စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, 14 July 2014

မယားစရိတ် ၁ လ ကျပ် ၁၀၀ သတ်မှတ်ချက် ပြင်ပေးမည်

 ၁ လအတွက် ထောက်ပံ့ကြေး ကျပ် ၁၀၀ အောက် ပေးဖို့ပဲ သတ်မှတ်ထားတဲ့ ဇနီးမယားနဲ့ သားသမီးများ ထောက်ပံ့ကြေး ဆိုင်ရာဥပဒေ ပုဒ်မ ၄၈၈ ကို ပြင်ဖို့ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်တယ် လို့  တရားရုံး ချုပ်ရဲ့ တာဝန်ရှိသူ ဦးစိုးညွန့်က ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ မော်လမြိုင်မြို့ နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်ဌေးကြွယ် က ၀င်ငွေ အလုံအလောက် ရှိပါလျက် ကိုယ့်ရဲ့ ဇနီးနဲ့ ကိုယ်တိုင် ရှာဖွေ စားသောက်နိုင်စွမ်းမရှိတဲ့ သားသမီးတွေ ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၈ မှာ သက်ဆိုင်ရာ ခရိုင်တရားသူကြီးက ၁ လကို ကျပ် ၁၀၀ ထက် မပိုတဲ့ ထောက်ပံ့ကြေး ပေးရမယ်လို့ အမိန့်ချမှတ်နိုင်တဲ့အကြောင်း၊ ဒီ ၁ လ ကျပ် ၁၀၀ ဆိုတာ လက်ဖက်ရည် ၁ ခွက်စာတောင် မရှိတဲ့အတွက် အဓိပ္ပာယ် မဲ့နေတဲ့အကြောင်း၊ ဒီဥပဒေကို ခေတ်နဲ့ အညီ ပြင်ဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

ဦးစိုးညွန့်ကတော့ ၁၉၈၉ ကတည်းက ပြဋ္ဌာန်းခဲ့ပြီး ခေတ်နဲ့ မလျော်ညီတဲ့ အဲဒီ ဥပဒေကို ပြင်ဖို့ ၂၀၁၂ ကတည်းက ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပေမယ့် ထောက်ပံ့ကြေးငွေကို ဘယ်လောက် သတ်မှတ်ပေးထားတယ် ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

By ဒီဗွီဘီ
http://burmese.dvb.no/archives/60235

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform