အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ဇာတိဖြစ်ပြီး နာမည်မှာ ဆန်ဒီအယ်လန်
ဖြစ်သည်။ ဆန်ဒီအယ်လန်ကို ၁၉၉၅ ခုနှစ် ဇွန် ၁၈ ရက်၌ မွေးဖွားခဲ့သည်။
ဆန်ဒီအယ်လန်၏ အရပ်အမြင့်မှာ ၇ ပေ ၇ ဒဿမ ၂၅ လက်မဖြစ်ပြီး ကမ္ဘာပေါ်တွင် အရပ်အမြင့်ဆုံး
အမျိုးသမီးအဖြစ် ဂင်းနက်စ် မှတ်တမ်း၌ ဖော်ပြခံရသည်။ ဆရာဝန်များ၏
သုတေသနာပြုချက်အရ ဆန်ဒီအယ်လန်၏ အရပ်အမြင့် နံနက်၊ နေ့လည်နှင့်
ညပိုင်းများ၌ပင် မတူညီဘဲ အနည်းငယ် မြင့်တက်နေကြောင်း ဖော်ပြခဲ့သည်။
Ref: News Light of Myanmar
==========================
ကမ္ဘာပေါ်တွင်အရပ်အမြင့်ဆုံးလူသား ကြီးထွားဖွံ့ဖြိုးမှု ရပ်ဆိုင်းသွားပြီဟုဆို
(အေအက်ဖ်ပီ) ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၄ (၆ - ၁၂ ၊ ၄ ၊ ၂၀၁၂)
ဝါရှင်တန်- အရပ် ရှစ်ပေ၊ သုံးလက်မ (၂ ဒသမ ၅၁ မီတာ) ရှိ ကမ္ဘာပေါ်တွင်
အရပ်အမြင့်ဆုံး သက်ရှိလူသားဖြစ်သော တူရကီလူမျိုး ဆူလ်တန်ကိုဆန် အတွက်
နောက်ဆုံးတွင် အရွယ်ရောက် လာပြီဟု မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့်
ပြောနိုင်ပြီဆိုသည့် သတင်းကောင်းရှိလာသည်။
ဗာဂျီးနီးယားတက္ကသိုလ်တွင် ဂမ္မာ ရောင်ခြည်ဖြင့် ခွဲစိတ်မှုအပြီး နှစ်နှစ်
နီးပါးအချိန်၌ ဆရာဝန်များက ကိုဆန် (၂၉ နှစ်) သည် အခရိုမီဂါလီမှ ကျော်
လွှားနိုင်ခဲ့ပြီဟု အတည်ပြုခဲ့သည်။
အခရိုမီဂါလီသည် ရှားပါးသော ဟော်မုန်း ကစဥ့်ကလျားဖြစ်မှုဖြစ်ပြီး ၎င်းသည် ကိုဆန်အား လူကြီးဘ၀သို့ ဆက်ပြီး ကြီးထွားစေ ခဲ့သည်။
ကိုဆန်၏ ဦးနှောက်အတွင်း၌ ကွက်တိ ရှိနေသော ဒုက္ခပေးသည့် ကြီးထွားမှုကို
ဖြစ်စေသော ဟော်မုန်းထုတ်ပေးသည့် အကျိတ်ကို ထိုးဖောက် ပြန့်ပွားနှောင့်
ယှက်မှုကင်းသည့် လုပ်နည်းအစဉ်ကို သုံး၍ ဖျက်ဆီးပေး သော ဦးနှောက်နှင့်
အာရုံကြော ခွဲစိတ်မှုဆရာဝန် ဂျေဆင် ရှီးဟန်က "သူ့ရဲ့ကြီးထွားမှု
ရပ်သွားပြီ။ ဒါဟာကောင်းပါတယ်"ဟု ပြောသည်။
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း မာဒင် ရှိ လယ်သမားမိသားစုမှ
ပေါက်ဖွားလာသော ကိုဆန်သည် ၂၀၀၉ ခုနှစ်၊ စက်တင် ဘာလ၌ Guinness World
Records မှ ကမ္ဘာပေါ်တွင် အရပ်အမြင့်ဆုံးလူသား ဟု ကြေညာခြင်းခံရပြီး
ကမ္ဘာအနှံ့ လူသိများမှုဂုဏ်အဆင့်ကို ရရှိခဲ့သည်။
ထိုအချိန်၌ ၎င်း၏ အရပ်သည် ရှစ်ပေ တစ်လက်မ (၂ ဒသမ ၄၇ မီတာ) ရှိခဲ့သည်။
၎င်း၏အကျိတ်ကို ခွဲစိတ်ဖြတ်တောက် ရန်နှင့် သမားရိုးကျနည်းဖြစ်သော
ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအတွက် တူရကီနှင့် ဥရောပတစ်နေရာသို့ သွားခဲ့ ရာ
မအောင်မြင်ခဲ့ပေ။
ထိုသို့ နှစ်ကြိမ် ကြိုးပမ်းပြီးနောက် ကိုဆန်သည် University of
Virginia သို့ သွားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဩဂုတ်လ၌ ရှီးဟန်နှင့်
အဖွဲ့သည် တုန်နှုန်းမြင့် ဂမ္မာ ရောင်ခြည်ဖြင့် ထိုးဖောက်ပြန့်ပွားမှု
ကင်းသည့် ရေဒီယိုခွဲစိတ်မှုလက်နက် Gamma Knife ဖြင့် တိတိ ကျကျ
ချိန်ရွယ်ပစ်ခဲ့သည်။
ကိုဆန်သည် ဆေးရုံတွင် တစ်ရက်ခွဲ သာနေခဲ့ရသည်။
ခွဲစိတ်မှုပေါင်း ၃၀ ခန့်ကိုပြုလုပ်ခဲ့ရာ ဦးခေါင်းကြီးလွန်း၍
အထူးမှာယူရသည့် ပစ္စည်းဖြင့် ခွဲစိတ် ရသဖြင့် ၎င်း၏ ခွဲစိတ်မှုသည် အထူး
စိန်ခေါ်မှုဖြစ်ခဲ့သည်
0 comments:
Post a Comment