မင်းကွန်း မင်းဧကရီအိမ်တွင်းလက်မှုလုပ်ငန်းမှ ကော်ဖီမစ်အိတ်ခွံဖြင့် ရက်လုပ်သော ဖျာ

စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုဒေသပုထိုးတော်ကြီး
စူပါကော်ဖီမစ်အိတ်ခွံ ၁ဝ၁ဝ၄ ခွံကိုစု ဆောင်း၍ ဒီဇင်ဘာလမှ စတင်ရက်လုပ်ရာ အလျားခြောက်ပေ၊ အနံသုံးပေရှိ ချိတ်ဒီဇိုင်း ဖျာကို ပစ္စည်းစုဆောင်းမှုအပါအဝင် ငါးလ ကြာ ရက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်မအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ပြသချင်လို့ စွန့်ပစ်ကော်ဖီမစ် အိတ်ခွံတွေကို စုဆောင်းပြီး လက်ကိုင်အိတ်၊ ရေဘူးအိတ်၊ လွယ်အိတ်၊ ဆလင်းဘက်အိတ်၊ ဦးထုပ်တွေ ရက်လုပ်ရောင်းချခဲ့ပါတယ်။ ရေ သန့်ဘူးခွံများကိုလဲ ပန်းအိုး၊ ပန်းစိုက်ခြင်းတွေ ရက်လုပ်ခဲ့ဖူးပါတယ်။ အခုရက်လုပ်တဲ့ စူပါ ကော်ဖီမစ်အိတ်ခွံဖျာက ဒုတိယမြောက် ဖျာ ပါ။
ပထမဆုံးကော်ဖီမစ်အိတ်ခွံဖျာ
ဒုတိယမြောက် ရက်လုပ်ပြီးစီးသည့် စူပါ ကော်ဖီမစ်အိတ်ခွံဖျာကို မန္တလေးမြို့ရှိမိတ်ဆွေ တစ်ဦး၏မှာကြားချက်အရ ရက်လုပ်ခဲ့ရာ ပထမ ပြီးစီးသွားသည့် ကော်ဖီမစ်အိတ်ခွံတံဆိပ်မျို
အဆိုပါဖျာကို ရန်ကုန်မြို့ရှိ စူပါကော်ဖီ မစ်ကုမ္ပဏီသို့ မန္တလေးမိတ်ဆွေမှ တစ်ဆင့် ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group
0 comments:
Post a Comment