လူ့အခွင့်အရေးနဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး
လူ့အခွင့်အရေးနဲ့ ရေရှည် တည်တံ့မှုရှိတဲ့ ဖွံ့ဖြိုးရေးဆိုတာကိုခွဲခြားဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုနဲ့ တစ်ခု ဆက်နွှယ်ပတ်သက်နေပါတယ်။
အဲဒီ အကြောင်းအရာနှစ်ခုအကြားက ပတ်သက်မှုကို ကွဲပြားတဲ့ သွင်ပြင်များစွာနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
လူမှုဖူလုံရေးဟာ စီးပွားရေး လုံခြုံရေးနဲ့ ဆက်စပ်မှု ရှိသလိုပါပဲ။ သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ တစ်ခုနဲ့
တစ်ခု ခွဲမရအောင် ဆက်စပ်နေသလိုမျိုးပါပဲ။
လူ့အခွင့်အရေးနဲ့
ရေရှည်တည်တံ့မှု ရှိတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တို့အကြား အချင်းချင်း
တွဲစပ်မှု၊ ပတ်သက်မှု၊ ဆက်နွှယ်မှုများ ရှိနေတယ်လို့ ဆိုချင်ပါတယ်။
လူသားတစ်ဦးနဲ့ တစ်ဦး လေးစားမှု ရှိခြင်းကဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ရဲ့
မရှိမဖြစ် အရေးပါတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တာဝန်ခံမှု
ကင်းမဲ့ခြင်းက ပြည်သူလူထု ဆန္ဒသဘောထားကို အလေးထားမှု မရှိခြင်း ဖြစ်ပါတယ်။
တကယ်လို့များ လူသားတို့ရဲ့ အခြေခံ အခွင့်အရေးတွေဟာ ခြိမ်းခြောက်
ခံနေရတယ်ဆိုရင် … တကယ်လို့ လူသားတွေရဲ့ အခြေခံ အခွင့် အရေးတွေ ဖြစ်ကြတဲ့
စားရေးအတွက် ဖြစ်စေ၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဖြစ်စေ၊ ပညာရေး၊
နေထိုင်ရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ နိုင်ငံရေးမှာ
ပါဝင်ပတ်သက်ပိုင်ခွင့် စတာတွေမှာ အခွင့်အရေး ချိုးဖောက်ခံနေရမယ်ဆိုရင် …
လူထု အနေနဲ့ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ
တတ်အားသမျှ ပါဝင်ဆောင်ရွက်ခွင့်ကို ပိတ်ပင် ဟန့်တား ခံနေရခြင်းပဲ
ဖြစ်ပါတယ်။
သဘာဝ ပတ်ဝန်းကျင် ချို့ယွင်းမှု ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့
အဓိက အကြောင်းတရားက အစိုးရ၊ စက်မှုလုပ်ငန်းများနဲ့ ကော်ပိုရိတ် လုပ်ငန်း
များစွာတို့ရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့် ဖြစ်တယ်။
အစိုးရ၊
စက်မှုလုပ်ငန်းများနဲ့ ကော်ပိုရိတ် လုပ်ငန်းများစွာတို့က ပြည်သူ လူထုရဲ့
အခွင့်အရေးကို လျစ်လျူရှု ချိုးဖောက်ကြခြင်းကြောင့် ရေရှည် တည်တံ့မှု ရှိတဲ့
ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကနေ ဖယ်ခွာသွားခြင်း ဖြစ်တယ်။ ထို့အတူ တာဝန်မဲ့
လုပ်ရပ်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာရခြင်း ဖြစ်တယ်။
အစိုးရ အပါအဝင် စက်မှုလုပ်ငန်းနဲ့ ကော်ပိုရိတ် လုပ်ငန်းကြီးတွေက သူတို့ရဲ့
တာဝန်မဲ့မှုတွေကို ပြည်သူလူထုက အသိပေး ဖော်ထုတ် ပြောဆိုလာတဲ့ အခါ
ပြည်သူလူထုအနေနဲ့ ဘေးအန္တရာယ် ကျရောက်မယ့် အခြေအနေတွေ ကို ရင်ဆိုင်ရဖို့
ဖန်တီး ပစ်ကြတယ်။ အင်အားသုံး ဖြိုခွင်းတာတွေ၊ အကြမ်း ဖက် နှိမ်နင်းတာတွေနဲ့
လူသားချင်း စာနာထောက်ထားမှုကို လျစ်လျူရှုပစ် ကြတယ်။
မြန်မာနိုင်ငံ
အပါအဝင် နိုင်ငံအတော်များများမှာ အစိုးရက ကျင့်သုံးနေတဲ့ ဖွံ့ဖြိုးရေး
လမ်းစဉ်တွေကို ရေရှည်တည်တံ့မှု ရှိတဲ့ ဖွံ့ဖြိုးရေး အသွင်ပြောင်း ဖို့
လုပ်ဆောင်ကြတဲ့ လှုပ်ရှားမှုဆိုင်ရာ ရာဇဝင် ကိုယ်စီ ရှိကြပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization, WTO) ရဲ့ (၂၀၀၃)
ခုနှစ်က ကျင်းပခဲ့တဲ့ အစည်းအဝေး သမိုင်းဖြစ်ရပ်ကို ကြည့်ရင် အခွင့်ရေး
ချိုးဖောက်ခံရမှုရဲ့ ရလဒ်ကို တွေ့နိုင်တယ်။
စည်းဝေးပြင်ပ လူထုထဲက
ကိုရီးယား လယ်သမားတစ်ဦးဟာ လူပုံအလယ် မှာ ကိုယ့်ကိုကိုယ် ဓားနဲ့ ထိုးပြီး
အဆုံးစီရင်သွားတယ်။ အကြောင်းရင်း ကတော့ ဆင်းရဲတဲ့ လယ်သမားတွေရဲ့
အခွင့်အရေးတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ် ခံနေရခြင်းအတွက်
မကျေနပ်တာကြောင့် အသေခံ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ်။
လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် ရှိခြင်းဆိုတဲ့ အခွင့်အရေးကြောင့် လူထုက
ရေရှည်တည်တံ့မှု မရှိတဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်နိုင်ကြ တယ်လို့
သုံးသပ်နိုင်ပါတယ်။
လူထုက သူတို့နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ တစ်နည်းတခြား လမ်းစဉ်တွေနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်ဖို့ အားထုတ်ကြတယ်။
ဒါ့အပြင် လူထုရဲ့ အသိုက်အဝှမ်းကို အပြုသဘော မဟုတ်တဲ့ သက်ရောက် မှု
ဖြစ်ပေါ်စေတဲ့ လူမှုဆက်ဆံရေးပုံစံနဲ့ စီးပွားရေး ဖော်ဆောင်မှုတွေ ကို
ပြောင်းလဲဖို့ ကြိုးစားကြတယ်။ မတရားမှုကို ထုတ်ဖော် ဆန္ဒပြကြတယ်။
ပြည်သူလူထုအနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု ဖြစ်တဲ့ မြေကြီး၊
လူ့အသိုက်အဝှမ်း၊ သဘာဝပတ်ဝန်းကျင် ဒါမှမဟုတ် သူတို့ရဲ့ အခွင့်အရေးတွေကို
ကာကွယ်ဖို့ အတွက် ဆန္ဒရှိခြင်းက သူတို့ရဲ့ ဘဝတွေကို စွန့်စားခြင်း
ဖြစ်စေတယ်လို့ နိုင် ငံရေး ပညာရှင် တချို့က ဆိုပါတယ်။
မလေးရှား၊
အိန္ဒိယ၊ ကနေဒါ၊ အမေရိကနဲ့ အခြား တိုင်းပြည်တွေမှာ နေထိုင် ကြတဲ့
တိုင်းရင်းသား လူထုတွေက သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုနဲ့ သူတို့ အစဉ်အဆက်
ကြီးပြင်းရာ မြေကြီးကို ကာကွယ်ဖို့ ကြိုးပမ်းကြတဲ့အခါမှာ စည်းခြားခံရခြင်း၊
ဖမ်းဆီး နှိပ်စက်ခံရခြင်းနဲ့ ခေတ်သစ် အစုလိုက် သတ်ဖြတ်ခြင်းလို
ခြိမ်းခြောက်မှု ပုံစံမျိုးတွေနဲ့ ကြုံတွေ့နေကြရပါတယ်။
ရေရှည်တည်တံ့မှု မရှိတဲ့ ဖွံ့ဖြိုးရေးကို ပျက်ပြားစေတဲ့ အထဲမှာ ပြည်တွင်း
စစ်ကလည်း အဓိက ဟန့်တားနေတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းစစ်
အတော်များများမှာ အသုံးပြုတဲ့ စစ်ဗျူဟာတွေအရ အရပ်သားပြည်သူကို အဓိက
ပစ်မှတ်ထားကြတယ်။
အရပ်သားပြည်သူကို အစုလိုက် သတ်ဖြတ်မှုကြောင့်
အနာဂတ်မှာ စစ်ပွဲတွေ ထပ်ဖြစ်ဖို့ အကြောင်းဖန်လာစေပါတယ်။ လက်စားချေ
တုံ့ပြန်မှုကို မျိုးစေ့ ချပေးသလို ဖြစ်စေပါတယ်။ မငြိမ်းမယ့် မိးကို
အစပျိုးပေးသလိုပါပဲ။
(Rawanda) နဲ့ (Burundi) တို့မှာ လူမျိုး
တစ်စုလုံးကို အစုလိုက် သတ်ဖြတ် မယ့် အခြေနေကို ကြိုတင် အသိပေးခဲ့ပေမယ့်
အပြည်ပြည်ဆိုင်ရာ အဖွဲ့အ စည်းများက ဝင်ရောက်တားဆီးဖို့ ပျက်ကွက်ခဲ့တယ်။
အဲဒီလို တာဝန်မဲ့မှုကြောင့် သတ်ဖြတ်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်
အသိုင်းအဝိုင်းကို မထိန်းနိုင် မသိမ်းနိုင် ဖြစ်ကာ ရွာတိုင်းရဲ့
လမ်းမတွေပေါ် သေကြေပျက်စီးမှုတွေ ဖြစ်ပွားခဲ့ရတယ်။
အစိုးရအနေနဲ့
အများပြည်သူ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန် ဒုက္ခသည် စခန်းများ၊
လုံခြုံတဲ့ အမိုးအကာ ရှိတဲ့ နေရာထိုင်ခင်းများကို ပံ့ပိုးပေးနိုင်ရန်
အမှန်တကယ် စီစဉ်ဆောင်ရွက်မှု ရှိဖို့ လိုအပ်ပါတယ်။
မတရားသမျှ
နစ်နာနေတဲ့ လူထုကို ကာကွယ်ပေးခြင်း၊ ဥပဒေ ချိုးဖောက်နေ သူများကို
ထိန်းချုပ် တားမြစ်ခြင်း၊ လုံခြုံစိတ်ချရတဲ့ နယ်ပယ် ဖန်တီးပေးခြင်း စတာတွေက
ရေရှည်တည်တံ့မှု ရှိတဲ့ ဖွံ့ဖြိုးရေးအတွက် အစိုးရဘက်က လုပ်ဆောင်ပေးရမယ့်
လုပ်ငန်းစဉ်တွေပါပဲ။
အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားတဲ့
အလုပ်လက်မဲ့ ပြဿနာနဲ့ တရားမျှ တမှု မရှိဘဲ အကျဉ်းချခံရတဲ့ ပြဿနာတွေ အတွက်
လည်း ပြည်သူလူထုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးချပြီး ထောက်ပြ
ပြောဆိုကြ မှာ ဖြစ်ပါတယ်။
လူသား မျိုးနွယ်စုများ အကြား
ခွဲခြားဆက်ဆံခံခြင်းက နေထိုင်ရေး၊ ကျန်း မာရေး၊ စားသောက်ရေး၊ ပညာရေးနဲ့
အခြားသော အခြေခံ အခွင့်အရေးတွေ ကို ပြိုကွဲစေတဲ့ အကြောင်းရင်း တစ်ရပ်
ဖြစ်ပါတယ်။
လူသားဆန်ခြင်းဆိုတဲ့ လူ့သဘာဝ၊ လူ့ဇာတိကို
အသိအမှတ်ပြုခြင်း၊ အမျိုး သမီးများရဲ့ အခွင့်အရေးကို အသိအမှတ်
ပြုခြင်းတို့က ရေရှည် တည်တံ့မှု ရှိတဲ့ အနာဂတ်ကို ပုံဖော်ရာမှာ
အထောက်အကူကောင်း တစ်ခု ဖြစ်တဲ့ အတွက် လက်ခံ ကျင့်သုံးနိုင်ရင်
အကျိုးများဖို့ ရှိပါတယ်။
အများအားဖြင့် ဖွံ့ဖြိုးရေး
လုပ်ငန်းစဉ်တွေနဲ့ အခွင့်အရေးတွေ အကြောင်း ပြောတဲ့အခါမှာ
မသန်စွမ်းသူများရဲ့ အရေးကိစ္စကို မေ့ထားခဲ့ကြ တာ များပါတယ်။
မေ့ထားခဲ့မယ်ဆိုရင် ဒါဟာ လူသားချင်း ခွဲခြားဆက်ဆံ မှု ဖြစ်ပါတယ်။
အသေအချာ စဉ်းစားမယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ကြီးကို ဖျက်စီးစေတဲ့ စစ်ပွဲတွေ၊
အလေ့အကျင့်တွေ၊ နျူစမ်းသပ် မှုတွေကို ပြုလုပ်ခဲ့တဲ့ သူတွေဟာ
မသန်စွမ်းသူများအပေါ် တာဝန် အပြည့်အဝ ယူဖို့သင့်တယ်ဆိုတာ အထင်အရှား တွေ့
မြင်လာပါလိမ့်မယ်။
လူ့အသိုက်အဝှမ်း တစ်ရပ်လုံးက မသန်စွမ်းသူများ
ကဏ္ဍစုံမှာ ပါဝင်ခွင့်ရှိတဲ့ အကြောင်းကို သိမြင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း
ရေရှည် တည်တံ့မှု ရှိတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ဟာ အဓိပ္ပါယ်ရှိတဲ့
ကိစ္စတစ်ရပ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ မသန်စွမ်းသူများကို ဘယ်လို ကဏ္ဍမှာမှ
ချန်ထားဖို့ အကြောင်း မရှိဘူးလို့ ဆိုချင်ပါတယ်။
ထို့အတူ
လူငယ်တွေအနေနဲ့ နိုင်ငံရေးပါဝါ နည်းပါးသေးတာကြောင့် မတရားမှုတွေကို
ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ
မမျှတမှုတွေအတွက် ဖော်ထုတ်ပြောကြားတဲ့ အချိန်များမှာ စွန့်စားရတဲ့
အတိုင်းအတာက မြင့်မားနေတာ တွေ့ရပါတယ်။
တချို့နိုင်ငံတွေမှာ
မျိုးဆက်သစ် အသိုက်အဝှမ်း တစ်ခုလုံး ဖြစ်စေ၊ လူမှုရေး ပြောင်းလဲရေးအတွက်
အင်တိုက်အားတိုက် လှုပ်ရှားကြတဲ့ မျိုးဆက်သစ် အစုအဖွဲ့များ ဖြစ်စေ သူတို့ရဲ့
လုပ်ဆောင်မှုတွေကြောင့် ဖိနှိပ် ညှင်းပန်းခြင်းနည်းနဲ့
သုတ်သင်ရှင်းလင်းခံရမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။
လူ့အခွင့်အရေးကို
လေးစားမှု မရှိခြင်းကေ ရရှည်တည်တံ့မှု ရှိတဲ့ အနာဂတ် ကို ဖော်ဆောင်ရာမှာ
အဟန့်အတား ဖြစ်စေတယ်လို့ အထက်မှာ ဖော်ပြခဲ့ ပြီး ဖြစ်တဲ့အတိုင်း
ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များမှာ လူသားတိုင်းကို နေရာပေးဖို့ လိုအပ်ပါတယ်။
နေ့စဉ်နဲ့အမျှ ကလေးငယ်တွေ အပါအဝင် လူအများဟာ ငတ်မွတ်ခေါင်း
ပါးခြင်းကြောင့် သေကြေပျက်စီးနေကြရတယ်။ ကလေးသုံးယောက်မှာ တစ်ယောက်က
အာဟာရချို့တဲ့ခြင်း ပြဿနာကို ရင်ဆိုင်နေရတယ်။
ဒါဟာ အဆိုးရွားဆုံး
လူ့အခွင့်ရေး ချိုးဖောက်ခံရမှု တစ်ခု ဖြစ်ပါတယ်။ တချို့ အရပ်ဒေသတွေ၊ တချို့
နိုင်ငံတွေမှာ အစာရေစာ ပေါများလွန်းလို့ ဖျက်ဆီး ပစ်နေရတဲ့ အချိန်မှာ
တစ်ဘက်က လူတွေ အစာငတ်မွတ်ခြင်းကြောင့် အသက် ဆုံးပါးနေရတယ် ဆိုတာ တန်းတူ
ညီမျှမှု မရှိတာပဲ ဖြစ်တယ်။
ချမ်းသာတဲ့ နိုင်ငံတွေနဲ့ လူချမ်းသာတွေက အခွင့်အရေး ပိုရခြင်းဟာ မျှတမှု မရှိတဲ့ ဖွံ့ဖြိုးရေးလမ်းစဉ်ကို လျှောက်လှမ်းနေကြခြင်းပါပဲ။
ယခု (၂၁) ရာစုကာလကို အပေါ်ယံ ခြုံကြည့်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်တယ် လို့
ထင်ရနိုင်ပေမယ့် ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်း မျိုးစုံနဲ့ တဖြည်းဖြည်း
ရင်ဆိုင်နေရတဲ့အပြင် လူသားတို့ရဲ့ မွန်မြတ်တဲ့ စိတ် ထားတွေ
ပျောက်ဆုံးလာနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
ထို့အတူ နှစ်ပေါင်းများစွာ
တည်တံ့ခဲ့တဲ့ ကမ္ဘာ့ရဲ့ သယံဇာတတွေဟာ စီးပွားရေး ဖွံ့ဖြိုးမှု စတင်ခဲ့တဲ့
နှစ် (၂၅၀) အတွင်း ပျောက်ဆုံးလာနေ တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း သယံဇာတ လျော့နည်းလာမှု၊ လူမှုရေး
အကြပ်အတည်းများ၊ မြေပြဿနာ၊ လူတချို့ရဲ့ တာဝန်မဲ့ လုပ်ရပ်တွေကြောင့်
ဖြစ်ပွားလာရတဲ့ နောက်ဆက်တွဲ ပြဿနာများ၊ အစားအသောက်များ စိတ်ချရမှု
မရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်ခြင်းနဲ့ ပညာရေး ကျဆင်းမှု
စတဲ့ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရပါတယ်။
ထို့ပြင် အစိုးရအနေနဲ့ လူမှုတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကို ကာကွယ် စောင့်ရှောက်ပေးဖို့ လိုလားအပ်ပါတယ်။
လူ့အဖွဲ့အစည်းရဲ့ ပဓာနကျတဲ့ လိုအပ်ချက်ဖြစ်တဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းနဲ့
ပိုင်ဆိုင်မှုများ လုံခြုံရေး၊ ပြည်သူ တစ်ဦးချင်းအကြား တန်းတူ တရားမျှတမှု
ရှိရေးတို့ကို ဖြည့်ဆည်းပေးပြီး အားလုံးပါဝင်ခွင့် ရှိတဲ့ ရေရှည်တည်တံ့သော
ဖွံ့ဖြိုးရေးကို ချဉ်းကပ်သင့်ပါကြောင်း တိုက်တွန်း ရေးသားအပ်ပါတယ်။
Aurther Long မြန်မာပြန်သည်။
Credit to – Aurther Long



0 comments:
Post a Comment