စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 3 May 2014

ဂျပန်ကားများ ကျပ်သိန်း ၇ဝ ဝန်းကျင်ဖြင့် ဝန်ကြီးဌာနတံဆိပ်တပ်ရောင်းရန် သေချာပြီ

ဂျပန်ကားများ ကျပ်သိန်း ၇ဝ ဝန်းကျင်ဖြင့် ဝန်ကြီးဌာနတံဆိပ်တပ်ရောင်းရန် သေချာပြီ

ဝန်ကြီးဌာနတံဆိပ်ဖြင့်ရောင်းမည့် သိန်း ၇ဝ ဝန်းကျင်ခန့်ရှိကားမှာ ဂျပန်ကားများဖြစ်သည်ဟု စက်မှုဝန်ကြီးဌာနမှ သိရသည်။” ကုမ္ပဏီတွေလာပြတဲ့ကား အမျိုးအစားနှစ်မျိုး ထဲက တစ်မျိုးကိုရွေးလိုက်တာပါ။ တရုတ်ကတော့ ကွာလတီအပြင် ဈေးပါကြီးတဲ့အတွက် ဂျပန်ကား ကိုပဲ ရွေးဖြစ်တာပါ”ဟု စက်မှုဝန်ကြီးဌာနမှ အရာရှိ တစ် ဦးက ပြောသည်။
အဆိုပါ ဂျပန်ကားများကိုလာမည့်ဇွန်နှင့်ဇူလိုင်လအတွင်း ထုတ်လုပ်ရောင်း ချရန် မျှော်မှန်းထားကြောင်း၊ မကြာခင်ကာလတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း ထုတ်လုပ် မည့် ဂျပန် ကားကုမ္ပဏီကို စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ”နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်နိုင်ဖို့ စီးပွားရေးကော်မတီရုံးကို စာတင်ထားပါတယ်။ ခွင့်ပြု ချက်ကျတာနဲ့ ချက် ချင်း လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆက်ပြောသည်။
ကားများထုတ်လုပ်သည့်အပိုင်းတွင် ဝန်ကြီးဌာနအနေဖြင့် စက်အင်ဂျင်ပိုင်းများကို တာဝန်ယူသွားမည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီအနေဖြင့် ကားဘော်ဒီနှင့် အခြားလိုအပ် သည် များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်အင်ဂျင်ပိုင်းကို လုပ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ ဂျပန်အမျိုးအစား ကားဖြစ်သော်လည်း ဝန်ကြီးဌာန အနေဖြင့် ကျပ်သိန်း ၇ဝ ဝန်းကျင်ခန့် ရောင်းနိုင်အောင် အတတ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီမှ လာရောက်ပြသသည့် ကားသုံး မျိုးအနက်မှ တစ်မျိုးကို ရွေးချယ်ထုတ်လုပ်ရောင်း ပေးသွားမည်ဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းထုတ် လုပ်ရောင်းချသော်လည်း ဝန်ကြီးဌာနမှ တာဝန်ယူလုပ်ကိုင် သည့်အတွက် ဝန်ကြီးဌာနတံဆိပ်ဖြင့်သာ ရောင်းမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ထပ်မံအတည်ပြု ပြောသည်။စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာမီနီမော်တော်ကားများကို ဝန်ကြီးဌာနတံဆိပ်ဖြင့် ရောင်းချခဲ့ဖူးပြီး လက်ကျန်ကားမရှိအောင် ဈေးကွက်တွင် ရောင်းပေးနိုင်ခဲ့ကြောင်း ယင်းဌာနမှ သိရသည်။
အောင်ဇော်
(ပေါ်ပြူလာ)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform