌ပင် အရောင်ပျက်မည်စိုး၍ သံဒယ်ဖြင့် မကျိုကြချေ။
ပုန်းရည်ကြီးကို ကျိုချက်ရာ၌ အထုးဂရုစိုက်ရသည်။ အရည်များ ပျစ်လွန်သွားလျှင် ပုန်းရည်ကြီး အရနည်းတတ်သည်။ သာမန်အားဖြင့် ပဲတစ်တင်းကျိုလျှင် ပုန်းရည်ကြီး ကောင်းကောင်း ၃ ပိဿာခန့် ရသည်။ အလတ်တန်းစားကျိုမူ ၄ ပိဿာရ၍ အညံ့စားကျိုမူ ၅ ပိဿာရသည်။ သို့ရာတွင်ကျဲသည်။
အကောင်းဆုံး ပုန်းရည်ကြီးသည် အချဉ်လွန်သဖြင့် လူကြိုက်မများချေ။ အချဉ်လွန်သော်လည်း စား၍ကားကောင်းသည်။ အလတ်တန်းစား ပုန်းရည်ကြီးများမူ ချဉ်ပြီးဆိမ့်သည်။ ပုန်းရည်ကို လေသလပ်ထားလျှင် အပေါ်ယံ မှိုတက်လာတတ်သဖြင့် နှမ်းဆီ သို့မဟုတ် ပဲဆီကို အပေါ်မှ လောင်းထည့်ထားရသည်။

ပုန်းရည်ကြီး၏ အာနိသင်

ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ပြုစုသော ဥတုဘောဇန သင်္ဂဟကျမ်းတွင် စပါးမျိုး၊ ပဲမျိုးတို့မှ ပြုလုပ်သည့် ကဉ္စိကခေါ် ပုန်းရည်သည် ဝမ်းကို ပျော့စေတတ်သည်။ ထက်သည်။ ပူသည်။ ကြေလွယ်သည်။ နှုတ်ကို မြိန်စေသည်။ အစာကို ​ကြေစေတတ်သည်။ ကိုယ်ပူသည်။ အဖျားအနာကို နိုင်သည်။ လိမ်းနယ်ခြင်း စားသောက်ခြင်းတို့ဖြင့် လေ၊ သလိပ်တို့ကို နိုင်သည်ဟု ပုန်းရည်ကြီး၏ တန်ခိုးအာနိသင်များကို စုံလင်စွာ ဖော်ပြထားသည်။

Saturday, 11 January 2014

စားတော်ပဲ ပြုတ်နည်း

စားတော်ပဲ ပြုတ်နည်း


စားတော်ပဲပြုတ် ၀ယ်လို့ရပြီဆိုရင် တော့ ပဲပြုတ်ဖို့အတွက် ပြင်ဆင်ရတာ မပင်ပန်းပါဘူး။ ဒါပေမဲ့ ပဲတို့ထုံးစံထဲမှာ စားတော်ပဲကို အခုချက်ခြင်းစားဖို့ကတော့ ပိုလို့မဖြစ်နိုင်ပါဘူး။ ရက်အနည်းငယ် စောင့်ရပါမယ်။ ဒါ့ကြောင့် လူတွေက စားတော်ပဲပြုတ်ကို လုပ်စားဖို့ စိတ်မရှည်တတ်ကြပါဘူး။ မြန်မာပြည်မှာကတော့ မနက်ခင်း ပဲပြုတ်သည် အော်ခေါ်လိုက်ရင် စားရတာဘဲပေါ့။ မဟုတ်ရင်လဲ လက်ဖက်ရည်ဆိုင်တိုင်းမှာ ပဲနံပြားက တော့ ရတတ်တာဘဲမှလား။ ဒီနိုင်ငံတွေမှာကတော့ စားချင်ရင် စိတ်ရှည်ရှည်နဲ့သာ လုပ်စားပေတော့။ မဟုတ်လို့ကတော့ သူများလုပ်ထားတာ လာကျွေးတာကို စောင့်စားရမှာဘဲ။ ဒါကလည်း ဘယ်အချိန်မှန်းမသိ။

- ပဲရလာရင် ပဲကို ရေတည စိမ်ပေးရပါမယ်။ စိမ်တဲ့အခါ ဇလုံ အကြီးထဲမှာ ရေကို ပဲအပေါ် လက်၂ လုံးလောက်အထိ ထည့်စိမ်ပေးထားရပါမယ်။
- နောက်နေ့မနက်ကျရင် ရေ၀ နေတဲ့ ပဲကို ဇကာထဲမှာ ထည့်ပြီး ရေစစ်ရပါမယ်။ နေ့တ၀က်လောက် စစ်ပေးပါ။
- ရေစစ်လို့လဲ ပြီးပြီဆိုရင်တော့ လေပေါက်မပါတဲ့ ကျွတ်ကျွတ်အိပ်ဖြူထဲကို ပဲအားလုံး သွန်ထည့် ပြီးတော့ ထိပ်က ချည်ထားလိုက်ပါ။ တချို့ ကညာဆစ် နိုင်သူတွေကတော့ သဘက်အပါးစ ထဲမှာ ထည့်။ အုပ်ထား။ ပြီးတော့ နွေးတဲ့နေရာမှာ ထားလိုက်ပါလို့ ပြောပါတယ်။ ချက်ကြီးတို့ကတော့ ဒီနိုင်ငံမှာ အမှိုက်အိပ်အပါး အဖြူလေးတွေထဲ ထည့်ပြီး ပစ်ထားလိုက်တာပါဘဲ။

- ပြီးရင်တော့ နွေးပြီ လေကောင်းလေသန့် ရတဲ့ နေရာမှာ တရက်တန်သည် ၂ ရက်တန်သည် ပစ်ထားလိုက်ရပါတယ်။ နောက်နေ့ သတိရတဲ့ အခါမှာ ကြည့်လိုက်လို့ လိုချင်တဲ့ အရွယ် အညှောင့်ပေါက်လာပြီဆိုရင်တော့ ပဲပေါင်းဖို့ ပြင်ဆင်ရပါတော့မယ်။

အညှောင့်လေးတွေ ခပ်ရှည်ရှည် မှ ကြိုက်တယ် ဆိုရင်တော့ နည်းနည်းကြာကြာထားပေါ့။ မစောင့်နိင်ရင်လဲ ပဲရေစစ်ပြီးကတည်းကိုက ပဲပြုတ်ကို ပေါင်းလိုက်လို့ ရပါတယ်။ အညှောင့်လေးတွေနဲ့ စားတော်ပဲက တော့ ပိုချို သပေါ့။ 

ပဲရပြီဆိုရင် ပဲပေါင်းနည်းက ဒီလိုပါ။ 

- အောက်က ရေခံထားတဲ့ အိုးနဲ့ အပေါ်က ဇကာတင်ပြီး ပဲထည့်ပေါင်းပါ။ နာရီဝက်အကြာမှာတော့ ပဲဟာ ရေနွေးငွေ့လေးတွေနဲ့ ခပ်ဆိုဆို ဖြစ်လာပြီ အရောင်ကလည်း ပြောင်းလာပါတယ်။
- ဒါဆိုရင် အိုးကို အထက်အောက် နည်းနည်း လှုပ်လိုက်ပြီး စားဆော်ဒါ အနည်းငယ် နဲ့ ဆားနဲ့ ထည့်မွှေပေးပါ။ ပြီးတော့ အိုးပေါ်ပြန်တင်ပြီး ပြန်ပေါင်းပေးပါ။ ခနခန မမွှေပါနဲ့။ အထက်အောက် ညီချင်ရင်တော့ အိုးကို လှုပ်ပြီး အထက်အောက် လှန်ပေးပါ။
- စပေါင်းကတည်းက ပဲမှာ ဆော်ဒါနဲ့ ဆား မထည့်သင့်ပါဘူး။ မာဆတ်ဆတ်နဲ့ ဖြစ်သွားပြီး သိပ်စိတ်တိုင်းကျချင်စရာ မဖြစ်ပါဘူး။
- ပေါင်းတာကတော့ နဲနဲ အချိန်ယူပါတယ်။ လိုချင်တဲ့ ပဲ အပြော့အမာ အနပ် ရပြီဆိုရင်တော့ ပဲကို ချပြီး လိုသလို လုပ်စားနိုင်ပြီပေါ့။
- မကုန်ရင် ရေခဲသေတာထဲ ခဲထားနိုင်ပါတယ်။ လိုတဲ့အချိန် မိုက်ကရိုဝေ့နဲ့ ပြန်နွေးစားပေါ့။ ဒါမှမဟုတ် ရေနွေးငွေ့နဲ့ ပြန်ပေါင်းလဲ ဖြစ်တာဘဲ။ ပြည်ပမှာနေသူတွေကတော့ ဒီအထာကို နပ်ပြီးသားဖြစ်မှာပါ။
- စားတော်ပဲဆိုတာက ပူတဲ့အချိန်ဘဲ နူးညံ့အိစက်ပြီး အရသာရှိတာ။ ညနေလောက် ကောက်ဝါးကြည့်လိုက်ရင် မာဆတ်ဆတ်လေးဖြစ်နေတာ။ ဒါသူ့ထုံးစံပါဘဲ။ ပြန်နွေးလိုက်ရင် ခနနဲ့ ပြန်နူးညံ့သွားပါတယ်။

Posted by ချက်ကြီးတို့ အုပ်စု
  ---------------------------------------------------------------------------------------------
ပိုစ့်အဟောင်းများပြန်လည်ဖတ်ရှုလိုပါက ရွှေအိမ်စည် စာကြည့်တိုက်  http://drshweeaimsi.blogspot.com/ တွင်ဝင်ရောက်ဖတ်ရှု့ နိုင်ပါသည်။
ခင်မင်လေးစားလျှက်
ရွှေအိမ်စည်

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform