မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ တွင် မြန်မာ့ရိုးရာ အတာ သင်္ကြန် ပွဲတော်
ကာလ အတွင်း ယာဉ် တိုက် မှု၊ ခိုက်ရန် ဖြစ်ပွားမှု နှင့် အခြားသော
ဖြစ်စဉ်များ ကြောင့် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ရသူ (၈၈၀) ဦးအထိရှိ ခဲ့ ပြီး၊
သင်္ကြန်ရေကစားမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူ (၁၆) ဦးအထိရှိခဲ့ကြောင်း
မန္တလေးမြို့ ပြည်သူ့ ဆေးရုံ ကြီး ဆေးလူမှု ဆက်ဆံရေး ဌာနမှ သတင်းရရှိသည်။
မဏ္ဍပ်တွေမှာ လူတွေ ပျော်ရွှင်နေ ကြပေမယ် လို့ ဆေးရုံကြီး မှာတော့
သင်္ကြန်ပွဲ တော်ကာလအတွင်း နေ့စဉ်နေ့တိုင်း ထိခိုက် ဒဏ်ရာရရှိမှု ၊ သေဆုံးမှု
တွေနဲ့ မိသားစု တွေရဲ့ ငိုသံ တွေပဲရှိ နေခဲ့ပါ တယ်။ ဒါကြောင့် လည်း တချို့
လူငယ် သားသမီးရှိတဲ့ မိသားစုက လူကြီးမိဘတွေဆိုရင် သင်္ကြန် ကို မြန်မြန်
ပြီးစေချင်ကြ တဲ့အ ထိ စိုးရိမ်မှုတွေ ရှိခဲ့ကြ တယ်””ဟု မန္တလေး
ပြည်သူ့ဆေးရုံကြီး ဆေး လူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင် က The
Messenger သတင်းစာသို့ ပြောသည်။ မြန်မာ့ ရိုးရာအတာသင်္ကြန်ကာလ အတွင်း
သင်္ကြန်ရေကစား မှု ကြောင့် သင်္ကြန် အကြိုနေ့တွင် ထိခိုက်ဒဏ်ရာရရှိသူ (၁၉၆) ဦး
ရှိခဲ့ပြီး၊ သေဆုံး သူမရှိခဲ့သော်လည်း၊ သင်္ကြန် အကျနေ့တွင် ထိခိုက်ဒဏ်ရာ
ရရှိသူ (၂၅၁) ဦးတွင် သေဆုံးသူ ကျား နှစ်ဦး၊ သင်္ကြန်အကြတ်နေ့တွင်
ထိခိုက် ဒဏ်ရာရရှိ သူ (၂၂၅) ဦးတွင် သေဆုံးသူ ကျား ငါးဦး၊ မ နှစ်ဦး
စုစုပေါင်း ခုနစ် ဦး၊ သင်္ကြန် အတက် နေ့တွင် ထိ ခိုက်ဒဏ်ရာရရှိသူ (၂၀၈)
ဦးတွင် သေဆုံးသူ ကျား ခြောက်ဦး၊ မ တစ်ဦး၊ စုစုပေါင်း
ခုနစ်ဦးရှိခဲ့ကြောင်း မန္တလေး မြို့ ပြည်သူ့ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာန
မှတ်တမ်းများအရ သိရသည်။ မန္တလေးမှာ သင်္ကြန်ရေ ကစား ထွက် ကြတယ်ဆိုတာက
တခြားနယ် တွေလို မဟုတ်ဘူး။ အဓိက ဆိုင်ကယ်နဲ့ လည်ကြ တာဆိုတော့ ယာဉ်
အန္တရာယ်ဖြစ်ရင် ထိခိုက် ဒဏ်ရာ ရရှိဖို့နဲ့ သေဆုံးမှုဖြစ်ဖို့က ပိုများတယ်။
ဆေးရုံကြီးကို ရောက်လာကြ တဲ့ အထဲ မှာ အများဆုံးက ယဉ်တိုက်မှုကြောင့် ရောက်လာ
ကြတာပါ”” ဟု ဦးမင်းလွင်က ပြောသည်။
မန္တလေးဆေးရုံကြီး အရေးပေါ် လူနာ ဌာနသို့ ရောက်ရှိလာ သူများတွင်
ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ် ပွားမှု ကြောင့် ရောက်ရှိလာသူ အများဆုံး
တွေ့ရကြောင်း အဆိုပါ ဆေးရုံကြီး တွင် ကူညီ ဆောင်ရွက်နေကြ သည့် မဏီစလ
လူမှုကူညီရေးအဖွဲ့ ၀န်ထမ်းများထံမှ သိရ သည်။ မန္တလေးတိုင်းဒေသကြီအတွင်း
ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ပြစ်မှုပေါင်း
(၁၃၃) မှုတွင် လက်နက်ကိုင်ဆောင်မှု နှစ်မှုသာ ရှိခဲ့ပြီး၊ မူးယစ်ရမ်းကား
မှုကြောင့် အရေးယူ ခဲ့သည့် ပြစ်မှု (၄၃) မှုအထိရှိခဲ့ကြောင်း အခြားပြစ်မှု
များတွင် ယာဉ် တိုက်မှု၊ ပြည့်တန်ဆာမှု၊ ၀တ္တရားနှောင့်ယှက်မှုနှင့် လမ်းဘေး
ဈေး ရောင်းချမှု များဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ
သိရှိရပြီး၊ ယခုနှစ် ၂၀၁၄ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်း
ဖြစ်စဉ်များနှင့် ပတ် သက်၍ တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးသို့
သွားရောက်စုံစမ်းခဲ့သော် လည်း သတင်းမရရှိခဲ့ပေ။
The Messenger




0 comments:
Post a Comment