မလှိုင်မြို့နယ် ဖျောက်ဆိတ်ကုန်း အုပ်စု ဘီးစပ်ကျေးရွာအနီး ကွင်း အမှတ်(၄၄၄)ရှိ ဦးဝင်းထိန်၏ ယာကွက်အနီး ချုံပုတ်အတွင်း၌ အပုပ်နံ့ထွက်နေသည့် အမျိုးသား အလောင်းတစ်လောင်းကို ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီက တွေ့ရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆည်တိုရဲကင်း စခန်းမှူး ဒုတိယရဲအုပ်အောင်ကိုမင်း သည် စခန်းမှူးတာဝန်ထမ်းဆောင် နေစဉ် အဆိုပါကျေးရွာမှ တာဝန် ရှိသူများက အပုပ်နံ့ထွက်နေသည့် ဂုန်နီအိတ်တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဆည်တိုရဲကင်းစခန်းသို့ သတင်းပေးချက်အရ ရဲအဖွဲ့ က သက်သေများနှင့်အတူ ဖွင့်ဖောက် စစ်ဆေးရာ အသက် ၄ဝ နှစ်ခန့် အမည်မသိ အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိရသည်။
ယူဆရ
အလောင်းကို စစ်ဆေးရာ ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရသည့် အတွက် မလှိုင်ဆေးရုံသို့ ပေးပို့ခဲ့ရာ ဆရာဝန်၏ ရင်ခွဲစစ်ဆေးချက်အရ အလောင်း၏ဦးခေါင်းဝဲဘက်အခြမ်း တွင် ဦးခေါင်းခွံရိုး ကျိုးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လူကိုသတ် ပြီး ပစ်ထားသည်ဟု ယူဆရသော ကြောင့် ဆည်တိုရဲကင်းစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကျော်ကျော်(မလှိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily




0 comments:
Post a Comment